Home > Border trade, Economic > မြန်မာနိုင်ငံရှိ နယ်စပ်ဒေသများတွင် ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်အသစ်များ၌ စက်ရုံများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစနစ်များ ပြည့်စုံမှသာ တည်ဆောက်ခွင့်ပြုမည်

မြန်မာနိုင်ငံရှိ နယ်စပ်ဒေသများတွင် ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်အသစ်များ၌ စက်ရုံများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစနစ်များ ပြည့်စုံမှသာ တည်ဆောက်ခွင့်ပြုမည်

Wednesday, 09 November 2011 11:06 (EMG)

မြန်မာနိုင်ငံရှိ နယ်စပ်ဒေသများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စက်မှုဇုန်အသစ်များ ထပ်မံဖော်ထုတ်သွားရန်ရှိကြောင်း သိရသည်။

ထပ်မံဖော်ထုတ်ရန်ရှိသော စက်မှုဇုန်များကို ကရင်ပြည်နယ် ဘားအံမြို့၊ မွန်ပြည်နယ် ဘုရားသုံးဆူမြို့၊ ရှမ်းပြည်နယ် သိန္နီမြို့၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတို့တွင် ဖော်ထုတ်သွားရန်ရှိကြောင်း သိရှိရသည်။

”အဓိကက ၂၀၁၅ မှာ အာဆီယံနိုင်ငံတွေအချင်းချင်း အကောက်ခွန်ကင်းလွတ်စွာ ကုန်သွယ်ခွင့်တွေရလာ မှာဖြစ်ပါတယ်။ အဲဒီအခါမှာ နယ်စပ်ဒေသတွေက စက်မှုကဏ္ဍတွေအတွက် အရေးပါလာမှာပါ။ ဒီအခါ စက်မှုဇုန် တွေ လိုလာမယ်။ စက်မှုလုပ်ငန်းတွေ လိုလာမယ်။ AFTA ကို ကြိုတင်ပြင်ဆင်တဲ့ သဘောလည်းပါတယ်။ အဓိကကတော့ နယ်စပ်ဒေသတွေမှာ စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးလာဖို့ စီစဉ်ရတာဖြစ်ပါတယ်”ဟု စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဓိကက ၂၀၁၅ မှာ အာဆီယံနိုင်ငံတွေအချင်းချင်း အကောက်ခွန်ကင်းလွတ်စွာ ကုန်သွယ်ခွင့်တွေ ရလာမှာဖြစ်ပါတယ်။ အဲဒီအခါမှာ နယ်စပ်ဒေသတွေက စက်မှုကဏ္ဍတွေအတွက် အရေးပါလာမှာပါ။ ဒီအခါ စက်မှုဇုန်တွေ လိုလာမယ်။ စက်မှုလုပ်ငန်းတွေ လိုလာမယ်။ AFTA ကို ကြိုတင်ပြင်ဆင်တဲ့ သဘောလည်း ပါတယ်။

ထို့ပြင် အသစ်ထပ်မံ ဆောက်လုပ်မည့်စက်ရုံများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စနစ်များပြည့်စုံမှသာ ဆောက်လုပ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရှိရသည်။

”ရန်ကုန်တိုင်းဒေသကြီးမှာ  နောက်ထပ်ဆောက်မယ့်စက်ရုံတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်တွေပြည့်စုံမှု ရှိ မရှိကို သေချာစွာ စစ်ဆေးပါမယ်။ အဓိကက ရေဆိုးစွန့်ထုတ်စနစ်မျိုးတွေကို စနစ်တကျ ပြုလုပ်ထားရမှာဖြစ်ပါတယ်။ စက်ရုံနဲ့ပတ် သက်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီ တင်ပြပြီး စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ခွင့်ပြုချက်ရရှိမှ ဆောက်လုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လည်ပတ်နေတဲ့ စက်ရုံတွေကိုလည်း ဒီစနစ်တွေ ရှိ၊ မရှိ စစ်ဆေးမှုတွေပြုလုပ်ပြီး မရှိရင် စက်ရုံလည်ပတ်ခွင့်ကို ရပ်ဆိုင်းမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်၊ ၁၉၉၆ ခုနှစ်များမှ စတင်တည်ထောင်ခဲ့ကြရာ ယခုအချိန်အထိဆိုလျှင် သက်တမ်း ၁၃ နှစ်၊ ၁၄ နှစ်ဝန်းကျင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်၌ မြန်မာတစ်နိုင်ငံလုံးတွင် စက်ရုံပေါင်း ၂၈၈၀၀ ကျော်ရှိခဲ့ရာမှ ယခု အခါစက်ရုံပေါင်း တစ်သိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိစက်မှုဇုန်များတွင် လည်ပတ်နေသော စက်ရုံပေါင်း ၄၃၀၀ ကျော်ရှိပြီး အလုပ်သမားပေါင်း တစ်သိန်းကိုးသောင်း ကျော်ရှိကြောင်း တရားဝင်စာရင်းဇယားများအရ သိရှိရသည်။

Categories: Border trade, Economic
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters