Home > Government, Local > ပင်စင်ခံစား​ခွင့်​ မရ​သေး​သူများ​ ရှိ​နေဆဲ

ပင်စင်ခံစား​ခွင့်​ မရ​သေး​သူများ​ ရှိ​နေဆဲ

Published on November 9, 2011 by မင်းလွင်  ·   (DVB)

နိုင်ငံပိုင် သတင်း​စာ​တွေမှာ အငြိမ်း​စား​ အစိုး​ရအမှုထမ်း​တွေရဲ့​ ပင်စင်လစာကို ၉၁ ရာခိုင်နှုန်း​ ထုတ်ယူပြီး​ခဲ့​ပြီး​လို့​ ​ဖော်ပြထား​ပေမယ့်​ တကယ်လက်​တွေ့​မှာ ကြန့်​ကြာ​နေတာ​တွေ ရှိတယ်လို့​ သိရပါတယ်။

ပင်စင်ဦး​စီး​ ဌာနအ​နေနဲ့​ နိုဝင်ဘာလ ၄ရက်​နေ့​အထိ ပင်စင်စား​ ​လေး​သိန်း​ခွဲ​ကျော်ကို ပင်စင်လစာ ထုတ်ခွင့်​ပြုလိုက်တယ်လို့​ ဒီက​နေ့​ထုတ် မြန်မာအလင်း​နဲ့​ ​ကြေး​မုံသတင်း​စာ​တွေမှာ ပါရှိပါတယ်။ ပင်စင်လစာထုတ်ခွင့်​ ​လျှောက်ထား​သူ ၅ သိန်း​မှာ ၉၁ ရာခိုင်နှုန်း​ ထုတ်ခွင့်​ ရရှိလိုက်တဲ့​ သ​ဘောပါ။

ပင်စာလစာ​ငွေ ထုတ်ယူခွင့်​ မရရှိ​သေး​တဲ့​ အ​ရေအတွက်ဟာ သတင်း​စာ​တွေမှာ ​ဖော်ပြတဲ့​ အ​ရေအတွက်ထက်များ​မယ်လို့​ မြန်မာနိုင်ငံက အငြိမ်း​စား​အစိုး​ရဝန်ထမ်း​တချို့​က ​ပြောပါတယ်။

မ​ကွေး​တိုင်း ​ဒေသကြီး​ စကုမြို့​က အငြိမ်း​စာဝန်ထမ်း​တဦး​က “တချို့​ ပင်စင်မကျ​သေး​ဘဲနဲ့​ ​သေကုန်တာ။ ကျ​နော့်​အ​တွေ့​အကြုံဆိုရင် ကျ​နော်တို့​ ရပ်ကွက်ထဲကကိုပဲ တ​ယောက်​သေသွား​ပြီ။ အဲဒီ​တော့​ ဥပမာဗျာ ပင်စင်အဆက်ပြတ်တဲ့​လူ ကြာတာက​တော့​ ကိစ္စမရှိဘူး​လေ။ ပင်စင်အဆက်မပြတ်ဘဲနဲ့​ လစဉ်ပင်စင်ထုတ်တဲ့​ရက်ကို မှန်မှန်ထုတ်​နေတဲ့​လူကိုပဲ ဒီက​နေ့​အထိ​အောင် မရ​သေး​တဲ့​လူ ကျန်ပါ​သေး​တယ်ဗျာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပင်စင်လစာ ထုတ်​ပေး​တာဟာ ရုံး​အဆင့်​ဆင့်​ကို ဖြတ်သန်း​ဆောင်ရွက်ရတဲ့​အတွက် အချိန်ကြန့်​ကြာတယ်လို့​ မန္တ​လေး​တိုင်း​ဒေသကြီး​ လယ်​ဝေး​မြို့​နယ်က အငြိမ်း​စား​ ပညာ​ရေး​ဝန်ထမ်း​ ဦး​တင်​အေး​က ​ပြောပါတယ်။

“စာတိုက်ကို ပို့​တဲ့​နေရာမှာ ကြန့်​ကြာတယ်ဗျာ​နော်။ သူတို့​ ပြီး​တယ်ဆိုပြီး​တော့​ တကယ်တမ်း​ကျ​တော့​ မပြီး​တာများ​တယ်။ ကျ​နော်တို့​ ရတယ်ဆိုတာ ၉၁ ရာခိုင်နှုန်း​လောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး​။ အလွန်အကျွံရရင် စစ်တပ်​တွေ​တောင် တချို့​ မရကြ​သေး​ဘူး​။ ​နောက်တခုက ပင်စင် အသစ်တိုး​တဲ့​ ပင်စင်​တွေကို လုပ်​နေရလို့​ ဆိုပြီး​တော့​ ​လော​လောဆယ် ပင်စင်ယူ​နေတဲ့​ လူ​တွေကလည်း​ သူတို့​ မရလို့​ ကြာ​နေလို့​တဲ့​ ဟို​နေ့​က​တောင် ကျ​နော့်​ကို မိတ်​ဆွေ တ​ယောက်က ​ပြောတယ်။ သူတို့​ ပင်စင်​တွေက ကြာ​နေပြန်​ရော။ ​လော​လောဆယ်​တော့​ ကျ​နော်တို့​ မြို့​နယ်အ​နေနဲ့​က​တော့​ မရတဲ့​လူက ကျ​နော့်​ စိတ်ထင်​ပေါ့​လေ ၄၀ ရာခိုင်နှုန်း​လောက်​တော့​ ရှိဦး​မယ်။”

ပြည်​ထောင်စု အစိုး​ရသစ်က​နေ ဇွန်လ ၃၀ ရက်​နေ့​မှာ အငြိမ်း​စား​ အစိုး​ရဝန်ထမ်း​တွေရဲ့​ ပင်စင်လစာကို အနည်း​ဆုံး​ ကျပ်နှစ်​သောင်း​က​နေ ကျပ် တသိန်း​ တ​သောင်း​အထိ တိုး​မြှင့်​ပေး​လိုက်တာပါ။

မြန်မာနိုင်ငံမှာ အငြိမ်း​စား​ ပင်စင်လစာ ခံစား​ခွင့်​သူ ရှစ်သိန်း​နဲ့​ နိုင်ငံ​ရေး​ပင်စင်လစာ ခံစား​ခွင့်​ရှိသူ ၄ ​သောင်း​ ​ကျော်ရှိပါတယ်။

Categories: Government, Local
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters