Home > Inside, Oppositon, SNLD > ကြား​ဖြတ်​ရွေး​ကောက်ပွဲ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့ချုပ် ဝင်ပြိုင်မည်မဟုတ်

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့ချုပ် ဝင်ပြိုင်မည်မဟုတ်

Published on November 8, 2011 by နန်းမြနဒီ  ·  (DVB)

ရှမ်း ​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် (အက်စ်အန်အယ်လ်ဒီ) အ​နေနဲ့​ မကြာခင်ကျင်း​ပ​တော့​မယ့်​ ကြား​ဖြတ်​ရွေး​ ​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်ဖို့​လည်း​ အစီစဉ်မရှိ​သေး​ဘူး​လို့​ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

ဓာတ်ပုံ – S.H.A.N

အခုတက်လာတဲ့​ အရပ်သား​အစိုး​ရသစ်က ​ရွေး​ကောက်ပွဲဆိုင်ရာ ဥပ​ဒေတချို့​ကို ပြင်ဆင်လိုက်တာရှိ​ပေမယ့်​လည်း​ ပြီး​ပြည့်​စုံတဲ့​ ပြင်ဆင်မှု​တွေ မရှိ​သေး​တဲ့​အတွက် လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်ဖို့​ အစီအစဉ်မရှိသလို ပါတီ​ခေါင်း​ဆောင်​တွေလည်း​ ​ထောင်တွင်း​ အကျဉ်း​ချခံ​နေရတဲ့​အတွက် ပါတီမှတ်ပုံတင်ဖို့​ အဆင်သင့်​မဖြစ်​သေး​ဘူး​လို့​ ​ပြောပါတယ်။

“အဓိက အချက်က ကျ​နော်တို့​ ဥက္ကဋ္ဌ၊​ အတွင်း​ရေး​မှူး​နဲ့​ တခြား​စီအီး​စီ​တွေကို အကုန်လုံး​ပြန်လွှတ်​ပေး​ပြီး​တော့​မှ သုံး​ပွင့်​ဆိုင်​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ကို ​ဖော်​ဆောင်နိုင်မယ့်​ အ​နေအထား​၊​ ဥပမာ ​ကျောင်း​သား​တွေလည်း​ အကုန်လွှတ်ပြီ။ ​ထောင်ထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​လည်း​ မရှိ​တော့​ဘူး​။ ပြီး​ပြည့်​စုံတာမဟုတ်​တောင်မှ ပြင်သင့်​ပြင်ထိုက်တဲ့​ အ​ခြေခံဥပ​ဒေ​တွေကို ထပ်မံပြီး​တော့​ ပြင်​ပေး​တယ်ဆိုရင်​တော့​ ကျ​နော်တို့​ စဉ်း​စား​မှာပါ။”

ရှမ်း​တိုင်း​ ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉ဝပြည့်​ ​ရွေး​ကောက်ပွဲတုန်း​က တပြည်လုံး​မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ပြီး​ရင် ဒုတိယ အမတ်​နေရာအများ​ဆုံး​ အနိုင်ရခဲ့​တဲ့​ ပါတီတခုဖြစ်ပြီး​ ပါတီဥက္ကဋ္ဌ ဦး​ခွန်ထွန်း​ဦး​၊​ အတွင်း​ရေး​မှူး​ ဦး​စိုင်း​ညွန့်​လွင်နဲ့​ အခြား​အဖွဲ့​ဝင်​တွေဟာ နှစ်ရှည်​ထောင်သွင်း​ အကျဉ်း​ကျခံ​နေရဆဲဖြစ်ပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲမှာ​တော့​ ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေနဲ့​ရွေး​ကောက်ပွဲကို ဆန့်​ကျင်တဲ့​အ​နေနဲ့​ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ခြင်း​မရှိပါဘူး​။

လက်ရှိမြန်မာအစိုး ​ရဟာ ​ထောင်ဒဏ်ကျခံ​နေသူ​တွေ နိုင်ငံ​ရေး​ပါတီဝင် မဖြစ်ရဆိုတဲ့​ ကန့်​သတ်ချက်များ​ပယ်ဖျက်ခြင်း​ အပါအဝင် နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်ခြင်း​ဥပ​ဒေကို ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​မှာ ပြင်ဆင်မှုတချို့​ ပြုလုပ်ခဲ့​ရာ ၂၀၁၀ ​ရွေး​ကောက်ပွဲကို​ကျောခိုင်း​ခဲ့​တဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ မှတ်ပုံတင်​ရေး​ မတင်​ရေး​ကိစ္စ ​ရှေ့​တန်း​ရောက်လာပါတယ်။

အန်အယ်လ်ဒီပါတီ မှတ်ပုံတင်​ရေး​ မတင်​ရေး​ကိစ္စအ​ပေါ်မှာ​တော့​ အက်စ်အန်အယ်လ်ဒီအ​နေနဲ့​ ထင်မြင်ချက်မ​ပေး​လို​ကြောင်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည် အကျယ်ချုပ်က လွတ်​မြောက်လာစတုန်း​က ​ပေး​ခဲ့​တဲ့​ ကတိအတိုင်း​ ​ဆောင်ရွက်လိမ့်​မယ်လို့​ ​မျှော်လင့်​ကြောင်း​ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

“အခုလုပ်မယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်လို့​ အန်အယ်လ်ဒီအ​နေနဲ့​ မှတ်ပုံတင်တယ်။ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်တယ်ဆိုရင်လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်လာစတုန်း​က ပြည်သူအား​လုံး​ကို မိန့်​ကြား​ထား​တဲ့​အတိုင်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အကုန်လုံး​လွတ်​မြောက်ဖို့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ရဖို့​၊​ တရား​ဥပ​ဒေစိုး​မိုး​မှု ရရှိဖို့​၊​ သုံး​ပွင့်​ဆိုင် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ​တွေမှာ တိုင်း​ရင်း​သား​တွေ ပါဝင်လာဖို့​ ဆိုတဲ့​အချက်​တွေကို မ​မေ့​မ​လျော့​ဘဲ ဆက်လက်လုပ်​ဆောင်သွား​လိမ့်​မယ် လုပ်​ဆောင်သွား​စေချင်တယ် ဆိုတာ​လေး​ကို​တော့​ ဖြည့်​စွက်​ပြောကြား​ချင်ပါတယ်။”

Categories: Inside, Oppositon, SNLD
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters