Home > Inside, Interview, Media, Oppositon > ရွေး​ကောက်ပွဲတနှစ်ပြည့်​ပြီး​နောက် မြန်မာပြည်နိုင်ငံ​ရေး​ (စကား​ဝိုင်း​-၁)

ရွေး​ကောက်ပွဲတနှစ်ပြည့်​ပြီး​နောက် မြန်မာပြည်နိုင်ငံ​ရေး​ (စကား​ဝိုင်း​-၁)

Published on November 8, 2011 by နေသွင်  · (DVB)

ရွေး ​ကောက်ပွဲတနှစ်ပြည့်​မြောက်ပြီး​နောက် မြန်မာ့​နိုင်ငံ​ရေး​အ​ခြေအ​နေနဲ့​ ပတ်သက်လို့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ လွှတ်​တော်အမတ်တဦး​လည်း​ဖြစ်၊​ ​လော​လောဆယ် ပြည်သူ့​ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာလည်း​ဖြစ်တဲ့ ဆရာ​မောင်ဝံသ၊​ ဒီဗွီဘီအယ်ဒီတာ ဦး​ခင်​မောင်စိုး​တို့​နဲ့​ စီစဉ်သူ ကို​နေသွင်က ​ဆွေး​နွေး​ထား​ပါတယ်။

ရွေး ​ကောက်ပွဲက​နေ တနှစ်ပြည့်​လာတဲ့​အချိန်မှာ နိုင်ငံ​ရေး​ အဖြစ်အပျက်​တွေ တချို့​အ​ပြောင်း​အလဲဆိုတာကို သ​ဘောတူချင်မှတူမယ်။ ​ရွေး​ကောက်ပွဲအလွန် တနှစ်မှာ နိုင်ငံ​ရေး​အ​ခြေအ​နေက ဘယ်အ​ခြေအ​နေမှာ ရှိ​နေပါသလဲ။

ဒီ ​ဆွေး​နွေး​ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ ဗဟိုအလုပ်အမှု​ဆောင်အဖြစ် တာဝန်ယူခဲ့​ဖူး​တဲ့​ ဆရာ​မောင်ဝံသကို ပထမဆုံး​ ​မေး​ချင်ပါတယ်။ ဒီတနှစ်အတွင်း​မှာ မြန်မာ့​နိုင်ငံ​ရေး​ထဲမှာ သိသာတဲ့​ တိုး​တက်မှုဆိုရင် ဆရာ့​အ​နေနဲ့​ ဘာ​တွေ​ပြောမလဲ။

“မနှစ်က နိုဝင်ဘာလ ၇ ရက်​နေ့​မှာ ၂၀၀၈ အ​ခြေခံဥပ​ဒေကို အ​ခြေခံပြီး​တော့​ ကျင်း​ပတဲ့​ လွှတ်​တော်​ရွေး​ကောက်ပွဲကြီး​ကို ကျင်း​ပခဲ့​တယ်။ အနှစ် ၂၀ တွင်း​မှာ ပထမဆုံး​ ပါတီစုံဒီမိုက​ရေစီ ​ရွေး​ကောက်ပွဲ လုပ်ခဲ့​တယ်လို့​ ​ပြောနိုင်ပါတယ်။ အခုဆိုရင် တနှစ်ပြည့်​သွား​တော့​ ဒီတနှစ်တာကာလအတွင်း​မှာ ပထမ​ရွေး​ကောက်ပွဲ ကျင်း​ပပြီး​တော့​ ထုံး​တမ်း​စဉ်လာအရ ၂ လ​လောက်ဆိုရင် လွှတ်​တော်​တွေ ကျင်း​ပပါတယ်။ နိုင်ငံတကာမှာ​ကော၊​ မြန်မာနိုင်ငံရဲ့​ ပါလီမန်ဒီမိုက​ရေစီ ​ခေတ်မှာ​ကောပဲ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ဆီမှာ ​ရွေး​ကောက်ပွဲ ကျင်း​ပပြီး​တော့​ ၂ လ ကြာ​တော့​လည်း​ လွှတ်​တော်မကျင်း​ပဘူး​၊​ ၃ လကြာလည်း​ မကျင်း​ပဘူး​။ ၄ လ​လောက်ကျမှ ၂၀၁၁ ခုနှစ် မတ်လ​လောက်မှ လွှတ်​တော်ကျင်း​ပပါတယ်။ ကျ​နော်တို့​ ​တော်​တော်စိတ်ပူခဲ့​ပါတယ်။ ဘာလို့​လဲဆို​တော့​ ၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​ကလည်း​ ​ရွေး​ကောက်ပွဲကျင်း​ပပြီး​တော့​ လွှတ်​တော်မ​ပေါ်ခဲ့​ဘူး​။ အဲဒီအချိန်က ကျ​နော်ကိုယ်တိုင်လည်း​ ​ရွေး​ကောက်တင်​မြှောက်ခံရတဲ့​ လွှတ်​တော်အမတ် တ​ယောက်ဖြစ်ပါတယ်။ တချို့​ဆိုရင် လွှတ်​တော်ဆိုတဲ့​ အ​နေအထား​ကို​တောင် မမြင်ဘူး​သလို၊​ မကြား​ဘူး​သလို ဖြစ်ကုန်တယ်။ အဲဒီ​တော့​ ၂၀၁၀ ​ရွေး​ကောက်ပွဲက​နေ ​ပေါ်လာတဲ့​ ​ရွေး​ကောက်ပွဲ ရလဒ်က ၂၀၁၁ ခု မတ်လကျ​တော့​ လွှတ်​တော်​ပေါ်လာတယ်။ ဝမ်း​သာပါတယ်။ ဘာပဲ​ပြော​ပြော နိုင်ငံ​ရေး​ အ​နေအထား​တခု ဖြစ်​ပေါ်လာတယ်လို့​ ​ပြောလာနိုင်တယ်။ မတ်လ ၃၀ ရက်မှာ သမ္မတ ဦး​သိန်း​စိန်က မိန့်​ခွန်း​ပြောတယ်။ အဲဒီမိန့်​ခွန်း​ကလည်း​ အင်မတန်မှ တိုင်း​ပြည်က စိတ်ဝင်စား​ပါတယ်။ ထူး​ထူး​ခြား​ခြား​ ​ပျော့​ပျောင်း​မှုရှိတယ်။ ​စေတနာပါတယ်။ တိုင်း​ပြည်အတွက် ရည်မှန်း​ချက်​တွေ ဖြစ်​စေချင်တဲ့​ ​စေတနာ​တွေ ​ပြောသွား​တယ်လို့​ ကျ​နော်တို့​ ကိုယ်တိုင်လည်း​ အဲလိုသ​ဘော​ပေါက်ပြီး​တော့​ ဝိုင်း​ဝန်း​ကြိုဆိုကြပါတယ်။ မီဒီယာ​တွေကလည်း​ ကြိုဆိုကြတယ်။ နိုင်ငံတကာက ကုလသမဂ္ဂက အစ ကြိုဆိုကြတယ်။ အဲဒီအချိန်မှာ​တော့​ ကျ​နော်တို့​ သုံး​နှုန်း​တာ​တော့​ သတိထား​ပြီး​ ကြိုဆိုကြပါဆိုတဲ့​ သ​ဘောထား​မျိုး​ ရှိပါတယ်။ အဲဒီ​နောက်ပိုင်း​မှာ သမ္မတရဲ့​ မိန့်​ခွန်း​နောက်က​နေ ပါလာတာက စတုတ္ထမဏ္ဍိုင်ဆိုပြီး​ သတင်း​မီဒီယာ​တွေကို ကျ​နော်တို့​ရဲ့​ အခန်း​ကဏ္ဍကို အ​လေး​ထား​ဖို့​၊​ စတုတ္ထမဏ္ဍိုင်ရဲ့​ ​ဝေဖန်​ထောက်ပြတာ​တွေကို ​လေး​လေး​စား​စား​နဲ့​ ​စောင့်​ကြည့်​ပြီး​တော့​ ဒီ​ပေါ်မှာ ပြန်ပြီး​တော့​ အပြုသ​ဘောတုံ့​ပြန်ကြဖို့​၊​ ပြန်လည်ဆန်း​စစ်ဖို့​တွေ ​တွေ့​ရပါတယ်။ ​နောက်တခါ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ပတ်သက်ပြီး​ပြောတယ်။ ဒီမိုက​ရေစီ ကျင့်​စဉ်နဲ့​ပတ်သက်ပြီး​ ​ပြောတယ်။ ဒါမျိုး​တွေဖြစ်​ပေါ်လာတဲ့​အတွက် ပွဲဦး​ထွက် ​ရွေး​ကောက်ပွဲက​နေ ​ပေါ်လာတဲ့​ လွှတ်​တော်​ပေါ်လာတယ်။ လွှတ်​တော်က​နေ ​ပေါ်လာတဲ့​ အစိုး​ရ သမ္မတ အစိုး​ရ​ပေါ့​။ အဲဒီ သူ့​ရဲ့​ ဖြစ်​ပေါ်မှုကို ကျ​နော်တို့​ စိတ်ဝင်စား​စရာ ဖြစ်လာတယ်။ ကျ​နော်တို့​ အား​လုံး​စောင့်​ကြည့်​နေတာ ဖြစ်ပါတယ်။ အဲဒီက​နေ ရက်​ပေါင်း​ တစ်ရာ၊​ ရက်​ပေါင်း​ နှစ်ရာ​ပေါ့​လေ။ ရက်​ပေါင်း​ နှစ်ရာက​နေ သုံး​ရာအတွင်း​ ကျ​နော်တို့​ကိုယ်တိုင်ဆိုရင်လည်း​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ဖြစ်လာနိုင်တဲ့​ အလား​အလာ​တွေ တွက်ဆပြီး​တော့​ ညှိနှိုင်း​ဆွေး​နွေး​ကြပါတယ်။ ကျ​နော်တို့​ ​ရေး​နိုင်တာ ​ရေး​ကြပါတယ်။ အဲလိုအလား​အလာ​တွေ ရှိပါတယ်။

“အဲဒီလို တနှစ်တာ ကာလအတွင်း​ ထူး​ထူး​ခြား​ခြား​ ဖြစ်​ပေါ်တိုး​တက်မှု​တွေ ​ပြောမယ်ဆိုရင်​တော့​ သမ္မတ ဦး​သိန်း​စိန်ရဲ့​ အစိုး​ရက​နေ မြန်မာ့​ဒီမိုက​ရေစီ လှုပ်ရှား​မှု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​တယ်။ ပြည်​ထောင်စု ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​လေး​ကြိမ်​တွေ့​ခဲ့​ပြီး​ပြီ။ ဒါ​တွေကလည်း​ ထူး​ခြား​ပါတယ်။ ဒါတင်မကဘူး​ ကုလသမဂ္ဂရဲ့​ ကိုယ်စား​လှယ်​တွေ၊​ အ​မေရိကန် သမ္မတရဲ့​ အထူး​ကိုယ်စား​လှယ်​တွေ၊​ ဥ​ရောပ သမဂ္ဂတို့​၊​ ဥ​ရောပက မြန်မာ့​မိတ်​ဆွေနိုင်ငံ​တွေ သူတို့​ဆီကလာတယ်။ အဝင်အထွက်​တွေ များ​လာတယ်။ မြန်မာနိုင်ငံနဲ့​ ပတ်သက်တဲ့​ နိုင်ငံ​ရေး​ဖြစ်​ပေါ်မှုမှာ လာပြီး​တော့​ ​လေ့​လာကြတယ်၊​ သုံး​သပ်ကြတယ်၊​ တိုက်တွန်း​ကြတယ်။ အဲဒါမျိုး​တွေ ​တွေ့​ရတယ်။ ​နောက် ပြည်​ထောင်စုအတွင်း​မှာ ဖြစ်​နေတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ဖြစ်ပွား​တဲ့​ကိစ္စ​တွေကိုလည်း​ အတတ်နိုင်ဆုံး​ ညှိနှိုင်း​ဆွေး​နွေး​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ ပြန်လည်ရရှိဖို့​ ကြိုး​စား​နေတာ ​တွေ့​ရတယ်။ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​ဆိုတဲ့​ တိုက်တွန်း​ချက်​တွေ ​တောင်း​ဆိုမှု​တွေကလည်း​ ရှိတယ်။ အဲဒီအ​ပေါ်မှာလည်း​ အထိုက်အ​လျောက် ရာနှုန်း​ပြည့်​မဟုတ်တာ​တောင် ၅၀ ရာခိုင်နှုန်း​လောက် ​ထောက်ခံကြိုဆိုစရာ ဖြစ်တဲ့​အ​နေအထား​မျိုး​လို နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လွှတ်​ပေး​တာမျိုး​ ရှိပါတယ်။ ​လော​လောဆယ် မှတ်တမ်း​မှတ်ရာ မကိုင်ဘဲနဲ့​ ​ပြောလို့​ရသမျှ ဖြစ်​ပေါ်မှု​တွေက​တော့​ ဒီ​လောက်ပါပဲ။”

လွန်ခဲ့ ​တဲ့​ တနှစ်က ​ရွေး​ကောက်ပွဲပြီး​ပြီး​ချင်း​မှာ မြန်မာနိုင်ငံမှာ တချို့​ကလည်း​ အခုဖြစ်ပျက်​နေတဲ့​ အဖြစ်အပျက်​တွေက အရမ်း​မြန်လွန်း​အား​ကြီး​တယ်။ အ​ပြောင်း​အလဲ​တွေက မြန်​နေတယ်လို့​ ​ပြောတယ်။ ဆရာတို့​ အ​ပြောင်း​အလဲ​ပေါ်မှာ ဒီ​လောက်​မျှော်လင့်​ခဲ့​သလား​ဆရာ။ ဆရာနိုင်ငံ​ရေး​ သမား​တ​ယောက်လည်း​ ဖြစ်တယ်။ ဂျာနယ်လစ်တ​ယောက်လည်း​ ဖြစ်တယ်။ မြန်တယ်လို့​ကော ဆရာယူဆပါသလား​။

“​နှေး​တယ်၊​ မြန်တယ်လို့​တော့​ သိပ်အတိအကျ မ​ပြောလိုဘူး​။ ဒါ​ပေမယ့်​ ဖြစ်​ပေါ်မှုကိုကြည်မယ်ဆိုရင် ဒီမိုက​ရေစီ လမ်း​ကြောင်း​ပေါ်ကို သွား​ဖို့​တာဆူ​နေတယ်။ အဲဒီအတွက် ဆုံး​ဖြတ်ထား​တဲ့​ အ​နေအထား​ကို ​တွေ့​ရပါတယ်။ အဲဒီ ဒီမိုက​ရေစီလမ်း​ကြောင်း​ကို သွား​ဖို့​ လမ်း​ကြောင်း​တည့်​ဖို့​ကို အခင်း​အကျင်း​တွေ လုပ်​နေတယ်လို့​ မြင်ပါတယ်။”

ဆရာ​မောင်ဝံသရဲ့​ ​ဆွေး​နွေး​ချက်မှာ ဆရာဦး​ခင်​မောင်စိုး​အ​နေနဲ့​ ဘာ​တွေများ​ ဖြည့်​စွက်​ဆွေး​နွေး​ချင်ပါသလဲ။

“ကျ​နော်တို့​ ကဒီ​လောက်ကို ​ပြောင်း​လဲမှု​တွေ ဖြစ်လာမယ်လို့​ နဂိုကတည်း​က သိပ်မ​မျှော်လင့်​ခဲ့​ဘူး​။ အရင်ပုံစံကို နည်း​နည်း​လေး​ ​ပြောင်း​မယ်ဆိုတာမျိုး​ ကျ​နော်တို့​ကိုယ်တိုင် ​ပြောခဲ့​တာ​တွေ ရှိပါတယ်။ သူတို့​ အရပ်ဝတ်​ပြောင်း​သွား​တယ်လို့​ ကျ​နော်တို့​ အင်တာဗျူး​တခုမှာ အရပ်ဝတ်တဲ့​ အစိုး​ရလို့​ ကျ​နော်သုံး​ခဲ့​ပါတယ်။ အရပ်ဝတ်ထား​တဲ့​ စစ်အစိုး​ရပဲ သွား​လေမလား​လို့​ စိုး​ရိမ်ချက်​တွေ​တော့​ ရှိခဲ့​တယ်။ အဲဒါကလည်း​ ၂၀၀၈ ဖွဲ့​စည်း​ပုံကို ကြည့်​ပြီး​ပြောခဲ့​တာပါ။ ၂၀၀၈ ဖွဲ့​စည်း​ပုံအရ စစ်တပ်က​တော့​ သတ်သတ် သွား​နေတဲ့​ပုံစံရှိတယ်။ အရပ်သား​ အစိုး​ရကလည်း​ စစ်တပ်ရဲ့​ ဩဇာကို သိပ်ခံ​နေတဲ့​ပုံမဟုတ်ဘဲနဲ့​ ဆရာ​မောင်ဝံသ ​ပြောသလို ဒီမိုက​ရေစီ အ​ပြောင်း​အလဲ​တွေ လုပ်နိုင်ဖို့​ခင်း​ကျင်း​တဲ့​ အခင်း​အကျင်း​ တခုကို​တော့​ သူတို့​လုပ်​နေတယ်လို့​ မြင်ရတယ်။ အဲ​တော့​ ထူး​ထူး​ခြား​ခြား​ အဖြစ်အပျက်ဆိုရင် ကျ​နော်တို့​ ဒီမြစ်ဆုံကိစ္စမှာ ပြည်သူလူထုက​နေ မြစ်ဆုံကြီး​ကို ရပ်​ပေး​ပါ။ မြစ်ဆုံကိစ္စက​တော့​ တိုင်း​ပြည်အတွက် နစ်နာမယ်လို့​ ​ပြောလိုက်တဲ့​အခါမှာ သူတို့​ပြည်သူ့​အသံကို နား​ထောင်တဲ့​အ​နေနဲ့​ သမ္မတကပဲ သူတို့​ရဲ့​ သက်တမ်း​ ၅ နှစ်အတွင်း​မှာ ဒါကိုမလုပ်​တော့​ပါဘူး​လို့​ ​ပြောတာပဲ။ ဒါဆိုရင် ပြည်သူ့​ရဲ့​ အသံကို နား​ထောင်လိုက်တယ်လို့​ မြင်ရတယ်။ ဆရာ​မောင်ဝံသ ခုန​ပြောသလို ပြည်သူ့​ခေါင်း​ဆောင်ဖြစ်တဲ့​ အတိုက်အခံရဲ့​ ​ခေါင်း​ဆောင်လည်း​ဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​တယ်။ ကျ​နော်တို့​စိတ်ထဲမှာ အရင်ကထင်ခဲ့​တာက ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ပါတီက​တော့​ ဖျက်သိမ်း​ခံရမှာပဲ။ ​ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ တဖြည်း​ဖြည်း​ မှိန်သွား​အောင် သူတို့​လုပ်မယ်လို့​ ထင်​ပေမယ့်​လို့​ အဲလိုမဟုတ်ဘဲ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သမ္မတကိုယ်တိုင်က ​တွေ့​ဆုံလိုက်တာဟာ ကျ​နော်တို့​ ​တော်​တော်အံ့​ဩရတဲ့​ အဖြစ်အပျက်တခုလို့​ ​ပြောရမယ်။ အဲ​တော့​ အလား​အလာ​တွေကို ကြည့်​မယ်ဆိုရင် ဒီအရှိန်နှုန်း​နဲ့​ ဒီလိုပြုပြင်​ပြောင်း​လဲမှု​တွေနဲ့​ သွား​မယ်ဆိုရင် ကျ​နော်တို့​ ​မျှော်လင့်​ထား​တဲ့​ ၁၀၀ ရာခိုင်နှုန်း​တော့​ မဟုတ်ဘူး​။ ခုန​ပြောသလို မီဒီယာ​တွေ လွတ်လပ်ခွင့်​ဆိုတာ​တော့​ ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲမှုအတွက် အင်မတန်အ​ရေး​ကြီး​တယ်။ ဒါလည်း​ပဲ သူတို့​ဥပ​ဒေ​တွေဘာ​တွေနဲ့​ လုပ်​နေတာဆို​တော့​ အလား​အလာ ကျ​နော်တို့​ ​မျှော်လင့်​သ​လောက် မဖြစ်​ပေမယ့်​ တဖြည်း​ဖြည်း​ လုပ်သာကိုင်သာ အ​နေအထား​တော့​ ရှိသွား​မှာဖြစ်တယ်ဆိုတာကို အခုတနှစ်အတွင်း​မှာကို ဒါက ​ကောင်း​တဲ့​အလား​အလာ​တွေ မြင်​နေရတယ်။ ဒီအတိုင်း​ပဲ ဆက်သွား​မလား​ ဆက်မသွား​ဘူး​လား​ဆိုတာလည်း​ ဆက်သွား​မယ်ဆိုတဲ့​ ဘက်ကို ကျ​နော်တို့​ နည်းနည်းပိုယုံကြည်ချင်တယ်။”

အဲ ​တော့​ ဆရာက ဆက်သွား​မလား​၊​ ဆက်မသွား​ဘူး​လား​ဆိုတာ နှစ်ဖက်ဖြစ်​နေတယ်။ ဆက်မသွား​နိုင်​လောက်တဲ့​ အ​ခြေအ​နေ​တွေ ဆရာစဉ်း​စား​မိတာ ရှိလား​။

“ဆက်မသွား​ နိုင်ဘူး​ဆိုတာက ကျ​နော်တို့​ သတင်း​တွေထွက်​နေတာက ဥပမာ တင်း​မာတဲ့​ အဖွဲ့​တွေ၊​ တင်း​မာတဲ့​လူ​တွေကလည်း​ ရှိ​နေ​သေး​တယ်လို့​ ကျ​နော်တို့​က သုံး​သပ်တာ။ ​နောက်တခါ ​ပျော့​ပျောင်း​တယ်ဆိုတဲ့​ လူ​တွေကလည်း​ အခု​လော​လောဆယ် ​ဒေါ်​အောင်ဆန်း​စုကြည်နား​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အလုပ်တွဲလုပ်နိုင်ဖို့​အတွက် နီး​နီး​စပ်စပ် ရှိ​နေတဲ့​သူ​တွေက​တော့​ ဒါ​ပျော့​ပျောင်း​တယ်ဆိုတာမျိုး​ကို မြင်​နေရတယ်။ ကျ​နော်တို့​သိရသ​လောက် ​ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ မာ​ကျောတယ်တို့​၊​ ​ပျော့​ပျောင်း​တယ်တို့​ သူမသုံး​ဘဲနဲ့​ အလယ်အလတ်ကျတယ်ဆိုတဲ့​ အသုံး​မျိုး​လေး​ပေါ့​။ အလယ်အလတ်ကျတယ်ဆိုတဲ့​ သူ​တွေလည်း​ ​တွေ့​နေရတယ်ဆို​တော့​ အဲဒီအစု​တွေက​နေပြီး​တော့​ ​လော​လောဆယ်မှာ ​နေရာရ​နေတယ်။ ပိုပြီး​တော့​လည်း​ ပူး​တွဲလုပ်​နေတာ​တွေ့​ရတယ်။ ​နောက်စစ်တပ်က သိသိသာသာ ဝင်​ရောက်စွက်ဖက်တယ်ဆိုတဲ့​ ပုံစံမျိုး​ ကျ​နော်တို့​ မ​တွေ့​ရဘူး​ဆို​တော့​ ကျ​နော်က ဒီအ​ပြောင်း​အလဲတခုက ​ရှေ့​ဆက်သွား​မယ်လို့​ ယုံကြည်တယ်။”

ဆရာ ​မောင်ဝံသက အထဲမှာလည်း​ ​နေ​နေပြီး​ မြန်မာ့​နိုင်ငံ​ရေး​မှာလည်း​ အကြာကြီး​ဖြတ်ဖူး​တော့​ ဆရာ့​ကို ​မေး​ချင်တာက အခုလက်ရှိ ဖြစ်ပျက်​နေတဲ့​ အဖြစ်အပျက်​တွေ အ​ပြောင်း​အလဲ​တွေက ​ရေရှည်ခံတဲ့​ အ​ပြောင်း​အလဲ​တွေလား​။ ​နောက်ပြန်မလှည့်​တဲ့​ အ​ပြောင်း​အလဲ​တွေဖြစ်​အောင် နိုင်ငံ​ရေး​ အင်အား​စု​တွေအ​နေနဲ့​ ဘယ်လိုချဉ်း​ကပ်မှုကို လုပ်သင့်​တယ်လို့​ ယူဆပါသလဲ။ ဥပမာ လွှတ်​တော်ပြင်ပအုပ်စု​တွေရှိမယ်။ တိုင်း​ရင်း​သား​အုပ်စု​တွေ ရှိမယ်။

“ချဉ်း​ ကပ်မှုဆိုတာမှာ အစိုး​ရက​နေ ဒီမိုက​ရေစီ နိုင်ငံ​ရေး​ပါတီ​တွေ အ​ပေါ်မှာ ချဉ်း​ကပ်မှု၊​ ​နောက်တခါ ဒီမိုက​ရေစီ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ တိုင်း​ရင်း​သား​ အဖွဲ့​အစည်း​တွေက​နေ အစိုး​ရအ​ပေါ်မှာ ချဉ်း​ကပ်မှု။ အဲလို နှစ်ဖက်ရှိမယ်။ အဲ​တော့​ သမ္မတကြီး​ ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အစိုး​ရဘက်က ချဉ်း​ကပ်မှုမှာ​တော့​ သမ္မတကြီး​ရဲ့​ မိန့်​ခွန်း​မှာလည်း​ ပါတယ်။ တိုင်း​ပြည်ရဲ့​ အရှိတရား​တွေကို ​ပြောသွား​တယ်။ လက်ခံတယ်ဆိုတာကို ​ပြောသွား​တယ်။ ဥပမာ ကျ​နော်တို့​ တိုင်း​ပြည်က အရင်တုန်း​က ကိုယ့်​နောက်က တိုင်း​ပြည်​တွေထက် ​ခေတ်​နောက်ကျပြီး​တော့​ ကိုယ်က အ​နောက်ကို ပြန်​ရောက်​နေတယ်။ ကျ​နော်တို့​ တိုင်း​ပြည်က ဆင်း​ရဲနွမ်း​ပါး​နေတယ်။ ဒီလိုအ​နေအထား​တွေကို သူကိုယ်တိုင်ရဲ့​ မိန့်​ခွန်း​ထဲမှာ ထုတ်​ဖော်​ပြောသွား​တယ်။ အဲဒီ​တော့​ ဒါက အရှိတရား​တခုပဲ။ ကျ​နော်တို့​ တိုင်း​ပြည်က ချမ်း​သာတဲ့​တိုင်း​ပြည်မဟုတ်ဘူး​။ ဆင်း​ရဲနွမ်း​ပါး​တဲ့​ တိုင်း​ပြည်ဖြစ်တယ်။ ​အောက်တမ်း​နောက်တမ်း​ ကျ​နေတဲ့​ တိုင်း​ပြည်ဖြစ်တယ်ဆိုတာ ဒါက အရှိတရား​အ​နေနဲ့​ သူလက်ခံတယ်။ ​နောက်တခါ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​ဆွေး​နွေး​ချင်း​အား​ဖြင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်က ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​ခေါင်း​ဆောင်၊​ အဲဒီ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အ​ရေး​ပါမှုကို ဒီမိုက​ရေစီ ​ခေါင်း​ဆောင်တ​ယောက်အ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကမ္ဘာက အသိအမှတ်ပြုထား​တယ်။ ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆုကို ရထား​တယ်။ ​နောက်တခါ သူကိုယ်တိုင်က အင်မတန်မှ ပြည်သူလူထုရဲ့​ ​ထောက်ခံမှုရထား​တဲ့​ ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တယ်ဆိုတဲ့​ အရှိတရား​ပေါ့​။ အဲဒီအရှိတရား​ကိုလည်း​ လက်ရှိအစိုး​ရက အသိအမှတ်ပြုတယ်ဆိုတဲ့​ သ​ဘောရှိတယ်။ အသိအမှတ်ပြုတယ်ဆိုတာက ​ဒေါ်​အောင်ဆန်း​စုကြည်ကို အစိုး​ရကိုယ်စား​လှယ်ဖြစ်တဲ့​ ပြည်​ထောင်စုဝန်ကြီး​ကလည်း​ ​တွေ့​ဆုံတယ်။ နိုင်ငံ​တော်သမ္မတကိုယ်တိုင်ကလည်း​ ​တွေ့​ဆုံတယ်။ ​ဆွေး​နွေး​တယ်။ ပြီး​တော့​ ပူး​ပေါင်း​ပြီး​တော့​ အပြုသ​ဘော ​ဆောင်ရွက်သွား​ကြမယ်။ တိုင်း​သူပြည်သား​တွေ ကိုယ်စိတ်နှဖြာ ချမ်း​သာ​အောင် ​ဆောင်ရွက်သွား​ကြမယ်လို့​ ဒီလိုစကား​မျိုး​ ​ပြောတာက အရှိတရား​ကို လက်ခံလို့​ပြောသွား​တာ။ ​နောက်တခါ မကြာ​သေး​ခင်ကဘဲ အမျိုး​သား​လွှတ်​တော် နာယကကြီး​ ဦး​ခင်​အောင်မြင့်​က ဂျာနယ်တ​စောင်နဲ့​ အင်တာဗျူး​မှာ ၁၉၉၀ ​ရွေး​ကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါတယ်လို့​ ​ပြောတယ်။ အဲဒီ​တော့​ ဒါကလည်း​ အရှိတရား​ပဲ။ ဒီစကား​၊​ ဒီဖြစ်ရပ်​တွေ မတိုင်ခင်က အင်မတန်မှ စိတ်မချမ်း​မသာဖြစ်ရတယ်။ ဘာလို့​လဲဆို​တော့​ ၁၉၉၀ ​ရွေး​ကောက်ပွဲဆိုတာ တကယ်ရှိခဲ့​တယ်။ အဲဒီမှာ အနိုင်ရခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကြီး​ကလည်း​ ရှိခဲ့​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည် ဆိုတာရှိတယ်။ အဲဒါ​တွေကို မျက်ကွယ်ပြုပြီး​တော့​ ဒါ​တွေအ​ပေါ်မှာ လုံး​ဝထည့်​မစဉ်း​စား​ပဲ အမျိုး​သား​စည်း​လုံး​ ညီညွတ်​ရေး​အတွက် ဒါကလိုအပ်ချက်ဖြစ်တယ်ဆိုတာကို ထည့်​မစဉ်း​စား​ဘဲနဲ့​ ကျင့်​သုံး​ခဲ့​တဲ့​ အ​နေအထား​တွေ အများ​ကြီး​ရှိခဲ့​တယ်။ အဲဒီက​နေ ​ပြောင်း​လဲပြီး​တော့​ သူတို့​အရှိတရား​တွေ လက်ခံလာတယ်။ တိုင်း​ပြည်ရဲ့​ ပကတိ ရှိ​နေတဲ့​ အရှိတရား​ကို ခုနက ကျ​နော်တင်ပြခဲ့​သလို တိုင်း​ပြည်က ဆင်း​ရဲနွမ်း​ပါး​နေတယ်။ အများ​ကြီး​ ​အောက်ကျ​နောက်ကျ ဖြစ်​နေတယ်။ ဒီအရှိတရား​ကိုလည်း​ လက်ခံတယ်။ အဲ​တော့​ ဒီအ​ပေါ်မှာ လက်ခံပြီ၊​ သ​ဘော​ပေါက်​နေပြီဆိုရင် ဘာဆက်လုပ်သင့်​တယ်ဆိုတာကို အစိုး​ရဘက်က ဆုံး​ဖြတ်ပြီး​တော့​ သူတို့​ဘက်က ချဉ်း​ကပ်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​ဆွေး​နွေး​တယ်။ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​ ​ဆွေး​နွေး​တယ်။ စစ်မက်ဖြစ်​နေတာ​တွေကို ရပ်တန့်​အောင်ကြိုး​စား​တယ်။ ဒါမျိုး​တွေ​တွေ့​ရတယ်။

“တဖက်က ကျ​နော်တို့​ကြည့်​ရင် နိုင်ငံ​ရေး​ အင်အား​စု​တွေဘက်က ဆိုရင် နှစ်ပိုင်း​ပေါ့​။ ပထမတပိုင်း​က ၂၀၁၀ ​ရွေး​ကောက်ပွဲကို ယုံကြည်သည်ဖြစ်​စေ၊​ မယုံကြည်သည်ဖြစ်​စေ၊​ ​ရွေး​ကောက်ပွဲ ရှိတဲ့​အတွက် ​ရွေး​ကောက်ပွဲကို ဝင်သင့်​တယ်လို့​ ဆုံး​ဖြတ်တဲ့​ ဒီမိုက​ရေစီ နိုင်ငံ​ရေး​ပါတီ​တွေ ရှိတယ်။ သူတို့​ဘက်ကဆိုရင် ​ရွေး​ကောက်ပွဲကို ဝင်မယ်။ လွှတ်​တော်ထဲကို ဝင်မယ်။ ပြီး​တော့​မှ လွှတ်​တော်ထဲက စကား​ပြောကြမယ်။ ​နောက် ဥပ​ဒေပြင်စရာရှိတာကို ပြင်မယ်ဆိုပြီး​တော့​ ယူဆပြီး​ ဝင်ကြတယ်။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ၂၀၀၈ အ​ခြေခံ ဥပ​ဒေကို လက်မခံနိုင်လို့​ ​ရွေး​ကောက်ပွဲကို လက်မခံနိုင်ဘူး​။ ဒါ​ကြောင့်​ မဝင်ဘဲ​နေခဲ့​တယ်။ ဒါ​ကြောင့်​ နိုင်ငံ​ရေး​အင်အား​စု​တွေထဲမှာပဲ နှစ်ပိုင်း​ပေါ့​။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်တင်မက ရှမ်း​အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် စတဲ့​ ၉၀ ​ရွေး​ကောက်ပွဲမှာ အဓိက အနိုင်ရတဲ့​ ပါတီ​တွေက ၂၀၁၀ ​ရွေး​ကောက်ပွဲကို မျက်ကွယ်ပြုခဲ့​တာ။ အဲလိုအ​နေအထား​က​နေပြီး​တော့​ အခုဆိုရင် မကြာခင်ရက်ပိုင်း​အတွင်း​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပါတီမှတ်ပုံတင် ဥပ​ဒေ ​ကျေနပ်​လောက်တဲ့​ထိ ပြုပြင်မယ်၊​ ပြင်ဆင်မယ်ဆိုရင် စဉ်း​စား​မယ်ဆိုပြီး​တော့​ ​ပြောတဲ့​အ​နေအထား​ရှိလာတယ်။ ပါတီမှတ်ပုံတင်မယ့်​ အလား​အလာရှိလာပြီ။ မှတ်ပုံတင်ပြီး​ရင်​တော့​ မှတ်ပုံတင်ပြီး​တဲ့​ ပါတီတရပ်အ​နေနဲ့​ သူ့​မှာ လူထုစည်း​ရုံး​ရေး​ လုပ်မယ်။ တချိန်တည်း​မှာပဲ ​ပေါ်လာတဲ့​ရွေး​ကောက်ပွဲမှာ ဝင်ဖို့​ပဲ ရှိပါတယ်။ ပါတီမှတ်ပုံတင်ပြီး​ ​ရွေး​ကောက်ပွဲ မဝင်ရင်​တော့​ နည်း​နည်း​ ထူး​ဆန်း​တာ​ပေါ့​။ အဲလို​တော့​ မဖြစ်ဘူး​လို့​ ထင်ပါတယ်။ သူ့​ဘက်ကလည်း​ ပြန်ချဉ်း​ကပ်မှုက ဒီသွား​နေတဲ့​ နိုင်ငံ​ရေး​ရဲ့​ လမ်း​ကြောင်း​ကြီး​ထဲမှာ ဝင်လှုပ်ရှား​မယ်ဆိုတဲ့​ အ​နေအထား​မျိုး​ ​တွေ့​ရပါတယ်။”

အပိုင်း​ (၂) မှာ​တော့​ အန်အယ်လ်ဒီက ​ရွေး​ကောက်ပွဲဝင်​ရေး​မဝင်​ရေး​၊​ မြန်မာပြည်နိုင်ငံ​ရေး​ရဲ့​ စိုး​ရိမ်ချက်​တွေအ​ပေါ် ​ဆွေး​နွေး​ထား​ပါတယ်။

Categories: Inside, Interview, Media, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters