Home > Inside, Interview, Media > ရွေး​ကောက်ပွဲတနှစ်ပြည့်​ပြီး​နောက် မြန်မာပြည်နိုင်ငံ​ရေး​ (စကား​ဝိုင်း​ ၂)

ရွေး​ကောက်ပွဲတနှစ်ပြည့်​ပြီး​နောက် မြန်မာပြည်နိုင်ငံ​ရေး​ (စကား​ဝိုင်း​ ၂)

Published on November 9, 2011 by နေသွင်  ·  (DVB)

ရွေး ​ကောက်ပွဲတနှစ်ပြည့်​ အစီအစဉ် ပထမပိုင်း​မှာ တနှစ်အတွင်း​ မြန်မာပြည်နိုင်ငံ​ရေး​ ဖြစ်​ပေါ်တိုး​တက်မှု​တွေအ​ကြောင်း​ ​ဆွေး​နွေး​ခဲ့​ပြီး​ ဒုတိယပိုင်း​မှာ​တော့​ အန်အယ်လ်ဒီက ​ရွေး​ကောက်ပွဲဝင်​ရေး​မဝင်​ရေး​၊​ မြန်မာပြည်နိုင်ငံ​ရေး​ရဲ့​ စိုး​ရိမ်ချက်​တွေအ​ပေါ် ​ဆွေး​နွေး​ထား​ပါတယ်။

၁၉၉၀ ​ရွေး​ကောက်ပွဲ အနိုင်ရလွှတ်​တော်ကိုယ်စား​လှယ်လည်း​ဖြစ်၊​ ပြည်သူ့​ခေတ်ဂျာနယ်ရဲ့​ အတိုင်ပင်ခံအယ်ဒီတာ ဆရာ​မောင်ဝံသ၊​ ဒီဗွီဘီအယ်ဒီတာ ဦး​ခင်​မောင်စိုး​တို့​က စီစဉ်သူ ကို​နေသွင်နဲ့​ အတူ ​ဆွေး​နွေး​ထား​ကြပါတယ်။

ဆရာ ဦး​ခင်​မောင်စိုး​ကို ​မေး​ချင်တာက အန်အယ်လ်ဒီနဲ့​ ပတ်သက်ပြီး​ရင် ​တော်​တော်များ​များ​ ​ပြောကြတာက အန်အယ်လ်ဒီက တိုက်ပွဲထဲက ​ပေါ်လာတဲ့​ပါတီ​ပေါ့​။ တိုက်ပွဲလမ်း​ကြောင်း​ကို အမြဲတမ်း​တောက်​လျှောက် ​ရွေး​ခဲ့​တယ်။ ​နောက်ပြီး​တော့​ စိတ်ဓာတ်​ရေး​ရာအရ အမြဲတမ်း​ အမှန်တရား​နဲ့​ ဘယ်​တော့​မှ အမှား​ဆိုတာကို ဘာမှလက်သင့်​မခံဘဲ ​နေခဲ့​တာမျိုး​၊​ အခု အန်အယ်လ်ဒီက ဆရာ​ဆွေး​နွေး​ခဲ့​သလို ​ရွေး​ကောက်ပွဲဝင်​ရေး​ မဝင်​ရေး​ ဆိုတာမျိုး​လည်း​ ​ဆွေး​နွေး​လာတဲ့​အပိုင်း​လည်း​ ရှိတယ်။ ဆို​တော့​ ဝင်​ရေး​မဝင်​ရေး​ အပိုင်း​မှာ ခုနလို ဒီလိုမျိုး​ သမိုင်း​ကြောင်း​ ရှိခဲ့​တဲ့​ ပါတီတရပ်၊​ ​နောက် ၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ ပါတီတရပ် ဆိုတဲ့​ဟာက အန်အယ်လ်ဒီ ​ထောက်ခံသူ​တွေကြား​ထဲမှာ၊​ ပါတီဝင်​တွေကြား​ထဲမှာ ဘယ်လိုမျိုး​ စဉ်း​စား​ချက်​တွေ၊​ ဘယ်လိုမျိုး​ ဂယက်​တွေဖြစ်လာမလဲ။

“တချို့​က ၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲ အနိုင်ရခဲ့​တယ်။ အနိုင်ရပြီး​တော့​ အာဏာလွှဲဖို့​ အဆင့်​ထိသာ စိတ်ကူး​ခဲ့​တာ​တွေရှိမယ်။ တကယ်လည်း​ အာဏာမလွှဲခဲ့​ဘူး​။ ​နောက် ၉၀ ပြည့်​နှစ်နဲ့​ ပတ်သက်လာရင် လက်ရှိ အစိုး​ရတာဝန်ရှိသူ အပိုင်း​က​နေ အသိအမှတ်ပြုတယ်ဆိုတာ ဟိုတ​နေ့​က ဦး​ခင်​အောင်မြင့်​ပြောကြား​တာ ပထမဆုံး​ ဖြစ်မယ်လို့​ထင်တယ်။ ဘာလို့​လဲဆို​တော့​ ​ရှေ့​ပိုင်း​မှာ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေတို့​ မိန့်​ခွန်း​တွေ အကုန်လုံး​ပြန်ကြည့်​တဲ့​အခါမှာ ၈၈ လူထုအ​ရေး​အခင်း​ဖြစ်တယ်။ အုံကြွမှုဖြစ်တယ်ဆိုတဲ့​ မ​ကောင်း​တဲ့​အမြင်တခုပဲ သူတို့​ဖော်ပြပြီး​တော့​ အဲဒီ​နောက်ပိုင်း​မှာ ဆက်တွဲပြီး​ပေါ်လာတဲ့​ ပါတီစုံတို့​၊​ ၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲတို့​၊​ အဲဒီက​နေ ဖြစ်​ပေါ်လာတဲ့​ရလဒ်တို့​ အန်အယ်လ်ဒီပါတီရဲ့​ ​အောင်ပွဲတို့​၊​ ဘယ်​တော့​မှထည့်​မ​ပြောခဲ့​ဘူး​။ အဲဒီဟာက ရှင်း​ရှင်း​ပြောရင်​တော့​ သူတို့​အ​ကြောက်ဆုံး​ ဖြစ်မယ်လို့​ထင်တယ်။ ဒီကိစ္စကြီး​ကို ထုတ်​ပြောရမယ်ဆိုရင် ဒါက သမိုင်း​နဲ့​ချီပြီး​တော့​ ဘယ်​တော့​မှမဆုံး​နိုင်တဲ့​ ရန်ပွဲကြီး​လည်း​ဖြစ်မယ်။ အဲ​တော့​ အခုအ​ခြေအ​နေမှာ အန်အယ်လ်ဒီအ​နေနဲ့​က လက်​တွေ့​လုပ်နိုင်တာကို ပြန်စဉ်း​စား​မယ်ဆိုရင်​တော့​ အာဏာလွှဲဖို့​ကိစ္စဆိုတာ​တော့​ ဒါ​တော့​မဖြစ်နိုင်​တော့​ဘူး​။ တဖက်နဲ့​ပြန်ပြီး​တော့​ ​ဆွေး​နွေး​ညှိနှိုင်း​ဖို့​ မရနိုင်တဲ့​ကိစ္စ။ အဲ​တော့​ ​ဆွေး​နွေး​ညှိနှိုင်း​လို့​ ရတဲ့​ကိစ္စ​လေး​၊​ ဥပမာ ၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲကို တစုံတခု အသိအမှတ်ပြု ​ပေး​တယ်ဆိုတာမျိုး​။ ဒါက ကျ​နော်တို့​ အသိအမှတ်ပြုခဲ့​တယ်။ အဲဒီက​နေတဆင့်​ ရလဒ်က​တော့​ အစိုး​ရဘက်က​ပြော​တော့​ အာဏာလွှဲဖို့​မပါဘူး​။ ဖွဲ့​စည်း​ပုံ​ရေး​ဆွဲဖို့​ပဲ စသည်ဖြင့်​ပေါ့​လေ။ အဲ့​လိုအငြင်း​ပွား​စရာ​တော့​ ရှိတယ်။ ဘာပဲ​ပြော​ပြော လက်ရှိအ​နေအထား​အရ အန်အယ်လ်ဒီပါတီအ​နေနဲ့​ ဘာလုပ်နိုင်မလဲဆိုတဲ့​ ​ရွေး​ချယ်မှုအ​နေနဲ့​ဆိုရင်​တော့​ အဲဒီလို ပါတီအ​ပေါ်မှာ အစိုး​ရဘက်ကလည်း​ ​ပျော့​ပျော့​ပျောင်း​ပျောင်း​နဲ့​ ချဉ်း​ကပ်လာမယ်ဆိုရင် ကျ​နော်တို့​ အန်အယ်လ်ဒီပါတီရဲ့​ အ​ပေါ်မှာ သ​ဘောထား​ပျော့​ပျော့​ပျောင်း​ပျောင်း​နဲ့​ သူတို့​ပြင်စရာရှိတာ ပြင်တာမျိုး​ပေါ့​။ အန်အယ်လ်ဒီဘက်ကလည်း​ အာဏာလွှဲ​ပေး​ရမယ်တို့​ ၉၀ ပြည့်​နှစ် ရလဒ်အတိုင်း​ပဲ ဆက်လက်ပြီး​တော့​ အ​ကောင်အထည်​ဖော်ရမယ်တို့​ဆိုတဲ့​ ဟာမျိုး​တွေနဲ့​ တင်း​မာ​နေတာမျိုး​ မရှိဘဲနဲ့​ တဖက်နဲ့​တဖက် ညှိနှိုင်း​ပြီး​ တဖက်က အသိအမှတ်ပြုမယ်။ တဖက်ကလည်း​ ဘာ​လျှော့​ပေး​နိုင်မလဲ​ပေါ့​။

“အန်အယ်လ်ဒီပါတီကြီး ​က ဆရာ​မောင်ဝံသ ​ပြောသလို မှတ်ပုံတင်ခွင့်​တော့​ပေး​မယ်။ ​ရွေး​ကောက်ပွဲဝင်မရဘူး​၊​ ကန့်​သတ်တာ​တွေ ရှိ​နေဦး​မယ်ဆိုတာမျိုး​လည်း​ သူတို့​ဘက်မှာ မရှိသင့်​တော့​ဘူး​။ အန်အယ်လ်ဒီဘက်က မှတ်ပုံတင်ပြီဆိုရင်လည်း​ ​ရွေး​ကောက်ပွဲဝင်သာတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​က အစ ​ရွေး​ကောက်ပွဲဝင်နိုင်တဲ့​ တချို့​ကန့်​သတ်ချက်​တွေကို ကျ​နော်တို့​ ပြင်​ပေး​ရမယ်လို့​ ထင်တယ်။ အဲလိုအ​နေအထား​ဆိုရင် ခုန ကို​နေသွင်​မေး​တဲ့​ တချို့​က​နေ အ​သေဆုပ်ကိုင်ထား​တယ် ဆိုတာမျိုး​တွေကလည်း​ အ​သေဆုပ်ကိုင်ထား​တဲ့​ ဘက်ကလည်း​ ​လျော့​သွား​မယ်လို့​ထင်တယ်။ နှစ်ဦး​ အလုပ်လုပ်သာတဲ့​ဟာကို​ပေါ့​။ တဘက်ကလည်း​ ​လျှော့​ရမယ်။ ကျန်တဘက်ကလည်း​ ​လျှော့​ရမယ်။ ​နောက် ဘယ်ဟာကို ​ပေါင်း​ပြီး​တော့​ အန်အယ်လ်ဒီကို အတိုက်အခံပါတီကြီး​တခု တရား​ဝင် ​ရွေး​ကောက်ပွဲဝင်​အောင် လုပ်နိုင်မလဲဆိုတာမျိုး​ကို စဉ်း​စား​ရမယ်။ အဲလို စဉ်း​စား​မယ်ဆိုရင်​တော့​ ကို​နေသွင်​မေး​တဲ့​ ​မေး​ခွန်း​က အလိုလို​တော့​ အ​သေဆုပ်ကိုင်ထား​တဲ့​ဘက်က​တော့​ ​လျှော့​သွား​မယ်ထင်တယ်။ အ​သေဆုပ်ကိုင်ထား​တယ်ဆိုတာ သူ့​ဘက်ကိုယ့်​ဘက် ဘာမှလုပ်လို့​မရ​အောင် ချုပ်ထား​လို့​သာလျှင် သူကလည်း​ အ​သေဆုပ်ကိုင်ထား​တာ။ သူ့​ဘက်က အလုပ်လုပ်လို့​ ရ​အောင် တဘက်က ​လျှော့​လာပြီဆိုရင် အလုပ်လုပ်နိုင်တဲ့​ဘက်ကို သွား​မှာပဲ​လေ။ အလုပ်လုပ်နိုင်တဲ့​ဘက်ကို အစိုး​ရဘက်ကလည်း​ ကျ​နော်ထင်တယ်။ ​လျှော့​ပေး​လိမ့်​မယ်လို့​ ​မျှော်လင့်​ချင်တယ်။”

ဆရာ ​ပြောသလိုဆိုရင် ၉၀ ​ရွေး​ကောက်ပွဲရလဒ်ကို တစုံတရာ အသိအမှတ်ပြု​ပေါ့​နော်။ ဆရာ​မောင်ဝံသ​ပြောတဲ့​ အင်တာဗျူး​မှာလည်း​ ကျ​နော်တို့​ ဖတ်ရတာဆိုရင် လွှတ်​တော်ဥက္ကဋ္ဌကိုယ်တိုင် ​ရွေး​ကောက်ပွဲရှိခဲ့​တာကို အသိအမှတ်ပြုတယ်။ ဘယ်လိုအသိအမှတ်ပြုမလဲဆိုတဲ့​ အပိုင်း​ကို အဲဒီအင်တာဗျူး​မှာ မဖတ်လိုက်ရဘူး​။ အဲ​တော့​ ဆရာက လွှတ်​တော်ကိုယ်စား​လှယ်လည်း​ အ​ရွေး​ခံခဲ့​ရတာဆို​တော့​ ဆရာ​ပြောတဲ့​ တစုံတရာ အသိအမှတ်ပြုတယ်ဆိုတဲ့​အပိုင်း​၊​ ဆရာ့​အ​နေနဲ့​ အာဏာလွှဲဖို့​ စသည်ဖြင့်​ပေါ့​ အများ​ကြီး​အငြင်း​ပွား​ဖွယ်ကိစ္စ။ ဆရာ့​အ​နေဲ့​ တစုံတရာအသိအမှတ်ပြုတယ်ဆိုတဲ့​ အ​ပေါ်မှာ ဆရာက လွှတ်​တော်ကိုယ်စား​လှယ် အမတ်တ​ယောက်အ​နေနဲ့​ ဘယ်​လောက် အတိုင်း​အတာထိဆို ​ကျေနပ်နိုင်မလဲ။

“​ဖြေရမှာ​ တော့​ ​တော်​တော်သိမ်​မွေ့​တဲ့​မေး​ခွန်း​ဗျ။ ဘာလို့​လဲဆို​တော့​ ၉၀ ပြည့်​နှစ်ရွေး​ကောက်ပွဲရဲ့​ ရလဒ်ကို အသိအမှတ်ပြုတယ်လို့​ ​ပြောတာပါ။ အမျိုး​သား​လွှတ်​တော် နာယကကြီး​က ​ပြောတာ။ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ အရင်အ​မေး​အ​ဖြေ​တွေ တချို့​မှာ​ပြောတာ ကြား​ဖူး​တယ်။ ဒီအချိန်မှာ အာဏာကို ​ပြော​နေတာမဟုတ်ဘူး​။ ဒါ​ပေမယ့်​ ၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်တဲ့​ အရှိတရား​ကို အသိအမှတ်ပြုဖို့​၊​ ​ရွေး​ကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့​၊​ သူက ​ရွေး​ကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတာနဲ့​ အာဏာလွှဲခိုင်း​တာနဲ့​ မတူပါဘူး​။ ဆရာဦး​ခင်​မောင်စိုး​ ​ဆွေး​နွေး​တဲ့​အထဲမှာ ၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲက အ​ခြေခံဥပ​ဒေ ​ရေး​ဆွဲဖို့​တို့​၊​ အာဏာလွှဲဖို့​မဟုတ်ဘူး​။ ဘာညာဆိုတာ ဟိုး​အရင်ကတည်း​က ကျ​နော်တို့​ ရှိစဉ်ကတည်းက ကျ​နော်တို့​ပါဝင် ပတ်သက်စဉ်ကတည်း​က အဲလို​ပြောကြတာ​တွေ ရှိတယ်။ ဒါ​တွေက ​ပြောမယ်ဆိုရင် ဆရာဦး​ခင်​မောင်စိုး​ ​ပြောသလိုပဲ။ တယူသန် အငြင်း​ပွား​ရမယ့်​ ဟာ​တွေ၊​ အခု နှစ်​ပေါင်း​လည်း​ ၂၀ ​ကျော်ပါပြီ။ ပြန်​ပြောမယ်ဆိုရင် အဲဒီအချိန်က သတင်း​စာ​တွေရှိပါတယ်။ မှတ်တမ်း​မှတ်ရာ​တွေ ရှိပါတယ်။ ပြန်ကြည့်​မယ်ဆိုရင်၊​ ပြည်သူ့​လွှတ်​တော် အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲပါ။ တိုင်း​ပြည်ပြုလွှတ်​တော် ​ရွေး​ကောက်ပွဲဆိုတာက အ​ခြေခံဥပ​ဒေ ​ရေး​ဆွဲဖို့​လုပ်တဲ့​ ​ရွေး​ကောက်ပွဲ၊​ အဲဒါက ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်​အောင်ဆန်း​တို့​ ပါဝင်ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမျိုး​ကို ​ပြောတာ။ ဒါ​ပေမယ့်​ ၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲက ပါတီစုံ ဒီမိုက​ရေစီ ပြည်သူ့​လွှတ်​တော် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲဖြစ်ပါတယ်။ အဲဒီ​တော့​ ဘာမှ ဒီအ​ပေါ်မှာ အ​ခြေခံဥပ​ဒေ​ရေး​ဆွဲဖို့​ လုပ်တာ။ ခင်ဗျား​တို့​ဘာအာဏာမှ လွှဲဖို့​ အချိန်မကျ​သေး​ဘူး​လို့​ ​ပြောစရာမလိုဘူး​။ ဒီ​လောက်ဆိုရင် ကို​နေသွင်တို့​ နား​လည်ပါလိမ့်​မယ်။ အဲဒီ​တော့​ ကျ​နော်တို့​က ဒီဘက်အပိုင်း​မှာ ဒီအ​ပေါ်မှာ ​ကျေနပ်မှုရှိသလား​။ မရှိဘူး​လား​။ ​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်ပြီး​ ပါတီမှတ်ပုံတင်တဲ့​အ​ပေါ်မှာ။ ဒီ​ပေါ်မှာ နှစ်ဖက်လုံး​က မျက်နှာမပျက်တဲ့​နည်း​နဲ့​ ကိစ္စတခုကို ပြဿနာတခုကို ​ဖြေရှင်း​တဲ့​နည်း​ပါပဲ။ ဆိုလိုတာက နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်တဲ့​ ဥပ​ဒေကို ပြင်ဆင်​ပေး​တယ်။ အဲဒီအ​ပေါ်မှာ ကြည့်​ပြီး​တော့​မှ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က​နေ ​ရွေး​ကောက်ပွဲ တရား​ဝင်ပါတီအဖြစ်နဲ့​ မှတ်ပုံတင်ပြီး​ဖို့​ စဉ်း​စား​မယ်ဆိုတဲ့​ ဒီလိုအချက်မျိုး​ဟာ ဖြစ်​ပေါ်တိုး​တက်မှုလို့​ပဲ ကျ​နော်ထင်ပါတယ်။ အဲဒီအ​ပေါ်မှာက​နေ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲအ​နေအထား​တွေကို ​တွေ့​ပြီဆိုရင် အဖွဲ့​ချုပ်က စဉ်း​စား​မှာပဲ။ ကျ​နော် အ​လေး​အနက်​ပြောချင်တာ​တော့​ ​ရွေး​ကောက်ပွဲသည် လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲ အ​နေအထား​မျိုး​ ဖြစ်မယ်ဆိုရင် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ဒီအ​ပေါ်မှာ အ​လေး​အနက် စဉ်း​စား​လိမ့်​မယ်လို့​ အဲ့​လိုယုံကြည်ပါတယ်။”

နှစ်ဖက်စလုံး ​ရဲ့​ မျက်နှာမပျက်တဲ့​ နည်း​ပေါ့​။ ဆရာဦး​ခင်​မောင်စိုး​က ဒီအ​ပေါ်မှာ ၉၀ ​ရွေး​ကောက်ပွဲကိစ္စ၊​ အန်အယ်လ်ဒီ ​ရွေး​ကောက်ပွဲဝင်​ရေး​ မဝင်​ရေး​ ကိစ္စအ​ပေါ်မှာ တခြား​ ဖြည့်​စွက်​ပြောစရာ ရှိပါ​သေး​လား​။

“ကျ​နော်က​ တော့​ အန်အယ်လ်ဒီ ​ရွေး​ကောက်ပွဲဝင်မလား​။ မဝင်ဘူး​လား​ဆိုတာ ထိ​တော့​ ကျ​နော်တို့​လည်း​ မစဉ်း​စား​တတ်​သေး​ဘူး​။ ကျ​နော်တို့​ ကြား​သိရသ​လောက် မှတ်ပုံတင်​ရေး​က ကိစ္စသပ်သပ်သွား​ပြီး​တော့​၊​ ​ရွေး​ကောက်ပွဲ ဝင်​ရေး​ကိစ္စက သပ်သပ်သွား​သင့်​တယ် ဆိုတာမျိုး​ တချို့​ပြောဆို ​ဝေဖန်​နေတာရှိတယ်​လေ။ ​ရွေး​ကောက်ပွဲဝင်တဲ့​ အတွက်​ကြောင့်​မို့​ အကျိုး​အမြတ် ဘယ်လိုရှိလာမလဲ ဆိုတာမျိုး​က အန်အယ်လ်ဒီဘက်ကိုကျ​တော့​ သိပ်​ပြောလို့​မရဘူး​။ အစိုး​ရက​တော့​ ဝင်ရင်​တော့​ သိပ်ကြိုက်မှာ​ပေါ့​။ ဘာလို့​လဲဆို​တော့​ ဒီအစိုး​ရက အရင်အစိုး​ရလက်ထက်က​နေ လွှဲ​ပြောင်း​လိုက်တဲ့​ အရင်အစိုး​ရက လူ​တွေနဲ့​ပဲ ပြန်ပြီး​တော့​ ဖွဲ့​ထား​တာဖြစ်တယ်။ အဲဒီက​နေ နိုင်ငံတကာမှာ ဝင်ဆံ့​ပြီး​တော့​ တရား​ဝင်အစိုး​ရ ဖြစ်ဖို့​အတွက်ကို အများ​ကြီး​ ကြိုး​စား​နေတာ။ ကြိုး​စား​နေ​တော့​ အန်အယ်လ်ဒီလို ပါတီကြီး​က​နေ ​ရွေး​ကောက်ပွဲဝင်လာတယ်။ သူ့​ကို တစုံတခုရဦး​တော့​ အစိုး​ရအတွက် စိုး​ရိမ်စရာ မရှိတဲ့​အ​နေအထား​ပေါ့​။ သူ့​ရဲ့​ အခု​ရွေး​မယ့်​ကိစ္စက လူ ၅၀ ​လောက်​ရွေး​မယ်။ လူ ၅၀ လုံး​ရဦး​တော့​ သူတို့​အတွက် ပြဿနာ သိပ်မရှိဘူး​။ အဲ့​လိုအ​နေအထား​ဆို​တော့​ သူတို့​က​တော့​ ပိုပြီး​တော့​အကျိုး​အမြတ် ရှိတယ်။ သူတို့​လိုချင်တဲ့​ နိုင်ငံတကာ အသိအမှတ်ပြုမှုတို့​၊​ သူတို့​အခု လိုက်ကြိုး​စား​နေတဲ့​ အာဆီယံဥက္ကဋ္ဌ ကိစ္စတို့​၊​ ​နောက်တခါ နိုင်ငံတကာက​နေ အကူအညီ​တွေ ​ရောက်လာမှာတို့​ ပိတ်ဆို့​အ​ရေး​ယူမှု​တွေ ရုပ်သိမ်း​သွား​မှာ။ အဲဒါ​တွေက သူတို့​အတွက်​တော့​ အများ​ကြီး​ အကျိုး​ရှိမယ်။ အများ​ကြီး​ အကျိုး​ရှိတဲ့​ဘက်က​နေပြီး​တော့​ကြည့်​မယ်ဆိုရင် အန်အယ်လ်ဒီကို ​ရွေး​ကောက်ပွဲဝင်နိုင်​အောင်ကို လုပ်​ပေး​သင့်​တယ်။ အ​ခြေအ​နေကို ဖန်ကိုဖန်တီး​ပေး​ရမယ်။ အဲဒီအ​နေအထား​မှာ အန်အယ်လ်ဒီက​တော့​ သူ့​ရဲ့​ပါတီ ပြန်အား​ကောင်း​လာ​အောင် တည်​ဆောက်ရမှာ​ပေါ့​။ နှစ်​ပေါင်း​ ၂၀ အတွင်း​မှာ အရင်တုန်း​က အမတ်​တွေ​ရွေး​တယ်ဆိုတာ ဆရာက​တော့​ ​ပြောသွား​တာပဲ။ ပြည်သူ့​လွှတ်​တော်၊​ အဲဒီအတွက် ​ရွေး​ကောက်ပွဲလို့​ဖြစ်တယ်။ ​နောက်ပိုင်း​ ကျ​နော်တို့​က အ​တွေ့​အကြုံအရ ကြည့်​ရင်း​နဲ့​ ဘာဖြစ်မလဲဆို​တော့​ ​ရွေး​ကောက်ခံရတဲ့​သူက လွှတ်​တော်သွား​ရမှာ မဟုတ်ဘဲနဲ့​ ​ထောင်ထဲသွား​ရဖို့​အတွက် အ​ရွေး​ခံရသလိုမျိုး​ ဘဝ​တောင် ကျ​နော်တို့​က အဲလိုမျိုး​တောင် မြင်သွား​တယ်။ အဲ့​အ​နေအထား​က​နေ အခု အစိုး​ရနဲ့​ ပူး​ပေါင်း​နိုင်မယ့်​ ​ဆောင်ရွက်နိုင်မယ့်​ အတွက် ​ရွေး​ကောက်ပွဲဝင်ရတာ​ပေါ့​။ အခုဟာက အာဏာကြီး​ တခုရဖို့​တော့​ မဟုတ်​တော့​ဘူး​။ အစိုး​ရနဲ့​ ပူး​ပေါင်း​ပြီး​လုပ်နိုင်တာ လုပ်နိုင်ဖို့​နဲ့​ အန်အယ်လ်ဒီ ပြန်ပြီး​အား​ကောင်း​လာဖို့​ ပြန်တည်​ဆောက်ဖို့​၊​ အဲ​တော့​ အန်အယ်လ်ဒီဘက်က ​မျှော်လင့်​နိုင်တာ​တော့​ ကျ​နော်ထင်တယ်။ ပါတီကို ပြန်ပြီး​အား​ကောင်း​လာ​အောင် တည်​ဆောက်နိုင်မယ်။ အစိုး​ရက​တော့​ သူရဲ့​အစိုး​ရ တရား​ဝင်ဖြစ်လာ​အောင် သူလုပ်ဖို့​အတွက်ဆို​တော့​ ညှိ​တော့​ညှိမယ်လို့​ ကျ​နော်လည်း​ ​မျှော်လင့်​တယ်။ ညှိနိုင်ပါ​စေလို့​ ဆု​တောင်း​တယ်။”

ဆရာ ​မောင်ဝံသ ​ရေး​တဲ့​ဆောင်း​ပါး​မှာလည်း​ ပါတယ်။ ဖြစ်နိုင်​ခြေရှိတဲ့​ အချက် ၇ ချက် ဆရာ​ထောက်ပြပါတယ်။ အဲဒီမှာဆိုရင် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေက နိုင်ငံ​ရေး​ရာထူး​မဟုတ်တဲ့​ ရာထူး​တွေကို ယူပြီး​တော့​မှ ဖွံ့​ဖြိုး​ရေး​ကိစ္စ​တွေပဲဖြစ်ဖြစ်၊​ လူမှု​ရေး​ကိစ္စ​တွေပဲဖြစ်ဖြစ် အစိုး​ရနဲ့​ ပူး​ပေါင်း​ဆောင်ရွက်တဲ့​ ကိစ္စမျိုး​တွေလည်း​ ဖြစ်လာနိုင်တယ်ဆိုတာမျိုး​ ဆရာတွက်ပါတယ်။ အဓိက​တော့​ အာဏာကိစ္စ​တွေက ဒီအချိန်မှာ ရုတ်တရက်နဲ့​ ရနိုင်​ခြေမရှိဘူး​လို့​ သက်​ရောက်တယ်။ ဆရာဦး​ခင်​မောင်စိုး​ပြောတာ ဒီအဓိပ္ပာယ်လို့​ ကျ​နော်ထင်ပါတယ်။

“ဟုတ်ပါတယ်။ ဒီအချိန်မှာ အာဏာပြဿနာကို ​ပြောကြဆိုကြတာလည်း​ မကြား​မိပါဘူး​။ ဒါနဲ့​ပတ်သက်ပြီး​တော့​ ဘာမှလည်း​ ​ပြောစရာမရှိဘူး​။ ကျ​နော်တို့​အ​နေနဲ့​ အခု အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မှတ်ပုံတင်မယ်။ ​နောက်တခါ ကြား​ဖြတ်​ရွေး​ကောက်ပွဲ​တွေမှာ ဝင်သည်ဖြစ်​စေ၊​ မဝင်သည်ဖြစ်​စေ၊​ ဒါ​ပေမယ့်​ ၂၀၁၅ ​ရွေး​ကောက်ပွဲကျရင် ဝင်မယ်ဆိုရင် ဘာ​ပြော​ပြော ဒီမိုက​ရေစီနိုင်ငံ​ရေး​ ဖြစ်​ပေါ်တိုး​တက်မှု​ပေါ့​။ အဲဒီလမ်း​ကြောင်း​မှာ​တော့​ ဘာပဲ​ပြော​ပြော မြန်မာနိုင်ငံက ကမ္ဘာ့​အမြင်မှာလည်း​ အင်မတန်မှ တင့်​တယ်သွား​မယ်လို့​ ထင်ပါတယ်။ ဘာလို့​လဲဆို​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်လို တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ ပျံ့​နှံ့​ပြီး​တော့​ အ​ခြေခိုင်မာတဲ့​ ပါတီကြီး​တခုကို ဒီနိုင်ငံ​ရေး​ဖြစ်စဉ်ထဲမှာ အပြင်ကို ​ရောက်​အောင်ထား​တယ်ဆိုတာကြီး​က ​တော်​တော်ကြီး​ကို မြင်လို့​မ​ကောင်း​ပါဘူး​။ ဘာနဲ့​တူသလဲဆိုရင် ဟိုအရင် ၁၉၇၂ – ၇၃ ​လောက်ထိ တရုတ်ပြည်သူ့​သမ္မတ နိုင်ငံကြီး​ကို ကုလသမဂ္ဂ အဖွဲ့​ဝင်အဖြစ်က​နေ ပယ်ထား​ပြီး​တော့​ သူကသီး​ခြား​လို ဖြစ်​နေတဲ့​ အ​နေအထား​မျိုး​လို ဖြစ်​နေတယ်။ ​နောက်ပိုင်း​ကျ​တော့​မှ သမ္မတနစ်ဆင်လက်ထက်မှာ တရုတ်ပြည်ကြီး​က ပြန်ပြီး​တော့​ ကုလသမဂ္ဂထဲကို ဝင်လာသလိုဖြစ်တယ်။ အဲ​တော့​ ကျ​နော်တို့​ ဗမာပြည်နိုင်ငံ​ရေး​မှာလည်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီမိုက​ရေစီ ဖြစ်​ပေါ်တိုး​တက်မှု လမ်း​ကြောင်း​ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် သိက္ခာရှိရှိနဲ့​ ပါဝင်သင့်​တယ်။ တချိန်တည်း​မှာ တိုင်း​ရင်း​သား​ လူမျိုး​တွေရဲ့​ နိုင်ငံ​ရေး​ပေါ့​။ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ၊​ တိုင်း​ရင်း​သား​ လူမျိုး​စု​တွေ ကိုယ်စား​ပြုတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ သူတို့​တွေကလည်း​ ပြည်​ထောင်စုရဲ့​ နိုင်ငံ​ရေး​ဖြစ်စဉ်ထဲမှာ အင်တိုက်အား​တိုက်နဲ့​ အား​လုံး​သင့်​သင့်​မြတ်မြတ်နဲ့​ ပါသင့်​တယ်။ အဲ့​လိုကျ​နော်က ယုံကြည်ပါတယ်။”

နောက်ဆုံး ​ ဆရာဦး​ခင်​မောင်စိုး​ရော၊​ ဆရာ​မောင်ဝံသ​ရော ကျ​နော်​မေး​ချင်တာက ဆရာ​မောင်ဝံသ​ရေး​တဲ့​ ​ဆောင်း​ပါး​တပုဒ်မှာ ကျ​နော်​တွေ့​ပါတယ်။ ဘာလဲဆို​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံရသူ​တွေလို့​ပဲ ​ပြော​ပြော​ပေါ့​။ အစိုး​ရအာ​ဘော်နဲ့​ပြောရင်​တော့​။ သူတို့​လွတ်လာပြီး​တဲ့​အချိန်မှာ ​နောက်တရက်မှာ သတင်း​စာထဲမှာ သူတို့​သတင်း​တွေ ပါမလာဘူး​။ လွတ်လာတဲ့​သူ​တွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ရတဲ့​သူ​တွေအ​ကြောင်း​ ပါမလာ​တော့​ ဆရာက​ပြောတယ်။ ဒီအတွက် စိုး​ရိမ်​သောက ရှိတယ်ဆိုတာမျိုး​ ဆရာ​ပြောတယ်။ အခုအ​ခြေအ​နေမှာ​ရော ဆရာ့​အ​နေနဲ့​ ​ပြောင်း​လဲ​နေတဲ့​အ​ပေါ်မှာ အ​ပြောင်း​အလဲ​တွေအ​ပေါ်မှာ စိုး​တထိတ်ထိတ် ဖြစ်​နေတဲ့​ကိစ္စ​တွေ ဖြစ်မလား​ဆိုတာ ဘယ်လိုကိစ္စမျိုး​တွေ ဆရာစဉ်း​စား​မိလဲ။

“ကျ​နော်က​ တော့​ ​ကောင်း​တဲ့​ဘက်က မြင်ဖို့​ကြိုစား​ပါတယ်။ အ​ကောင်း​ဘက်က မြင်ဖို့​ကြိုး​စား​ပေမယ့်​ နိုင်ငံတကာက မြန်မာပြည်မှာလာပြီး​တော့​ ​လေ့​လာတဲ့​ သံတမန်​တွေ ​နောက်တခါ ကိုယ်စား​လှယ်​တွေ တချို့​သူတို့​လည်း​ အများ​ကြီး​ကို သတိထား​ပြီး​ ​စောင့်​ကြည့်​ကြတာ။ သံတမန်တ​ယောက်က ​ပြောတာဆိုရင် မြန်မာပြည်နိုင်ငံ​ရေး​က အခုက ​ကောင်း​တဲ့​ဘက်ကို ဦး​တည်သွား​နေတယ်။ အပြုသ​ဘော​ဆောင်တယ်။ ဒီအတိုင်း​ဆက်သွား​ဖို့​လည်း​ အလား​အလာရှိတယ်။ ဒါ​ပေမယ့်​ အချိန်အခါမ​ရွေး​ အ​ပြောင်း​အလဲလည်း​ ဖြစ်သွား​နိုင်တယ်။ ဆန့်​ကျင်ဘက်အ​ပြောင်း​အလဲ ဖြစ်သွား​နိုင်တယ်ဆိုတဲ့​ အဲဒီလို သုံး​သပ်ချက်​တွေလည်း​ ရှိပါတယ်။ ကျ​နော်က​တော့​ အဲဒီလို မသုံး​သပ်ပါဘူး​။ ကျ​နော် အရင်မီဒီယာ တချို့​နဲ့​ အင်တာဗျူး​တွေမှာလည်း​ ကျ​နော်​ပြောပါတယ်။ ​နောက်​ကြောင်း​ပြန်မလှည့်​နိုင်​တော့​ဘူး​။ အဲလိုကျ​နော်​တော့​ ယုံကြည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဦး​ခင်​မောင်စိုး​ ​ပြောတဲ့​၊​ သ​ဘောထား​တင်း​မာတဲ့​ လိုင်း​တို့​ ဘာတို့​ညာတို့​ ​ပြောသွား​တာရှိတယ်။ တင်း​မာသူတို့​၊​ ​ပျော့​ပျောင်း​သူတို့​က ရှိ​နေမှာပဲ။ နိုင်ငံ​ရေး​လောကမှာ နိုင်ငံ​ရေး​အဖွဲ့​အစည်း​ရော ​နောက်တခါ အာဏာပိုင် အဖွဲ့​အစည်း​ရော ဘယ်လိုအဖွဲ့​အစည်း​ဖြစ်ဖြစ် ကျ​နော်တို့​ ရပ်ကွက်ဆွမ်း​ကြီး​လောင်း​ အသင်း​ကအစ၊​ နည်း​နည်း​လေး​ သ​ဘောထား​ တင်း​မာတဲ့​သူ​တွေ ​ပျော့​ပျောင်း​တဲ့​သူ​တွေနဲ့​ အလယ်အလတ် လမ်း​စဉ်ရှိ​နေသူ​တွေ ဒါမျိုး​တွေရှိမှာပဲ။ ရှိ​ပေမယ့်​ တခါတ​လေကျရင် ဖြစ်စဉ်ကြီး​တခုလုံး​က လှိုင်း​ဂယက်ကြီး​ပေါ့​။ တခါတ​လေကျရင်သွား​နေပြီဆိုရင် ​ရေစီး​ကြောင်း​မှာ ပါရမယ်။ ​ရေစီး​ကြောင်း​ထဲမှာ မပါလို့​ရှိရင် ကမ်း​မှာတင်ကျန်မယ်။ ဒါမှမဟုတ် တခုခုနဲ့​ ရိုက်ခတ်ပြီး​တော့​ ပျက်စီး​သွား​မှာ​ပေါ့​။ အဲလို​တော့​ ဖြစ်စဉ်တရား​ကရှိတယ်။ သို့​သော် ကျ​နော် ဘာကိုစိုး​ရိမ်ပူပန်လည်း​ဆို​တော့​ တချို့​လူ​တွေ စိုး​ရိမ်​ကြောင့်​ကြသလို ကျ​နော်တို့​ မ​မျှော်လင့်​တဲ့​ အ​ကြောင်း​တရား​တွေဆိုတာ ရှိတတ်ပါတယ်။ ကျ​နော်တို့​ အရင်ဖဆပလ​ခေတ်က နိုင်ငံ​ရေး​ခေါင်း​ဆောင်တ​ယောက် ​ပြောသလို​ပေါ့​။ နိုင်ငံ​ရေး​ဆိုတာ ​ကြွေတလှည့်​ ကြက်တခုန်ပဲတဲ့​။ အဲဒါက အင်မတန် တာသွား​တဲ့​စကား​ပါ။ ကြက်ကနိုင်​နေပြီ။ နိုင်​နေ​ပေမယ့်​ ရှုံး​နေတဲ့​ကြက်က​နေ ဖျတ်ခနဲ ခွပ်လိုက်ရင် အဲဒီအတက်တခုရဲ့​ ဒဏ်ချက်တခုက ပွဲကို အဆုံး​အဖြတ်​ပေး​သွား​နိုင်ပါတယ်။ အဲလိုဟာမျိုး​တွေလည်း​ ရှိတတ်တဲ့​အတွက် ​ကြွေတလှည့်​ကြက်တခုန်လို ဖြစ်သည့်​တိုင်​အောင် ​ကောင်း​တဲ့​ဘက်က ဖြစ်ပါ​စေလို့​ ကျ​နော်က​တော့​ ဆု​တောင်း​ပါတယ်။”

ဆရာဦး​ခင်​မောင်စိုး​က​ရော စိုး​ရိမ်​သောက​တွေအ​ကြောင်း​ နည်း​နည်း​ပြောပြပါ။

“ကျ​နော်က သိပ်မကြာ​သေး​ခင်က ဆရာကြီး​ ဦး​ဝင်း​တင်နဲ့​ စကား​ပြောဖြစ်တယ်။ သူကလည်း​ပဲ သူ့​ရဲ့​ စိုး​ရိမ်ချက်​တွေ ရှိတယ်​ပေါ့​။ ကျ​နော်ကလည်း​ ကျ​နော့်​စိုး​ရိမ်ချက်​ပေါ့​။ ကျ​နော်တို့​က အပြင်ဘက်က​နေ ကြည့်​နေရတယ်။ ကျ​နော်တို့​ ရတဲ့​သတင်း​တွေကလည်း​ တခါတ​လေကျရင် မပြည့်​စုံတာတို့​ ဘာတို့​ ရှိတယ်ဆို​တော့​ ဘာပဲ​ပြော​ပြော ဒီအဖြစ်အပျက်ကြီး​က မယုံနိုင်စရာ ​ကောင်း​လောက်တဲ့​ အဖြစ်အပျက်​တွေ​နော်။ ပြည်သူ့​အသံကို နား​ထောင်တဲ့​ သမ္မတတ​ယောက်က​နေ ဒီ​လောက်ကြီး​မား​တဲ့​ စီမံကိန်း​ကြီး​ကို ရပ်နား​လိုက်တယ်တို့​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​တွေ့​ဆုံတယ်တို့​၊​ အစိုး​ရကလုပ်တဲ့​ စီး​ပွား​ရေး​ဖိုရမ်​တွေ၊​ ပွဲ​တွေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​ရှေ့​ဆုံး​ကခုံတန်း​မှာ ထိုင်ပြီး​တော့​ တကယ့်​ဧည့်​သည်တ​ယောက်လို သူတို့​အ​နေနဲ့​ ​လေး​လေး​စား​စား​ ဆက်ဆံတယ်တို့​၊​ ဒါ​တွေက လုံး​ဝမ​မျှော်လင့်​ထား​တဲ့​ဟာ​တွေဆို​တော့​ အခုချိန်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ကြိုး​တန်း​လျှောက်​နေတဲ့​ လူတ​ယောက်လို့​ ကျ​နော်က မြင်​နေရတယ်။ တဖက်မှာက ပြည်သူလူထုနဲ့​ သူ့​ပါတီအုပ်စုရှိမယ်။ တဖက်မှာက အစိုး​ရနဲ့​ စစ်တပ်ရှိမယ်။ အဲဒီဟာကို ဟန်ချက်ညီညီ ထိန်း​ပြီး​တော့​ လမ်း​လျှောက်​နေတယ်။ အဲဒီဟန်ချက်တခုခုများ​ ပျက်သွား​ရင်​တော့​ ပြုတ်များ​ကျသွား​မလား​ဆိုတာမျိုး​ပေါ့​။ အဲဒီ​တော့​ ဒီဟန်ချက်ညီညီ ထိန်း​နေတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ပြည်သူလူထုဘက်က​ရော သူ့​ရဲ့​ ပါတီဘက်က​ရော၊​ ​နောက်တခါ တဘက်ကလည်း​ စစ်တပ်နဲ့​ အစိုး​ရဘက်က​ရော ဟန်ချက်ညီညီ ထိန်း​ပေး​ဖို့​က သိပ်အ​ရေး​ကြီး​တယ်လို့​ ထင်ပါတယ်။ ခုနက ​ကြွေတလှည့်​ကြက်တခုန်ဆိုတာမျိုး​ပေါ့​။ အဲဒီဟန်ချက်ညီညီ လုပ်​နေရတဲ့​ အဖွဲ့​တွေကိုယ်တိုင်ထဲမှာ တစုံတခု ​ဖောက်လွဲ​ဖောက်ပြန်ရှိရင်​တော့​ အဲဒီကြိုး​တန်း​ပေါ်မှာ​လျှောက်​နေရတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ ဟန်နိုင်ပါ့​မလား​၊​ ဆိုတာမျိုး​ အဲဒါ ကျ​နော့်​ရဲ့​ လက်ရှိ စိုး​ရိမ်​သောကပါပဲ။ အဲ​တော့​ ကြိုး​တန်း​ကို ​အောင်​အောင်မြင်မြင်နဲ့​ ဟိုဘက်မှာ အဆုံး​ထိ ​ရောက်သွား​တဲ့​အထိကို ကျ​နော်တို့​က ရင်မ​နေရဦး​မယ်လို့​ပဲ ထင်တယ်။”

Categories: Inside, Interview, Media
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters