Home > HRDP, Public > လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူတဦး​ ရိုက်နှက်ခံရ

လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူတဦး​ ရိုက်နှက်ခံရ

Published on November 8, 2011 by နော်နိုရင်း  ·   (DVB)

လူ့​အခွင့်​အ​ရေး​ကာကွယ်မှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့​ဝင် ကို​ကျော်လွင် ဧရာဝတီတိုင်း​ ဟင်္သာတမြို့​နယ် တလုပ်​ထော် ​ကျေး​ရွာအုပ်စုမှာ ရိုက်နှက်ခံခဲ့​ရပါတယ်။

တလှုပ်​ထော်​ ကျေး​ရွာက ဘုန်း​ကြီး​ကျောင်း​တခုမှာ လုပ်တဲ့​ အလုပ်သမား​အစည်း​အ​ဝေး​ကို တက်ရင်း​အပြန် ဘုန်း​ကြီး​ကျောင်း​ထိပ်မှာ​စောင့်​နေတဲ့​ ရွာသား​ ၄ ဦး​က ရိုက်နှက်ခဲ့​တာဖြစ်ပြီး​ ဦး​ခေါင်း​မှာဒဏ်ရာရသွား​ တယ်လို့​ ကို​ကျော်လွင်က ​ပြောပါတယ်။

“ကျ​နော်တို့​ က လူ့​အခွင့်​အ​ရေး​ လှည့်​လည်​ဆွေး​နွေး​နေရင်း​က​နေ ရပ်ရွာဖွံ့​ဖြိုး​တိုး​တက်​ရေး​ကိုလည်း​လုပ်​နေတာ။ အဲလိုလုပ်​နေတာကို ကြံ့​ခိုင်​ရေး​နဲ့​ ပတ်သက်တဲ့​ လူတစုက​နေ ဘုန်း​ကြီး​ကျောင်း​ထဲကို ဖိနပ်စီး​တယ်ဆိုပြီး​ ကျ​နော့်​ကို ရိုက်လိုက်တာ​ပေါ့​။ ပထမတချက် လက်ကိုရိုက်ချလိုက်တာ ကျ​နော်တကိုယ်လုံး​ ထုံကျင်ပြီး​တော့​ သတိလစ်သွား​တယ်။ အဲဒါကို အုပ်ချုပ်​ရေး​မှူး​ကိုယ်တိုင် ဆွဲထူတဲ့​ကြား​က၊​ တား​တဲ့​ကြား​ထဲကကို ကျ​နော့်​ကို အ​ပေါ်က​နေ ဝါး​ရင်း​တုတ်နဲ့​ ရိုက်ချလိုက်တာ။ ကံ​ကောင်း​ချင်​တော့​ အဲဒီဝါး​ရင်း​တုတ်က ဦး​ခေါင်း​ခွံနဲ့​ထိပြီး​တော့​ တုတ်ကအရင်ကွဲသွား​တဲ့​အခါကျ​တော့​ အ​ပေါ်ယံအ​ရေပြား​ပဲ ကွဲသွား​တော့​ ​လေး​ချက်ချုပ်ရတယ်လို့​ ​ပြောတယ်။”

ရိုက်နှက်ခံရတဲ့ ​အတွက် တလုပ်​ထော် ရဲစခန်း​မှာ သာသနာကိုညှိုး​နွမ်း​စေမှု ပုဒ်မ (၂၉၅) နဲ့​ ရိုက်နှက်သူ​တွေကို တိုင်ချက်ဖွင့်​ထား​ပေမယ့်​ ရဲစခန်း​က အာမခံနဲ့​ပြန် လွှတ်​ပေး​ခဲ့​ပါတယ်။

ရိုက်နှက်သူ​တွေကလည်း​ ကို​ကျော်လွင်ကို သာသနာညှိုး​နွမ်း​စေမှုနဲ့​ ပြန်လည်တရား​စွဲဆိုထား​တယ်လို့​ပြောပါတယ်။

“ကျ​နော်တို့​ ယုံကြည်ကိုး​ကွယ်တဲ့​ ဘုန်း​ကြီး​ကျောင်း​ဝိုင်း​ထဲမှာ ရိုက်နှက်တဲ့​အတွက် ကျ​နော့်​ရဲ့​သွေး​ ဘုန်း​ကြီး​ကျောင်း​ထဲကို ကျ​အောင်လုပ်တာရယ်။ ပုဆိုး​ကို ဆွဲချွတ်တာရယ်၊​ ဖုန်း​ကိုလုတာ​တွေ​ကြောင့်​ ကျ​နော့်​ကို ရိုက်မှုကို အမှုဖွင့်​အ​ရေး​ယူတာ​ပေါ့​။ အမှုဖွင့်​အ​ရေး​ယူဖို့​ တိုင်ကြား​တဲ့​အခါကျ​တော့​ ​ကျောင်း​ဝန်း​ထဲမှာ ရိုက်တယ်။ နှက်တယ်၊​ ကျ​နော့်​ရဲ့​ပစ္စည်း​ကို လုတယ်ဆိုတဲ့​ ပုဂ္ဂိုလ်​တွေကိုကျ​တော့​ ၂၉၅ (က) တို့​၊​ ၂၉၅ တို့​ မဆွဲဘဲနဲ့​ ရိုက်မှုသီး​သန့်​ပဲ ဆွဲထား​ပြီး​တော့​ ကျ​နော့်​ကိုကျ​တော့​ အဲဒီမှာ ဖိနပ်စီး​တယ်ဆိုပြီး​ အမှုပြန်ဖွင့်​ထား​တယ်။ ဟိုလူ​တွေကိုကျ​တော့​ ၂၉၅ နဲ့​ မဆွဲဘဲနဲ့​ ကျ​နော့်​ကိုကျ​တော့​ ၂၉၅ နဲ့​ ဆွဲထား​တယ်။”

ဒီအမှုနဲ့​ ပတ်သက်ပြီး​ သီး​ခြား​အတည်ပြုနိုင်ဖို့​ တလုပ်​ထော်ရဲစခန်း​ကို ဆက်သွယ်ဖို့​ကြိုး​စား​ပေမယ့်​ ဆက်သွယ်လို့​မရရှိ​သေး​ပါဘူး​။

ဟင်္သာတမြို့​ နယ် တလုပ်​ထော်ရွာမှာ HRDP အဖွဲ့​ဝင်တချို့​ကို ကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​အသင်း​နဲ့​နီး​စပ်သူ​တွေက အလား​တူရိုက်နှက်မှုမျိုး​ ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွား​ခဲ့​ဖူး​ပါတယ်။

အဲဒီဖြစ်ရပ်မှာ ရိုက်နှက်ခံရတဲ့​ ကွန်ရက် အဖွဲ့​ဝင်​တွေဖြစ်ကြတဲ့​ ကိုမြင့်​နိုင်၊​ ကို​ကျော်လွင်၊​ ကိုမြစိန်၊​ ကိုလှရှိန်၊​ ဦး​မြင့်​နဲ့​ ဦး​ဝင်း​တို့​ ​ထောင်ဒဏ် ၄ နှစ်က​နေ ၈ နှစ်အထိ ချမှတ်ခံခဲ့​ရဖူး​ပါတယ်။ အဲဒီထဲက တချို့​လွတ်​မြောက်လာပြီဖြစ်​ပေမယ့်​ တချို့​က​တော့​ လက်ရှိ​ထောင်​တွေမှာ အကျဉ်း​ကျခံ​နေရဆဲဖြစ်ပါတယ်။

Categories: HRDP, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters