Home > Army, Ethnic Armed Groups, Government, KIO (KIA) > ၀ိုင်းမော်ကျမ်းစာကျောင်းမှ ဆရာနှင့် ကျောင်းသားများ ထွက်ပြေး

ဝိုင်းမော်ကျမ်းစာကျောင်းမှ ဆရာနှင့် ကျောင်းသားများ ထွက်ပြေး

Published on Tuesday, 08 November 2011 19:53    Written by KNG

ကချင်ပြည်နယ် ၀ိုင်းမော် မြို့ပြင်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ကြား သုံး ရက်မြောက် စစ်ဖြစ်နေစဉ် ၀ိုင်းမော်ကျမ်းစာကျောင်းမှ ဆရာနှင့် ကျောင်းသားများ လုံခြုံရာသို့ ထွက်ပြေးနေကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက်၊ ယနေ့နံနက်ပိုင်းမှစတင်ကာ မုတ်ကြိတ်ကျေးရွာ၊ ရပ်ကွက် ၁ ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာကျောင်းမှ ကျောင်းသူ/သားများနှင့် ဆရာ/မများ ၀ိုင်းမော်မြို့ပေါ်ရှိ ၀ိုင်းမော်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံးသို့ ထွက်ပြေးလာကြသည်ဟု မျက်မြင်များပြောသည်။

ကျမ်းစာကျောင်းတွင် ကျောင်းသား (၄၅) ဦး၊ ကျောင်းသူ (၃၈) ဦးနှင့် ဆရာ/မ စုစုပေါင်း (၁၉) ဦးရှိသည်ဟု ဓမ္မကျောင်းတာဝန်ရှိသူများမှ သိရသည်။

ထို့အပြင် စစ်ဖြစ်နေသည့် ကျမ်းစာကျောင်းအနီးမှ ပြည်သူများလည်း ၀ိုင်းမော်မြို့ထဲသို့ ထွက်ပြေးနေကြ ကြောင်း သိရသည်။
[IMG]/burmese/images/stories/Map/nov8-waimaw-cjmyen.gif[/IMG]“မနေ့ညက နန့်ယင်း (N’Myen Hka)ချောင်းဘက် သွားပုန်း အိပ်ကြတယ်။ မနက်က ဆက်တိုက်နေကြတယ်။ သေနတ်သံတိတ်သွားတော့မှ ရွာထဲပြန်လာပြီး ထမင်းချက်စားတယ်။ ခုတော့ ၀ိုင်းမော်မြို့ထဲရောက်နေပြီ။ ရွာမှာမနေရဲတော့ဘူး။” ဟု ၀ိုင်းမော်မြို့ထဲ တိမ်းရှောင်နေသူ တဦး ကချင်သတင်းဌာနသို့ ပြောသည်။

မုတ်ကြိတ်ကျေးရွာ ရပ်ကွက် (၁)သည် ၀ိုင်းမော်မြို့အရှေ့ဘက် ၆ မိုင် အကွာ၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်း တွင် တည်ရှိပြီး ၎င်းသို့ နိုဝင်ဘာလ (၆) ရက် နံနက်ပိုင်းက အစိုးရစစ်ကြောင်းများ ရောက်လာခြင်းကြောင့် KIA နှင့် စစ်ဖြစ်လာသည်။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters