Home > Ethnic Armed Groups, KIO (KIA) > အစိုးရတပ် ထိုးစစ် ရပ်ရေး ဝိုင်းဝန်းကြိုးပမ်းသင့်ဟု လေ့လာသူ ပြော

အစိုးရတပ် ထိုးစစ် ရပ်ရေး ဝိုင်းဝန်းကြိုးပမ်းသင့်ဟု လေ့လာသူ ပြော

Tuesday, 08 November 2011 18:31 သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေးတပ်မတော် KIA အားအစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှု အပေါ်အမျိုးသား ရေးတာဝန် တစ် ရပ်အနေဖြင့် ဝိုင်းဝန်းတားဆီးရန် လိုအပ်ကြောင်း စစ်ရေးအကဲခတ် တစ်ဦးကသျှမ်းသံ တော်ဆင့်သို့ ပြောဆိုသည် ။

တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်ဦးအောင်ကျော်ဇောက“ မြစ်ဆုံဆည်စီမံကိန်းတုန်းကဝိုင်းလုပ်ကြ သလိုမျိုး အခု ဗမာ စစ်တပ်က ကချင်ပြည်နယ်အတွင်းမှာ ထိုးစစ်ဆင်နေမှုတွေကို ရပ်ဆိုင်းဖို့အားလုံးဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုတယ် ” ဟု ဆိုသည် ။

လွန်ခဲ့သည့် အပတ်က ကချင်ပြည်နယ်သို့ အစိုးရတပ်များ ရေလမ်း ၊ ကုန်းလမ်းများမှ တဆင့် ရောက်ရှိလာပြီး နိုဝင်ဘာ ၆ ရက်နေ့မှစ၍  KIA အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ  နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား နေခြင်း ဖြစ်သည် ။

ကရင်နှင့်သျှမ်းပြည်နယ်များတွင် အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရစစ်တပ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး စစ်ရှိန် ကျဆင်းနေချိန်တွင် ကချင်ပြည်နယ်၌ စစ်မက်ဖြစ်ပွားမှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။

“KIA ကို ထိုးစစ်ဆင်တိုက်ခိုက်ရတဲ့ အကြောင်းက ၃ ခုရှိမယ်လို့ထင်တယ် ။  UNFC အဖွဲ့ခေါင်းဆောင်ဖြစ် တာရယ် မြစ်ဆုံ ကိစ္စမှာ KIA ကအစဖေါ်ထုတ်တယ်လို့ ယူဆတာရယ် လတ်တလောတိုက်ပွဲတွေမှာ ဗမာ တပ်က အကျအဆုံးများ နေတာ ကြောင့် ထိုးစစ်ဆင်နေတယ်လို့ ထင်တယ် ” ဟု သူက ဆိုသည် ။

ယခုထိုးစစ်မစတင်မီ အောက်တိုဘာလကုန်ပိုင်းက ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော် က KIO ဥက္ကဌ ဦးဇောင်းခရားထံ လိပ်မူ၍ ငြိမ်းချမ်းရေးကမ်းလှမ်းစာ တစ်စောင် ပေးပို့ခဲ့သေး ကြောင်း သိရသည် ။

အဆိုပါစာနှင့်ပတ်သက်၍ သူက ဆက်ပြောရာတွင် “ ဦးသိန်းဇော်က ကေအိုင်အေဥက္ကဌ ဦးဇောင်းခရားကို ပို့တဲ့စာထဲမှာခြိမ်းခြောက် တဲ့ သဘောတွေတောင်ပါတယ် ။ မကြာမီ ကချင်ပြည်နယ်အတွင်းမှာစစ်ရေးရေချိန် မြှင့်တက်လာမယ်ပေါ့ ။  ဒီလို မဖြစ်ခင် တည်ငြိမ်အေးချမ်းအောင် ဖြေရှင်းဖို့လိုတယ်ပေါ့ ။ ဒီလိုအရေးအသား တွေလည်းပါတယ် ” ဟု ဆိုသည် ။

ယခု အခြားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတို့ အကြား ပြောဆိုဆွေးနွေးမှုများသည်ယခင် နှစ် ၂၀ ကာ လ အပစ်အခတ်ရပ်ဆဲရေးနှင့် ပုံစံတူပြီး အဆိုပါ နှစ် ၂၀ ငြိမ်းချမ်းရေးကာလအတွင်း အိမ်နီးချင်း နိုင်ငံများ ဗမာစစ်ဗိုလ် များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်တခိျု့သာ အကျိုးခံစားခဲ့ပြီး  တိုင်းပြည်မှာ လွန်စွာနစ်နာခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည် ။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters