Home > Cabinet of Ministers, Economic, Government > ဘဏ္ဍရေး အကြံပေးအဖွဲ့ ဖွဲ့စည်း

ဘဏ္ဍရေး အကြံပေးအဖွဲ့ ဖွဲ့စည်း

8 နိုဝင်ဘာလ 2011 – 16:28 GMT (BBC)

Burma currency

အစိုးရရဲ့ ပြုပြင် ပြောင်းလဲ ရေးတွေမှာ ဘဏ္ဍရေး ကဏ္ဍလည်းပါ

မြန်မာနိုင်ငံအတွင်းမှာ ဘဏ္ဍရေးနဲ့ အခွန် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လေ့လာ အကြံပြုနိုင်ဖို့ အတွက် Think Tank အကြံပေး အဖွဲ့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ဖွဲ့စည်းလိုက် ပါတယ်။

ဘဏ္ဍရေးနဲ့ အခွန်ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တဲ့ အဲဒီအဖွဲ့ဟာ လိုအပ်တဲ့ အခါတွေမှာ ဘဏ္ဍရေးဝန်ကြီးဌာနကို အကြံဉာဏ်တွေ ပေးဖို့ ဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ ရပ်တည်မှုတွေကို မူတည်ပြီး အဖွဲ့ရဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်မှု ရှိမရှိဆိုတာ သိရှိနိုင်မယ်လို့ ယူဆကြောင်း အဖွဲ့ဝင် တစ်ယောက်အဖြစ် ထည့်သွင်းခံရတဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းက ပြောပါတယ်။

အကြံပေး အဖွဲ့ရဲ့ ခေါင်းဆောင် ကတော့ ယခင် မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးသန်းလွင် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ အဖွဲ့ထဲမှာ ပုဂ္ဂလိက ဘဏ်ဥက္ကဌတွေ၊ အစိုးရဌာနတွေက ဦးဆောင် ညွှန်ကြားရေးမှူးတွေနဲ့ ပြင်ပက ပညာရှင်တခိျု့ ပါဝင်ပါတယ်။

အဖွဲ့ ဖွဲ့စည်းပြီးချိန်ကစပြီး အခုချိန်အထိ အဖွဲ့ဝင်တွေ တွေ့ဆုံညှိနှိုင်း ဆွေးနွေးတာမျိုး မလုပ်ဖြစ်ခဲ့သေးဘူးလို့လည်း ဦးမော်သန်းက ပြောပါတယ်။

ဆွေးနွေးမှုတွေ ပြုလုပ်ဖြစ်လာပြီဆိုရင် သူ့အနေနဲ့ကတော့ မြန်မာနိုင်ငံ စီးပွားရေး ဘဏ္ဍရေးတို့အတွက် အရေးကြီးတဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ အခြေခံတွေ၊ ငွေလဲလှယ်နှုန်း တသမတ်တည်း ဖြစ်ရေး ကိစ္စရပ် တွေကို တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ လည်း အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောပါတယ်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters