Home > Article, General > ခေတ်သစ် နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့

ခေတ်သစ် နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့

မြတ်စိုး | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ လက်ရှိ ဝန်ကြီးချုပ်သစ် ရင်လတ်တို့ အမျိုးသားရေး၊ တိုင်းပြည် အရေး ကို အတူတကွ တဦးနှင့်တဦး လေးလေးစားစား ဆက်ဆံပြီး  ပူးပေါင်းဆောင်နေတာတွေ့ရတော့ အထူးဝမ်းသာ ကြည်နူးမိတယ်။ ထိုင်း ပြည်သူတွေကတော့ သူတို့ရဲ့ ခေါင်းဆောင် နှစ်ဦးကို ဂုဏ်ယူကြမှာတော့ ဧကန်မလွဲပါ။

ဒါဟာ ထိုင်း ခေါင်းဆောင်တွေ ခေတ်သစ်နိုင်ငံရေးကို ကျော်ဖြတ်နေကြပြီဆိုတဲ့ သမိုင်းအထောက်အထား တခုပါ။ သူတို့ နှစ်ဦးမှာ အမြင် မတူတာတွေ၊ သဘောထား မတူတာတွေက ရှိနေကြပေမယ့်၊ သူတို့ နှစ်ဦးဟာ ဂုဏ်သိက္ခာ ရှိတဲ့ ထိုင်းနိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို ကျော်ဖြတ်နေကြပြီလို့ အသိအမှတ် ပြုရပါတော့မယ်။

သူတို့ နှစ်ဦးဟာ  ဘာသာတူတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတွေက ဖြတ်သန်း လာခဲ့ကြလို့ သဘောထားကြီးကြီး၊ သိက္ခာ ရှိတဲ့ နိုင်ငံရေးကို အတူတကွ လျှေက်လှမ်းနိုင်ခဲ့ကြတာလို့ ထိုင်းနိုင်ငံရေး လေ့လာသူတွေက ပြောဆိုကြတယ်။

မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကို လေ့လာဆန်းစစ် ကြည့်ရင်

ဒီလိုပဲ လက်ရှိ နိုင်ငံရေးသမားတွေဟာလည်း ဖဲသမားတွေ  ရှိုးကစားသလိုပဲ။ သူရှုံးရင် ရှုံး၊ ကိုယ်နိုင်ရင် အပြတ်နိုင်။ အားလုံးကုန်မှ ပြန်ဆို တဲ့ အတွေးအခေါ်မျိုးက ရှိတယ်။ ကိုယ့်မှာ အင်အားရှိတာ မရှိတာထက်၊ သူ့ကို အပြတ်နိုင် ဖို့ကိုပဲ စဉ်းစားတတ်ကြတာကိုး

တော့ မြန်မာနိုင်ငံသမိုင်း တလျှောက်မှာ နိုင်ငံရေး လောက,
က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေလို အချင်းချင်း ထိုးဆိတ်နေကြလို့ ခေါင်းမှာ သွေးတွေနဲ့ အမွေး
တောင် မရှိကြတော့ဘူး၊ အားလုံး မောပန်းနေကြပြီ၊ လက်ပန်း ကျနေကြပြီ။ မြန်မာ့နိုင်ငံရေးမှာ လူနှစ်ဦးရှိရင်တောင် ပါတီက သုံးပါတီ ဖြစ်လာလေ့ရှိတယ်။ တယောက် တပါတီနဲ့ ညွှန့်ပေါင်း မဟာမိတ်ပါတီ ဆိုတာမျိုးပေါ့။

ဒီလိုပဲ လက်ရှိနိုင်ငံရေးသမားတွေဟာလည်း ဖဲသမားတွေ ရှိုးကစားသလိုပဲ။ သူရှုံးရင် ရှုံး၊ ကိုယ်နိုင်ရင် အပြတ်နိုင်။ အားလုံးကုန်မှပြန်ဆိုတဲ့ အတွေးအခေါ်မျိုးက ရှိတယ်။ ကိုယ့်မှာ အင်အားရှိတာ မရှိတာထက်၊ သူ့ကို အပြတ်နိုင်ဖို့ကိုပဲ စဉ်းစားတတ်ကြတာကိုး။ တနည်းအားဖြင့် လက်ရှိမြန်မာ့နိုင်ငံရေးဟာ ဖဲသမား နိုင်ငံရေး လိုမျိုးပေါ့။ စစ်အစိုးရ ဘက်မှာကော၊ အတိုက်အခံ ဘက်မှာကော ဘာမှမရှိကြတော့ဘူး၊ ကြက်ခြင်းထဲက ကြက်တွေလိုပဲ၊ ခေါင်းမှာ သွေး
တွေနဲ့ အမွေးတွေမရှိ ဖြစ်နေကြတယ်။ အားလုံး မောပန်းနေကြပြီ၊ လက်ပန်း ကျနေကြပြီ။ ဘာမှ မရှိပဲ နှစ်ဘက်စလုံး က ဟန်ဆောင် လှည့်ဖျားပြီး ဟောက်စား စားဖို့ ပြင်နေကြတယ်။ ဝိုင်းထဲ ဆိုတဲ့ တိုင်းပြည်ကြီးမှာလည်း ဘာမရှိတော့ ဘူး။ အမှန်ကို အမှန်အတိုင်း ကြည့်မြင်တတ်လို့ အမုန်းခံ ရသူတွေလည်း ဒု နဲ့ဒေးပါ။

ဘာသာရေးမှာလည်း တောင်ကျောင်း၊ မြောက်ကျောင်း ၊

တိုင်းပြည် တိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာ
ပေါင်းစုံ အတူတကွ နေထိုင်ကြတာချည်းပဲ။
မြန်မာပြည်မှာတော့ လူမျိုးစွဲ၊ ဘာသာစွဲတွေ၊
ပုဂ္ဂိုလ်စွဲ အစွန်းရောက် အတွေး အခေါ်တွေ ရှိနေတာ နှစ်ပေါင်းကြာရှည်နေတဲ့ ပြည်တွင်း
စစ်ကိုသာ ကြည့်ပါတော့

အရှေ့ကျောင်း၊ အနောက်ကျောင်းဆိုပြီး ဘုန်းကြီးကျောင်း
တွေ ဒေသ တော်တော်များများမှာ အစွဲအလမ်းကြီးစွာ
တွေ့ရှိရတယ်။ ဘုန်ကြီးကနှစ်ပါး ဘုန်းကြီးကျောင်း
သုံးကျောင်း ဖြစ်လာရတဲ့ သာဓကတွေကလည်း ရှိကြတာ
ကိုး။ ဒါယကာ၊ ဒါယိကာမချင်းလည်း ပြိုင်၊ ရွာချင်းလည်း
ပြိုင်၊ ဘုန်းကြီးကျောင်း ချင်းလည်း ပြိုင်တဲ့ အလေ့အထ
ပေါ့။ ပြိုင်ရလွန်းလို့ ရွာသားတွေက နံရိုး အဖြိုင်းဖြိုင်းနဲ့
အလုပ် လုပ်ကြ၊ ဘုန်းကြီးကျောင်း အောက်က ခွေးတွေကတော့ အလယ်သားတွေ ကိုက်ခဲ လျက် ဝဖီးနေတာပဲ ဆိုတာမျိုးပေါ့။ ဒါက ဘုန်းကြီးကျောင်း နိုင်ငံရေးယဉ်ကျေးမှုပါ။

ထို့အတူ ဘယ်နိုင်ငံမှ လူမျိုးတမျိုး၊ ဘာသာ တမျိုးတည်း မရှိဘူး ။ တိုင်းပြည် တိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်ကြတာချည်းပဲ။ မြန်မာပြည်မှာတော့ လူမျိုးစွဲ၊ ဘာသာစွဲတွေ၊ ပုဂ္ဂိုလ်စွဲ အစွန်းရောက် အတွေး အခေါ်တွေ ရှိနေတာ နှစ်ပေါင်းကြာရှည်နေတဲ့ ပြည်တွင်းစစ်ကိုသာ ကြည့်ပါတော့။ စစ်ပွဲ အားလုံးကိုဆန့်ကျင်တယ်။ စစ်ပွဲဆိုရင် ဘယ်စစ်ပွဲကိုမှ မထောက်ခံဘူး။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်တဲ့ စစ်ပွဲပဲ ကမ္ဘာကြီးမှာ ရှိသင့်တယ်လို့ ယူဆတယ်။

အမှန်တော့ ဝမ်းနည်းစရာ ကောင်းတာက မြန်မာ့နိုင်ငံရေး သမိုင်းမှာ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး အဆင့်အတန်း ကို လေးစားတန်ဖိုး မထားတတ်တဲ့ ယဉ်ကျေးမှုက ရာစုနှစ်များစွာ လွှမ်းမိုးနေခဲ့တယ်။ ဆွေးမျိုးအချင်းချင်း သတ် မင်းလုပ်၊ လူအချင်းချင်း ထောင်ချသတ်ဖြတ် အာဏာယူခဲ့တဲ့ ကြက်ခြင်းထဲက ကြက်တွေလို သမိုင်း အစဉ်အလာတွေ က ယခုအထိ ရှိနေဆဲမို့ပါ။

ထူးခြားတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဘုရင့်နောင် လက်ထက်မှာတော့ တွေ့ခဲ့ရတယ်။ ဘုရင့်နောင်ဟာ မင်းမျိုးမင်းနွယ်က လာတာ မဟုတ်ဘူး။ ဘုရင့်နောင်ဟာ တပင်ရွှေထီးရဲ့ နို့စို့ဖော်၊ ဖွားဖက်တော်၊ အောက်ခြေက လာတဲ့သူ။ ဘုရင့်နောင် လက်ထက်မှာတော့ ဘုရင့်နောင်ဟာ ရန်သူကော၊ မိတ်ဆွေကော မခွဲခြားဘဲ ဆက်ဆံတဲ့ သမိုင်းအထောက်အထား
တော့ ရှိခဲ့တယ်။

ဒီလို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ဘုရင့်နောင်

ခေါင်းဆောင် တယောက်ဖြစ်ဖို့ အရည်အချင်း
ရှိအောင် မကြိုးစားသလို၊ နောက်လိုက်ကောင်း
ဖြစ် ဖို့လည်း မကြိုးစား ချင်ကြဘူး။ ကြက်ခြင်း ထဲက ကြက်တွေလို ဟိုကောင်ကို ဆိတ်လိုက်၊ ဒီကောင်ရဲ့ အဆိတ်ခံလိုက်နဲ့ ခေါင်းမှာသွေးရဲ ရဲ၊ အမွေးမရှိတော့တဲ့  ကြက်ခြင်းထဲက ကြက် ဘဝမှာပဲ ပျော်မွေ့နေကြတယ်။ အမွေး၊ အတောင်မရှိတဲ့ နိုင်ငံရေး မင်းသားကြီးတွေ
ဖြစ်ချင်နေကြတယ်

ဟာမြန်မာအင်ပါယာကို ကြီးထွားလာအောင် ပြုလုပ်နိုင်ခဲ့တဲ့ သာဓကတွေ၊ ရန်သူက လေးစားချစ်ခင်လာတဲ့ သမိုင်း
အထောက်အထား တွေကရှိခဲ့တယ်။ ဘုရင့်နောင်ဟာ
ရန်သူကော၊ မိတ်ဆွေကော၊ လူမျိုးကော၊ မခွဲမခြားဘဲ တလေးတစား ဆက်ဆံခဲ့တာ တွေ့ရတယ်။ ဂုဏ်သိက္ခာ ရှိတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ဂုဏ်သိက္ခာရှိရှိ
တိုင်းပြည်မှာ ဦးဆောင်မှုတွေကို ပြခဲ့ကြလို့ သမိုင်းမှာ အသိအမှတ်ပြုခံ ခဲ့ရတယ် ဆိုရင်လည်း မမှားဘူး။

ဒါပေမယ့်လည်း နိုင်ငံရေးမှာ အဆင့်တူမှ၊ ဘာသာတူမှ
စကားပြောလို့ ရတယ်၊ ဆွေးနွေးလို့ရတယ်၊ ဆိုတဲ့ ဆိုစကား ရှိတယ်။ ဒါကလဲ အမှန်ပါပဲ။ နွားကျာင်းသားနဲ့ နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့ ပညာရှင်တယောက်ရဲ့ အတွေး အခေါ်၊ အယူအဆ၊ စဉ်းစားမှု၊ ဖြတ်သန်းမှု၊ အတွေ့အကြုံချင်း၊ ဗဟုသုတချင်းကလည်း တူမှမတူတာကိုး။

ဖြစ်နေလေ့ရှိတဲ့ အဆိုးကြီးတခုက အားလုံးက ကိုယ့်မိသားစုတောင် ကယ်တင်နိုင်တဲ့ အရည်အချင်း မရှိဘဲ တိုင်းပြည်ကို ကယ်တင်ချင်တဲ့ နိုင်ငံရေး ခေါင်းဆောင် မင်းသားတွေချည်းပဲ ဖြစ်ချင်နေကြတာကိုး။

ခေါင်းဆောင် တယောက်ဖြစ်ဖို့ အရည်အချင်းရှိအောင် မကြိုးစားသလို၊ နောက်လိုက် ကောင်းဖြစ်ဖို့လည်း မကြိုးစား ချင်ကြဘူး။ ကြက်ခြင်းထဲက ကြက်တွေလို ဟိုကောင်ကို ဆိတ်လိုက်၊ ဒီကောင်ရဲ့ အဆိတ်ခံလိုက်နဲ့ ခေါင်းမှာသွေးရဲရဲ၊ အမွေးမရှိတော့တဲ့ ကြက်ခြင်းထဲက ကြက်ဘဝမှာပဲ ပျော်မွေ့နေကြတယ်။ အမွေး၊ အတောင်မရှိတဲ့ နိုင်ငံရေး မင်းသားကြီးတွေ ဖြစ်ချင်နေကြတယ်။

ဒီလို တောင်စဉ်မရ ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးလောက ကို အလင်းတန်းရောင်ခြည် ပေးလိုက်တာကတော့ နည်းပညာပါပဲ။ ခေတ်က ပေါ်ထွက်လာတဲ့ နည်းပညာတွေဟာ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုဆိုးကြီးကို တဖြည်းဖြည်း
မြေမြုပ်သဂြုင်္ိဟ်ဖြစ်ဖို့ အကြောင်းရင်းဖြစ်လာနေပါပြီ။ နည်းပညာ တိုးတက်လာနေမှုကို ဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်သလို၊ ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ အောက်လမ်းနည်းတွေနဲ့ ပြည်သူကို လိမ်လည် လှည့်ဖျား နိုင်ကြတော့ မည် မဟုတ်ပါ။ မြန်မာ ပြည်သူတွေ ဘုန်းကြီးကျောင်း နိုင်ငံရေးယဉ်ကျေးမှုကြီးက လွတ်မြောက်လာနေကြပါပြီ။

မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့်သူများ ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေလို ဂုဏ်သိက္ခာရှိ တဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ အဆင်သင့်ရှိ မရှိ၊ အရည်အချင်း ရှိ မရှိ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ဖို့လိုနေပါပြီ။ ကြက်ခြင်းထဲက ကြက်တွေရဲ့ ဘဝမှာပဲ ပျော်နေကြမလား၊ ဂုဏ်သိက္ခာရှိတဲ့ ခေတ်သစ်
နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့ ဦးတည် ချီတက်ကြမလားဆိုတာကတော့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့် သူများ ပြန်လည် ဆန်းစစ်ကြပါစို့။

Categories: Article, General
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters