Home > Economic, Foreign investments > မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသော နိုင်ငံခြားလုပ်ငန်းများတွင် ၁၉၉၇ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်ကာလများ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းသွားသော ကုမ္ပဏီများပါဝင်လာ

မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသော နိုင်ငံခြားလုပ်ငန်းများတွင် ၁၉၉၇ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်ကာလများ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းသွားသော ကုမ္ပဏီများပါဝင်လာ

Sunday, 06 November 2011 16:30 Sunday, 06 November 2011 16:30

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသော နိုင်ငံခြား လုပ်ငန်းများတွင် ၁၉၉၇ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်ကာလများ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရုပ်သိမ်းသွားသော ကုမ္ပဏီများ ပြန်လည် ပါဝင်လာကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

“မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံခြား လုပ်ငန်းတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းသွားတဲ့လုပ်ငန်းတွေပါဝင် လာတာတွေ့ရတယ်။ အဓိကကတော့ နိုင်ငံရေးတွေ့ဆုံမှု အခြေအနေတွေအရ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့် ပြန်ရရင်ချက်ချင်းပြန်ဝင်လာနိုင်ဖို့ ပြင်ဆင်လာတဲ့ သဘောပါ။ အဲဒီထဲ မှာ ဂျပန်နဲ့ ဥရောပကုမ္ပဏီတွေများ တာကိုတွေ့ရတယ်။ ၁၉၉၇ စီးပွားရေး အကျပ်အတည်းနဲ့ ၂၀၀၂ ပိတ် ဆို့မှုဖြစ်စဉ်တွေ ဖြစ်အပြီးမှာ ဂျပန်၊  ဥရောပနဲ့ အမေရိကကုမ္ပဏီတွေ အများအပြား ပြန်ရုပ်သိမ်းခဲ့တယ်။ အခု နိုင်ငံရေးတွေ့ဆုံမှုတွေ၊ စီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတော့ ပြန်ဝင်လာဖို့ စဉ်းစားလာတဲ့ သဘောပါ”ဟု နိုင်ငံခြားလုပ်ငန်းများနှင့် နီးစပ်သည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။


ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်လာသော ဥရောပနှင့် ဂျပန်နိုင်ငံမှ လုပ်ငန်းများတွင် ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်သော ကုမ္ပဏီများပါဝင်ကြောင်း . . .


ထိုသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်လာသော ဥရောပနှင့်ဂျပန်နိုင်ငံမှ လုပ်ငန်းများတွင် ကုန်ထုတ် လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်သောကုမ္ပဏီများပါဝင်ကြောင်း၊ ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုများအဖြစ် အထည်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း များကဲ့သို့ ကုန်ထုတ်လုပ်ငန်းများ၊ အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး အသုံးအဆောင် အစိတ်အပိုင်း ထုတ်လုပ်ရေးလုပ်ငန်းများကို လက်ခစား အပ်ကုန်စနစ်ဖြင့် လုပ်ကိုင်ဖွယ်ရှိ ကြောင်း စီးပွားရေးလုပ်ငန်းအသိုင်း အ၀ိုင်းထံမှ သိရပါသည်။

“လက်ရှိ အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေပေါ် မူတည်ပြီးစီးပွား ရေးဖွံ့ဖြိုးပြီးနိုင်ငံတွေကလုပ်ငန်းတွေ ၀င်ရောက်လာမယ်လို့ယူဆပါတယ်။ လုပ်ကိုင်နိုင်ဖို့အတွက်  နိုင်ငံတကာ စီးပွားရေးအကဲဖြတ်ချက်တွေ ရော၊ သက်ဆိုင်ရာ သံရုံးတွေက တစ်ဆင့် ရော၊ ပြည်တွင်းလုပ်ငန်းရှင်တွေဆီ ကရော ထင်မြင်သုံးသပ် တင်ပြချက်တွေကိုစုစည်းနေတာ တွေ့ရပါတယ်။ အသစ်ပြင်ဆင်မယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ အခွန် နှုန်းထားတွေကိုလည်း ထုတ်ပြန်မှု ကိုစောင့်ကြည့်နေတယ်။ နောက် တစ်ခုကလျှပ်စစ်နဲ့ လမ်းပန်းဆက် သွယ်ရေးတို့လိုအခြေခံ အဆောက်အဦ ကဏ္ဍအရည်အသွေးကိုလည်း ထည့်သွင်းသုံးသပ်ပါတယ်”ဟု နိုင်ငံခြားလုပ်ငန်းများ၏ ကိုယ်စားလှယ် ရုံးခွဲတာဝန်ခံအဖြစ် ဆောင်ရွက်နေသူတစ်ဦးက ရှင်းပြပါသည်။

မြန်မာနိုင်ငံသို့ လက်ရှိဝင် ရောက်နေသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည်သယံဇာတ ထုတ်လုပ်မှုအပေါ် အခြေခံထားပြီး နိုင်ငံကြီးအချို့၏ နိုင်ငံပိုင်လုပ်ငန်း များနှင့် နိုင်ငံတကာကော်ပိုရေးရှင်း များဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်သည် အဆိုပါလုပ်ငန်းများ၏ မြှုပ်နှံမှုများ ဖြစ်ကြောင်း၊ ယေဘုယျအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရခြင်းသည် လုပ်ခနည်းခြင်းကြောင့်လည်း ကောင်း၊ ဈေးကွက်လက်ဦးမှုရယူ လိုခြင်းကြောင့်လည်းကောင်း ဖြစ်ကြောင်း၊ ဒေသခံဈေးကွက်နှင့် အခြေခံ အဆောက်အဦ အရည်အသွေးမပြည့်မီသည့် နိုင်ငံများတွင် စက်မှုလုပ်ငန်း၊ လူသုံးကုန်၊ စားသုံးကုန်ထုတ် လုပ်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပါက ကနဦးကုန်ကျစရိတ် ပိုမိုမြင့်မားနိုင်သောကြောင့် သယံဇာတ အခြေခံ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုသာ မြှုပ်နှံကြကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  ရရှိစေလိုသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးအခြေအနေများ တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ခြင်း၊ မြေယာ၊ လျှပ်စစ်မီး၊ အဆောက်အအုံ၊ လုပ်သား၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ် ရေး စသည့်လိုအပ်သည့် အခြေခံ အဆောက်အဦများ တည်ထောင် ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းများကို အရည်အသွေး ဖြည့်ဆည်းပေးခြင်း၊ နိုင်ငံခြားလုပ်ငန်း များက ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်း၍ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ လယ်ယာ ထွက်ကုန်လုပ်ငန်း စသည့်လုပ်ငန်းများ လုပ်ကိုင်လိုသည့် အခြေအနေမျိုး ဖြစ်စေရန် အစိုးရက ကူညီပံ့ပိုးပေးရန် လိုအပ်ကြောင်း ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရပါသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters