Home > Cabinet of Ministers, Government, President >  မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်း ဥပဒေ အာဏာတည်မှုအား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရ

 မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်း ဥပဒေ အာဏာတည်မှုအား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရ

Sunday, 06 November 2011 11:23 (EMG)

မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းဥပဒေအား ရေးဆွဲပြီးစီးလျှက် ရှိနေပြီဖြစ်ကြောင်းနှင့် လအနည်းငယ်အတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ နည်းဥပဒေထုတ်ပြန်ပြီးနောက် ဥပဒေ စတင် အာဏာတည်သည့်နေ့ရက်အား မကြာမီအချိန်အတွင်း နိုင်ငံတော်သမ္မတကြီးက အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ရန်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိသည်။

အလုပ်သမားအဖွဲ့အစည်း ဥပဒေအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်လည်းကောင်း၊ အလုပ်သမား အချင်းချင်းအကြား အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံရေး ကောင်းမွန်စေရန်လည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်လည်းကောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ အဖြစ်ပြဋ္ဌာန်းကြောင်းနှင့် နိုင်ငံတော်သမ္မတကြီးက အောက်တိုဘာလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

”မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြီးကတည်းက စတင်ရေးဆွဲခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံနှုန်းတွေကိုလည်း လေ့လာပြီး မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲထားပါတယ်။ ဥပဒေရေးဆွဲခြင်းနဲ့ ပတ်သက်ပြီးတော့ ILO က ပညာရှင်တွေကလည်း လာရောက်လေ့လာခဲ့ပါတယ်။ အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။ အခုဥပဒေက ရေးဆွဲပြီးစီးနေပါပြီ။ နိုင်ငံတော်သမ္မတကြီးက အမိန့်ကြော်ငြာစာနဲ့ သတ်မှတ်ထုတ်ပြန်ပြီးတာနဲ့ ဥပဒေကစတင် အာဏာတည်ပါပြီ” ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဥပဒေအာဏာ တည်ပြီးနောက် နေ့စား၊ ယာယီ၊ စိုက်ပျိုးရေး အလုပ်သမား၊ အိမ်အကူ၊ အစိုးရ၀န်ထမ်း၊ အလုပ်သင်တို့အပါအ၀င် စီးပွားရေးလုပ်ငန်းတွင်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းအတွက်လည်းကောင်း အားကိုးအားထား လုပ်ကိုင်နေသူ အားလုံးအတွက် အလုပ်သမားဥပဒေ၌ ပါဝင်သည့် အချက်အလက်များမှာ သက်ရောက်ခံစားမှု ရှိစေမည်ဖြစ်ကြောင်းနှင့် ယင်းအထဲတွင် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် သို့မဟုတ် တပ်မတော်၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတို့မှာမူ ဥပဒေထဲတွင် အကျုံးမ၀င်ကြောင်း သိရသည်။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters