Home > Government, Local > မိသားစု ​၇၀ ကို စည်ပင်က အဓမ္မပြောင်းရွှေ့ခိုင်း

မိသားစု ​၇၀ ကို စည်ပင်က အဓမ္မပြောင်းရွှေ့ခိုင်း

Published on November 4, 2011 by နေသွင်  ··  (DVB)

ပဲခူးတိုင်း၊ ပြည်မြို့မှာ ၁၅ နှစ်နီးပါးကြာ ဖွင့်ထားတဲ့  ညဈေးတန်းက ဆိုင်ခန်း ၃၀ ကို မြို့နယ်စည်ပင်က အတင်းဖျက်ခိုင်းနေတာကြောင့် အနည်းဆုံး မိသားစုဝင် ၇၀ လောက် ပြောင်းရွှေ့ခံရဖို့ ရှိနေပါတယ်။

သစ်​သား​ဆိုင်​ခန်း​များ

ပြည်မြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ လမ်းမတော်လမ်းမကြီးနဲ့ ဗိုလ်ချုပ်လမ်းမကြီး​ အနောက်ဘက်​ ​လမ်းသွယ် ဈေးတန်းမှာနေကြတဲ့ မိသားစုတွေကို​ တ​ခြား ​နေရာ​ပြောင်းနေကြဖို့ မြို့နယ်စည်ပင်က လွန်ခဲ့တဲ့ တလက​ အကြောင်းကြား​ခဲ့​တာလို့ ​ဈေးသည်တဦးက ပြောပါတယ်။

“အရင်က စည်းကမ်းကတော့ လူမနေရဘူးပေါ့ဗျာ။ ဒါပေမယ့် ၁၅ နှစ်လောက်ရှိနေပြီ လူနေတာက။ အဲဒါကို အခုမှ လူမနေရဘူး။ ဒီဆိုင်ခန်းတွေကို လူနေမှာစိုးလို့ ဖျက်ပစ်လိုက်ပြီး​​တော့​​ဈေးရောင်းဖို့​​ ​နေရာတော့ ပြန်ပေးမယ်ပေါ့။ အဲလိုမျိုး ကျနော်တို့ကို ပြောပါတယ်။ အဲဒီအဆောက်အဦ​ ဖျက်ပစ်လိုက်တဲ့ ​နေရာကိုပဲ​ ​ပြန်ပေးမှာလို့ ပြောတယ်။ မဖယ်ပေးဘူးလို့ ကျနော်တို့ မပြောပါဘူး။ ဖယ်ပေးမယ်။ ဒါပေမယ့် ကျနော်တို့အတွက် ပြောင်းတာရွှေ့တာလေးကို အချိန်လေးတခုကိုပဲ ၆ လ​သော်လည်းကောင်းပေါ့ တောင်းချင်တာပါ။ အဲဒါကို သူတို့က လက်သင့်မခံဘူး။ ”

အဲဒီ ညဈေးမှာ အစားအသောက်နဲ့ ကုန်စိမ်းတွေရောင်းတဲ့  ဆိုင်ခန်းတွဲပေါင်း  ၃၀ ရှိကာ စည်ပင်ကို လစဉ် ငွေကျပ်​ ၆,၀၀၀ ​ပေးပြီး ​ဈေးရောင်းနေတာ​လို့​​ ​ဈေးသည်တွေက ​ပြောပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့​ တလကတော့​ မြို့နယ်​ စည်ပင်က သစ်သား ဆိုင်ခန်းတွေကို ဖျက်ပြီး ညနေ ၄ နာရီကနေ ၁၀ နာရီအတွင်းမှာ ထီးမိုး​​ရောင်းကြဖို့၊​​ ​ပြောင်းဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဈေးသည်တွေ​ ဘက်ကတော့ ဆိုင်ခန်းကို ဖျက်လိုက်ရင် နေစရာနေရာ ရှာရမှာဖြစ်ဖို့ အနည်းဆုံးအချိန် ၆ လလောက်ပေးဖို့  သမ္မတနဲ့ မြို့နယ်စည်ပင်ကို အသနားခံ ထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

“တော်တော်လေး အဆင်မပြေ ဖြစ်နေတာပါ။ အဖွားကြီးတွေဆိုရင်​​ ပိန်လိန်ပြီး​ ​ခြောက်ကပ်နေတာပဲ။ စာထုတ်ပြီးကတည်းက မစားနိုင် မအိပ်နိုင် တော်တော်လေး စိတ်ဆင်းရဲ ရောက်နေကြတယ်။ စားစရာ မရှိရတဲ့အထဲ နေစရာပါ ပျောက်တယ် ဆိုတော့ သူ့တို့မှာ တော်တော် ဒုက္ခရောက်နေတယ်။”

ဈေး​ဆိုင်​တန်း​တွင်​ ​နေ​ထိုင်​သည့်​​ ​အဖွား​အို​တဦး

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ဒီဗွီဘီက မြို့နယ်စည်ပင်ကို ၃ ရက်ဆက်တိုက် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေကြားသူက တာဝန်ရှိသူတွေ လူကြီး လမ်းကြောင်းလိုက်သွားလို့ တာဝန်ခံဖြေကြားမယ့်သူ မရှိဘူးလို့ ဖြေပါတယ်။

လောလောဆယ်မှာ ညဈေးတန်းက မိသားစုတွေက နေ့ဖျက်မလား၊ ညဖျက်မလား စိုးရိမ်သောက ရောက်နေရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တဦးက ပြောပါတယ်။

Categories: Government, Local
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters