Home > Bank, Economic > နိုင်ငံခြားငွေလဲကောင်တာဖွင့်

နိုင်ငံခြားငွေလဲကောင်တာဖွင့်

စုလှိုင်ထွန်း (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ – ၁၀ ၊ ၁၁ ၊ ၂၀၁၁)

နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အင်းဝဘဏ်ခွဲတွင် အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်ခါ နိုင်ငံခြားငွေ လဲလှယ်ရေးစင်တာကို ဖွင့်လှစ်ထားပြီး ဘဏ်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီအတွင်း ဘဏ်ဖွင့်ရက်တိုင်း နိုင်ငံခြားငွေရောင်းဝယ်မှုများ ပြုလုပ်နိုင် ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေ လဲလှယ်ခွင့်ရရှိထား သည့် အခြားပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ အမရဘဏ်၊ သမ ၀ါယမဘဏ်နှင့် AGD ဘဏ်များမှာ နေပြည်တော်တွင် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများဖွင့်လှစ်ရန် စီစဉ်နေဆဲဖြစ်ကာ မြ၀တီဘဏ်မှာမူ ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

“လာမယ့်သီတင်းပတ်မှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကောင်တာဖွင့်မှာပါ။ နေပြည်တော်မှာတော့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်” ဟု အမရဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဝင်းဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။

အမရဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် ဗိုလ်ချုပ်ဈေးနှင့် လသာဘဏ်ခွဲများတွင် လည်းကောင်း၊ မန္တလေးမြို့တွင် ဒိုင်းမွန်း ပလာဇာရှိ ဘဏ်ခွဲတွင်လည်း ငွေလဲလှယ်ကောင်တာများကို နိုဝင်ဘာလ ဆန်းတွင် ဖွင့်လှစ်မည်ဟုဆိုသည်။

နေပြည်တော်ကမ္ဘောဇဘဏ်ခွဲမှ မန်နေဂျာ မကေသီသန်းကလည်း “နေပြည်တော်မှာဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ လက်ရှိတော့ ရန်ကုန်မှာပဲ ဖွင့်ထားပါတယ်”ဟု ပြောသည်။

Categories: Bank, Economic
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters