Home > General, Legislature, Media, State or Region Hluttaws > တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မန်းသတင်း မီဒီယာများ တက်ရောက်ခွင့်ရ

တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မန်းသတင်း မီဒီယာများ တက်ရောက်ခွင့်ရ

အောင်ရှင်  (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ – ၁၀ ၊ ၁၁ ၊ ၂၀၁၁)

နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်ကျင်းပမည့် ပထမအကြိမ်မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်း အဝေးများသို့ မန္တလေးမြို့အခြေစိုက် သတင်းမီဒီယာများ တက်ရောက်သတင်း ယူနိုင်ရန် တိုင်းဒေသကြီးလွှတ်တော်ရုံးက ပထမဆုံးအကြိမ် ခွင့်ပြုခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော် အစည်း အဝေးများတွင် တက်ရောက်သတင်းယူလိုသည့် သတင်းမီဒီယာများသည် မန္တလေးတိုင်း ဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် အမည်စာရင်းပေးသွင်းရန်တိုင်းဒေသကြီးလွှတ်တော်ရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးများတွင် တက်ရောက်သတင်းယူ နိုင်ရန် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံးတွင် မန္တလေးမြို့ အခြေစိုက်သတင်းမီဒီယာများမှ သတင်းသမား ၁၇ ဦးက အမည် စာရင်းပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင်စတင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများသို့ မန္တလေးတိုင်း ဒေသကြီး အတွင်းမြို့နယ် ၂၈ မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ၅၆ ဦး၊ တပ်မတော်သားကိုယ် စားလှယ် ၁၉ ဦးနှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၇၆ ဦးတက်ရောက် ကြမည် ဖြစ်ကြောင်းသိရသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters