Home > Cabinet of Ministers, Government > စားသောက်ကုန်လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်း များအတွက် ဦးစားပေး ငွေချေးပေးမည်

စားသောက်ကုန်လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်း များအတွက် ဦးစားပေး ငွေချေးပေးမည်

စုလှိုင်ထွန်း  (MT) အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ – ၁၀ ၊ ၁၁ ၊ ၂၀၁၁)

အသေးစား စက်မှု၊ လက်မှုလုပ်ငန်းများ တွင် ပါဝင်သည့် စားသောက်ကုန် ထုတ်လုပ်သူများအတွက် လိုအပ်သည့် ငွေကြေးများကို ဦးစားပေးချေးငွေရ အောင် ဆောင်ရွက်ပေးသွားမည်ဟု အမှတ်(၁)နှင့် အမှတ်(၂) စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ် စဉ် (၄/၂၀၁၁)တွင် ပြောကြားသည်။

စားသောက်ကုန်ထုတ်လုပ်မှုများ၊ ဆေးဝါးထုတ်လုပ်မှုများကို လက်ရှိ အခြေ အနေထက် ပိုမိုကောင်းမွန်အောင် ထုတ်လုပ်သွားကြ ရန်နှင့် အရည်အသွေး ကောင်းမွန်အောင် ထုတ်လုပ်၍ ပို့ကုန် အထိ ထုတ်လုပ်သွားကြရန် ထုတ်လုပ် သူများကို တိုက်တွန်းရန် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက ဆပ်ကော်မတီဝင် ၁၂ ဦးအား မှာကြားလျက်ရှိသည်။

“လုပ်ငန်းရှင်တွေက လွယ်လွယ်ရတဲ့ မော်တော်ကားပဲ ထုတ်ချင်နေကြတယ်။ နေ့တိုင်းစားနေတဲ့ စားသောက်ကုန်တွေကိုတော့ ထုတ်ဖို့မစဉ်းစားဘူး။ စားသောက်ကုန်တွေက ပြည်ပက တင်သွင်းနေတာချည်းပဲ။ သေသေချာချာသာ ထုပ်ပိုးရောင်းချရင် အလွန် တရာ ပိုက်ဆံရတဲ့အလုပ်ပါ။ အဲဒီဘက်ကို လည်း လုပ်ဖို့အားပေးကြပါ”ဟု ဥက္ကဋ္ဌက ပြောကြားသည်။

စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်မှ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ အတွက် လိုအပ်သည့် ငွေကြေးများကို ထုတ်ချေးပေး လျက်ရှိရာ “စားသောက် ကုန်တွေကို ကျန်းမာရေးနဲ့ ညီညွတ် အောင် ထုတ်မယ်၊ စနစ်တကျ ထုပ်ပိုး လုပ်ကိုင်သွားမယ်၊ နေ့တိုင်း သုံးရတဲ့ တစ်သျှူး စတာတွေကို လက်တွေ့လုပ်စေ ချင်ပါတယ်။ ဒီလိုလုပ်ဖို့ လိုအပ်သူတွေ ကိုလည်း ဦးစားပေး ငွေချေးပေးသွားမှာ ပါ”ဟု ဖြည့်စွက်ပြောသည်။

ခေါင်းစဉ်အားဖြင့် အရေးမကြီးဟု သတ်မှတ်ထားသည့် နေ့စဉ်သုံးပစ္စည်း ထုတ်လုပ်သူများ၊ စားသောက်ကုန် ထုတ်လုပ်သူများ အနေဖြင့် မိမိထုတ်ကုန် ကို အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်တွင် ကြာ ရှည်ရပ်တည်နိုင်မည်ဖြစ်သည်။

အဆိုပါ နေ့စဉ်သုံးပစ္စည်း ထုတ်လုပ်သူများ ပြည်ပပို့ကုန်အထိ ထုတ်လုပ်တင်သွင်း ခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ လက်ခံဆောင်ရွက်ပေးမည် ဟု သိရသည်။

စားသောက်ကုန်အပြင် ဆေးဝါးထုတ် လုပ်ရေးလုပ်ငန်း အရေးကြီးပုံကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ဒုံးပျံထုတ်တာနဲ့ ဆေးထုတ်တာနဲ့ဆို ဆေးထုတ်တာက ပိုတာဝန်ကြီးတယ်။ စနစ်တကျလုပ်ရမယ်၊ ဆေးဝါးက ဒုက္ခ ရောက်မယ်ဆို လူသန်းပေါင်း ၆၀ ကျော် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဆီမှာဆို တိုင်းရင်းဆေးတွေလည်း အများကြီး ထုတ်ခွင့်ပေးထားပါတယ်။ ဘီပီအိုင်လို ဆေးမျိုးဆို ထုတ်ခွင့်ပေးမယ်။ ပို့ကုန် အဆင့်ထုတ်နေတဲ့ င်္ောန လို ထုတ်သွား မယ်ဆို ခွင့်ပြုသွားပါမယ်”ဟု ပြောသည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသေးစားလုပ်ငန်းများမှလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်လျက်ရှိပြီး တစ်ဆင့်ပြီး တစ်ဆင့် လှမ်းတက်ရန် လိုအပ်သည်များကို ကော်မတီမှ တာဝန် ရှိကြောင်းနှင့် လိုအပ်သည်များကို ကော်မတီမှ တတ်နိုင်သမျှ အရင်းအနှီး ထုတ်ပေးသွားမည်ဟု သိရသည်။

“သွင်းကုန် ထုတ်ကုန်တွေကိုလည်း စီး/ကူး အစီအမံတွေနဲ့ လမ်းဖွင့်ပေးထားပါတယ်။ အရင်းအနှီးအတွက် လိုအပ်တယ်ဆိုတဲ့ လုပ်ငန်းရှင်တွေကိုလည်း လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး ငွေထုတ် ချေးပေးသွားမှာပါ”ဟု ဦးစိုးသိန်းက ပြောကြားသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters