Home > India, International > မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံခြင်း

ကျော်ဆုမွန် (MT)အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ – ၁၀ ၊ ၁၁ ၊ ၂၀၁၁)

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဒေါက်တာဗီအက်စ်ဆက်ရှာဒရီ။

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးသည် နှစ်စဉ်တိုးတက် လာနေပြီး နှစ်နိုင်ငံအကျိုးတူ စီးပွားရေးတိုးမြှင့်မှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဒေါက်တာ ဗီအက်စ်ဆက် ရှာဒရီနှင့် မြန်မာတိုင်း(မ်)က ယခုလ ၂၀ ရက်နေ့တွင် ခေတ္တ စကား ပြောခွင့်ရခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံသို့ရောက်ရှိခဲ့ကာ ၎င်းပမာဏ သည် နှစ်စဉ် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

* အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် အိန္ဒိယ အနေနဲ့ ဘယ်လောက် မျှော်လင့်ထားတယ်လို့ ထင်ပါသလဲ။

ကျွန်တော်တို့ဘက်က မြန်မာနိုင်ငံမှာ ကုန်သွယ်မှုလုပ်မယ့် အိန္ဒိယ စီးပွားရေးသမားတွေကို ပိုပြီး ရင်းနှီးမှုတွေရလာအောင် ကူညီပေး နိုင်တယ်။ အဲဒါကတော့ ပထမခြေလှမ်းပေါ့။ အဲဒီကနေ တစ်ဆင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ရင်းနှီးမှုတွေရလာမယ်။ ယုံကြည်မှုတွေ ရလာမယ်။ ပြီးတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ လုပ်လာမယ်။ နောက်ဆုံးမှာတော့ နှစ်ဦးသဘောတူစာချုပ်တွေ ချုပ်ဆိုလာနိုင်မှာပေါ့။ ကျွန်တော့အနေနဲ့ စီးပွားရေးမှာ ဘယ်လောက် ရာခိုင်နှုန်း တိုးတက်လာနိုင်မယ်ဆိုတာ ပြောဖို့စောနေသေးတယ်။ ဒါပေမယ့် မြင်ရသလောက်ကတော့ စီးပွားရေးပိုင်းမှာ အလား အလာကောင်းတွေရှိနေတယ်ဆိုတာကို တွေ့နေရတယ်။

* နယ်စပ်ကုန်သွယ်ရေးနဲ့ ပုံမှန်ကုန် သွယ်ရေးနှစ်ခုမှာ အခုချိန်မှာ ဘယ်ဟာက ပိုပြီးအရေးပါနေပါလဲ။ ပမာဏကကော။

နယ်စပ်ကုန်သွယ်ရေးကတော့ အခု ချိန်မှာ နည်းပါတယ်။ ဒီနှစ်ဆိုရင် အမေရိ ကန်ဒေါ်လာ ၁၂ သန်းလောက်ပဲရှိတယ်။ ပုံမှန် ကုန်သွယ်ရေးကတော့ ကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရှိတယ်။ လောလောဆယ်မှာ နယ်စပ်ကုန်သွယ် ရေးအနေနဲ့ မဏိပူရ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့၊ ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်တို့မှာပါ။

* အခုလောလောဆယ်ဆိုတော့ နောင်မှာ နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်ဖွင့်ဖို့ ရှိနိုင်မလား။

သမ္မတကြီးရဲ့ အိန္ဒိယနိုင်ငံကိုလာတဲ့ ခရီးစဉ်မှာတော့ ဆုံးဖြတ်ချက်တချို့ ချခဲ့တာမျိုး ရှိတယ်။ တမူး-မိုရေးနဲ့ မီဇို ရမ်ပြည်နယ်ဘက် မှာပါ။ သိသာထင် ရှားတာကတော့ တကယ်လို့ ကုလားတန် စီမံကိန်းသာ လာမယ်ဆိုရင်တော့ ဒီနေရာက အချက်အချာကျတဲ့နေရာ တစ်ခုအနေနဲ့ စဉ်းစားရတော့မယ်။ အနာဂတ်မှာတော့ သဘောတူညီချက် တွေပေါ်မူတည်ပြီး ရှိလာနိုင်မှာပါ။

* ပုသိမ်-မုံရွာ လမ်းမကြီးပေါ်မှာ၊ မြန်မာနိုင်ငံအထက်ပိုင်းမှာ အကြီးဆုံး ကုန်စည်ဒိုင်ကြီးတစ်ခု ဆောက်နေတယ်ဆိုတာကို သိပါ သလား။ အဲဒီကုန်စည်ဒိုင်က အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုကို ပိုတိုးတက် လာစေမယ်ထင်လား။

ပုသိမ်-မုံရွာ လမ်းပေါ်မှာ ဆောက်နေတယ်ဆိုတာကိုတော့ ကြားပါတယ်။ ဒီကုန်စည်ဒိုင်က ကလေးနဲ့ မုံရွာကြား လမ်းပေါ်မှာ ရှိနေ တာပါ။ ဒီကုန်စည်ဒိုင် ဘယ်တော့ပြီးမလဲဆိုတာတော့ မသိပါဘူး။ ပြီးတော့ ဒါကို စောင့်ကြည့်ရပါဦးမယ်။ အခုလောလောဆယ် ပိုပြီးအားစိုက် လုပ်နေရတာကတော့ ကုလားတန် စီမံကိန်းပါ။ ရခိုင်ပြည်နယ် စစ်တွေကနေ အပေါ်တက်ပြီး ပလက်ဝကနေ မီဇို ရမ်ပြည်နယ်အထိ ဆက်သွယ်ထားတာပါ။

* မြန်မာနိုင်ငံက အင်အားကြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကြားမှာ ရှိနေတော့ လက်ရှိမှာ အိန္ဒိယရဲ့အခန်းကဏ္ဍက ဘယ်လိုရှိနေ တယ်လို့ ထင်ပါသလဲ။

ကျွန်တော်ပြောနိုင်တာကတော့ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားမှာ ရှိနေတဲ့ နှစ်ဦးသဘောတူညီချက်တွေကိုပဲ ပြောနိုင်တာပါ။ ဒါဆိုလုံလောက်ပြီလို့ ထင်ပါတယ်။

Advertisements
Categories: India, International
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters