Home > Dam, Local NGOs, Public > ဒေသအတွင်းလူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စကို အရင်စုံစမ်းရန်လိုအပ်

ဒေသအတွင်းလူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စကို အရင်စုံစမ်းရန်လိုအပ်

 Wednesday, 02 November 2011 19:58Written by ဆူးပန်း ရွှေဟင်္သာ သတင်းဌာန

Hydro_01မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN) နှင့်အတူ ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (KDRG) တို့ကနေ ဂျပန်အစိုးရကနေ လောပီတရေအား လျှပ်စစ်ဓါတ်အားစီမံကိန်းကို အကူညီ ပေးမယ်လို့ ပြောဆိုမှုအပေါ် အခြေ ခံပြီး ဒီကနေ့မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်အစိုးရ အနေနဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး အကူညီ မပေးခင်မှာ ဒီစီမံကိန်း ဒေသတွေမှာ ပြန်လည် စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်သင့်တယ်လို့ ကရင်နီဖွံ့ဖြိုး တိုးတက်ရေး သုတေသနအဖွဲ့ (KDRG)ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မအဲလီလီက အခုလိုပြောပါတယ်။

ဂျပန်အစိုးရက နေပြီးမှ အမှတ်(၂)စက်ရုံကို ပြုပြင်ဖို့အတွက် အကူအညီ မပေးခင်မှာ ပေါ့နော်။ ဒေသမှာ ရှိနေတဲ့ လူထုတွေရဲ့ အခြေအနေကို သူတို့ အနေနဲ့ ပြန်မှ ဒီစုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်တယ် ပေါ့နော်။ ပြီးတော့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖေါက်မှုကော ရှိနိုင်မှာလား ပေါ့နော်။ ကူညီဖို့ မကူညီဖို့ ဆိုတာက နောက်မှ ပြန်ပြီးမှ စဉ်းစားဖို့ လိုအပ်တာပေါ့။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စံနစ်ကို ပြောင်းလဲလာပြီလို့ ရှူ့မြင် လာတဲ့အတွက် ကယားပြည်နယ်မှာရှိတဲ့ လောပိတ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ အမှတ် (၂) ကို ပြန်လည် ပြုပြင်ဖို့ တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ပေးဖို့ စဉ်းစားနေတယ်လို့ အောက်တိုဘာလ (၂၁) ရက်နေ့က ဂျပန်ဝန်ကြီးဌာန ကနေ ထုတ်ဖေါ်ပြော ကြားခဲ့ပါတယ်။

လက်ရှိလောပီတရေအားလျှပ်စစ်စက်ရုံရှိရာဒေသတ၀ိုက်မှာ မြန်မာစစ်တပ်တွေကနေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေဆဲလို့ မြန်မာနိုင်ငံ မြစ်ချောင်း အင်းအိုင်ကွန်ယက် တာဝန်ခံ ကိုစိုင်းစိုင်းကပြောပါတယ်။

အခုနောက်ဆုံး အခြေအနေက ဒေသလူထု အတွင်းမှာဆိုရင် ပထမဆုံးတော့ မြေမြုပ်မိုင်းတွေ အခုထိ ရှိနေတုန်းဘဲပေါ့နော်။ ဒီဒေသခံ လူထုကလဲ လျှပ်စစ်ကြိုး တစ်လျှောက်ကို ကင်းစောင့်ခိုင်းတာတို့ အတင်းအဓမ္မလုပ်ခိုင်းတာ ဒီလူ့အခွင့်အရေးတွေကျူးလွန်နေတာရှိတာပေါ့နော်။ နောက် အဆိုးဆုံးကတော့ ဒီမိုးဗြဲ ရေကာတာက ရေမထိမ်းနိုင်တဲ့အတွက် ရေလွှတ်တဲ့ အကြောင်းကို ပြည်သူလူထုကို ကြိုတင် မပြောဘဲနဲ့ မိုးဗြဲ ရေကာတာအောက်မှာ ရှိနေတဲ့ ရွာတွေဆိုရင် ရေလွှမ်းမိုး ခံရတယ်။ နောက် အဆိုးဆုံးကတော့ ဒေသလူထု တွေရဲ့ စိုက်ခင်းတွေပေါ့နော်။ အဓိက စပါးစိုက်ထားတဲ့ နေရာတွေ အကုန်လုံး ရေလွှမ်းမိုး ခံရတယ်ပေါ့နော်”

lawpitaburmese

မြန်မာနိုင်ငံအတွင်းရှိ လောပိတ ရေအားလျှပ်စ် ဓါတ်အားပေးစက်ရုံ တည်နေရာ မြေပုံ (ဓါတ်ပုံ  – အင်တာနက်)

လျှပ်စစ် ဓါတ်အားစက်ရုံကို ပြန်လည် တည်ဆောက်ပေးမယ် ဆိုပေမယ့် ဒေသခံ ကယားပြည်သူ တွေအတွက် အကျိုးခံစားခွင့် ရှိနိုင်မယ်လို့ မမျှော်လင့်ဘူးဟု ကရင်နီ ဖွံ့ဖြိုး တိုးတက်ရေး သုတေသနအဖွဲ့ (KDRG) ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မအဲလီလီက အခုလိုပြောပါတယ်။

“လျှပ်စစ်မီးရရှိတာက မြို့နေလူထုလောက်ဘဲရတယ်။ စစ်တပ်တွေရှိတဲ့နေရာလောက်မှာဘဲ။ တကယ့် ဒေသခံ စက်ရုံတွေတည်ရှိတဲ့လောပီတမှာကျေးရွာမှာတောင်မှ ဒီလျှပ်စစ်မီးတွေ မရရှိဘူးပေါ့နော်။ ဒီလျှပ်စစ်မီး တွေဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်မ ဘက်ကိုဘဲ ရောက်ရောက် သွားတယ်ပေါ့နော်”

လောပိတ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံကို ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျပန်အစိုးရကနေ စစ်လျော်ကြေး ပေးတဲ့ အနေနဲ့ တည်ဆောက် ပေးထားပါတယ်။ လောပိတ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြည်သူပေါင်း (၁၂၀၀၀) အိုးအိမ်ကနေ ပြောင်းရွှေ့ ခံရသလို စက်ရုံ စီမံကိန်း လုံခြုံရေးအတွက် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှု အပါအ၀င် ဒေသတွေမှာ ရေပြတ်လပ်မှု ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN) နှင့်အတူ ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (KDRG) တို့ကနေ ဒီကနေ့မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ် သွယ်တန်းရာ မျှော်စင်အနီးတစိုက်မှာ မြေမြုပ်မိုင်း ခန့်မှန်းခြေ (၁၈၀၀၀) မြုပ်နှံ ထားသလို ဒေသခံ ပြည်သူ (၈၀) ရာခိုင်နှုန်းဟာ ယနေ့အထိ လျှပ်စစ်မီး မရသေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အဖွဲ့ရဲ့ အရေးပေါ် ကြေညာ ချက်ထဲမှာ ထုတ်ပြန် ထားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်း စစ်ဖြစ်ပွားနေတဲ့ ကြားကနေ အကူအညီတွေ ရင်းနှီး မြှုပ်နှံမှုတွေ ထပ်လုပ်ရန် စဉ်းစားနေတဲ့ နိုင်ငံများထဲမှ တနိုင်ငံ အပါအ၀င် ဖြစ်ပါတယ်။

Categories: Dam, Local NGOs, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters