Home > ENC, Ethnic Armed Groups > အခြေခံကျသော ပြောင်းလဲမှုများ လိုအပ်သည်ဟု ENC မှ တိုက်တွန်း

အခြေခံကျသော ပြောင်းလဲမှုများ လိုအပ်သည်ဟု ENC မှ တိုက်တွန်း

Wednesday, 02 November 2011 19:50

Written by ကိုသိုက် /ရွှေဟင်္သာ သတင်းဌာန

Dr-Shwe-KharENC ခေါ် တိုင်းရင်းသား လူမျိုးများ ကောင်စီ၏ Press Conference ကို ယနေ့ ထိုင်းနိုင်ငံ နယ်စပ် တစ်နေရာတွင် ကျင်းပပြီးစီး ခဲ့ပြီးဟု ENC အဖွဲ့ဝင် တစ်ဦးမှ ပြောပါသည်။ အစည်းအဝေးတွင် မြန်မာ အစိုးရ အနေနှင့် နိုင်ငံရေး အပြောင်းအလဲ တခုတည်းသာ မဟုတ်ဘဲ တခြား အခြေခံ ကျသည့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တိုက်တွန်း ထားသည်ဟု ENC ခေါ် တိုင်းရင်းသား လူမျိုးများ ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ရွှေခါးမှ ပြောပါသည်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲတွေဟာ  နိုင်ငံရေးရှု့ ထောင့်တစ်ခုထဲ မဟုတ်ပဲနဲ့ တစ်ခြား ရှု့ထောင့် ဖြစ်တဲ့ စီးပွါးရေး လူမူးရေးရှု့ထောင့်ဘက်ကလဲ  ကြည့်ဖို့လိုအပ်ပါတယ်။ အခုပြောင်းလဲနေတဲ့ ဟာက တကယ့်ရှိနေတဲ့ပြဿနာ အများထဲမှာ တစ်ခုဖြစ်တဲ့ ဒီခွဲ ခြားဆက်ဆံခြင်းတို့ အထူသဖြင့် ချစားမှု၊ အဲဒီဟာတွေကိုလဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ မီးမောင်းထိုးချင်လို့ Press လုပ်ခြင်းဖြစ် ပါတယ်။ လက်ရှိအစိုရက အတိုင်အတာ တစ်ခုအနေနဲ့ ပြုပြင်ပြောင်းလဲ သွားနေပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တခုထဲမဟုတ် ပဲနဲ့ စီးပွါးရေး လူမှုရေး ဖက်မှာလည်း ထပ်မံပြုပြင်ပြောင်းလဲဖို့ ကိုလဲ လုပ်ဖို့လိုအပ်တယ်။

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင် အစိုးရသစ် အနေနှင့် တိုင်းရင်းသား ဒေသအပေါ် ထိုးစစ်ဆင်နေသည့် လုပ်ရပ်ကို ရပ်တန့်ရန်လိုသည်ဟု ဒေါက်တာရွှေခါးမှပြောပါသည်။

အခု သမ္မတ သိန်းစိန် အနေနဲ့ အထူးသဖြင့် လက်နက်ကိုင် အင်အာစုတွေကို ငြိမ်ချမ်းရေး လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာ။ အဲဒါက လက်နက်ကိုင် ပဋိပက္ခ ခြင်း မဟုတ်ပဲနဲ့  ဒီလက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေးပဋိပက္ခ ဖြေရှင်းတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်လာအောင်ကို လုပ်သင့်တယ်လို့ ကျွန်တော်တို့ကယူဆပါတယ်။ တကယ့် လို့များသမ္မတ သိန်းစိန်အနေနဲ့  ငြိမ်ချမ်းရေးကို တကယ့်တည် ဆောက်ချင်တယ်ဆိုရင် တကယ့်ဆန္ဒ အမှန်ရှိဖို့ လိုအပ်တယ်။ ပြည်တွင်းငြိမ်ချမ်းရေး လုပ်ချင်တဲ့ ဆန္ဒအမှန်ကို ဖေါ်ပြတဲ့အနေနဲ့ ပထမအဆင့်အနေနဲ့ ထိုးစစ်ဆင်နေတဲ့ ကိစ္စကို အတိုင်အတာ တစ်ခုအနေနဲ့ လျော့ချရပ်ပစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် တို့ယူ ဆပါတယ်

ENC ခေါ်တိုင်းရင်းသား လူမျိုးများ ကောင်စီအဖွဲ့သည် ပြည်နယ် အလိုက်၌ရှိသော တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် စုဖွဲ့ထားသလို နိုင်ငံရေးလူမှုရေး ပညာရေးအဖွဲ့အစည်းများတွင်လည်း နိုင်ငံတကာရေးရာ လှုပ်ရှားမှု များလည်းပြုလုပ်နေသည်ဟု တွဲဘက် အတွင်းရေးမှူး နိုင်ကဆော့မွန်မှပြောပါသည်။ ၄င်းအပြင် တိုင်းရင်းသား လူမျိုးစုများ၏ လက်နက်ကိုင်တော်လှန်ရေး အနေအထားကိုလည်း နိုင်ငံတကာမှ သိရှိနား လည် သဘောပေါက် အောင် ENCမှ ကြိုးပမ်းလုပ်ဆောင်နေသည်ဟု နိုင်ကဆော့မွန်မှယခုလိုပြောပါသည်။

ENc_02

ENC Press Conference မြင်ကွင်း (ဓါတ်ပုံ – အင်တာနက်)

ကျွန်တော်တို့ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်လှုပ်ရှားမူကို အကြမ်းဖက်သမားလိုလို နောက်ပီး တရားမဝင် သောင်းကျန်းမှု လုပ်နေသလိုလို နိုင်ငံရေးအရ မမြင်တတ်တဲ့ အခြေနေမှာ ရှိပါတယ် အဲဒါကို နိုင်ငံ တကာမှာ အီးအန်စီ ခေါင်ဆောင်တွေ သွားရောက်ပြီတော့မှ နိုင်ငံတကာ အစိုးရအနေနဲ့ ဖြစ်ဖြစ် နိုင်ငံတကာ လူမူ အဖွဲ့အစည်းအနေနဲ့ရော အန်ဂျီအိုတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အရေးဟာ ဘာလဲဆိုတာ သိမြင်အောင် ပြောဆိုဖို့ လိုပါတယ်။ နောက်တစ်ချိန်ထဲမှာပဲ ဘာကြောင့် ဒီတိုင်းရင်းသားတွေက လက်နက်ကိုင် ခုခံတော်လှန်းနေတဲ့ ကိစ္စကိုလည်း သူတို့နားလည်အောင် ကျွန်တော်တို့ တတ်နိုင်သလောက် ပြောပေးနေပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ ပြသနာတွေထဲက တိုင်းရင်းသား ပြဿနာဟာလည်း အဓိက တစ်ခုပါဝင်တယ် ဆိုတာ အခုသူတို့က ပြောဆိုလာနေတယ်ဆိုတာ  ကျွန်တော်တို့ တွေ့လာနေရပါတယ်။

အီးအန်စီသည် မြန်မာစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို လုံးဝလက်မခံကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း၊ သို့ရာတွင် ၀င်ရောက် အရွေးခံမည့် တိုင်းရင်းသားအဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးမည့် ပြည်သူလူထုကို ဆန့်ကျင် တိုက်ခိုက်သွားမည် မဟုတ်ကြောင်း ယခင်က သဘောထား ထုတ်ပြန်ခဲ့ပါသည်။ တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ)- Ethnic Nationalities Council (Union of Burma) ကို တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ နှင့် ဖွဲ့စည်းထားသည်။

Categories: ENC, Ethnic Armed Groups
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters