Home > ABSDF, Interview, Oppositon, Outside > ဒီမိုက​ရေစီအသွင်​ပြောင်း​ရေး​အတွက် စိတ်ချရသည့်​ အခင်း​အကျင်း​မဟုတ်​သေး​ဟု ​ကျောင်း​သား​တပ်မ​တော် ​ပြော

ဒီမိုက​ရေစီအသွင်​ပြောင်း​ရေး​အတွက် စိတ်ချရသည့်​ အခင်း​အကျင်း​မဟုတ်​သေး​ဟု ​ကျောင်း​သား​တပ်မ​တော် ​ပြော

Published on November 1, 2011 by ဒီဗွီဘီ  ·

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်း​နေမှု​တွေဟာ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​အ တွက် စိတ်ချရတဲ့​ အခင်း​အကျင်း​ မဟုတ်​သေး​ဘူး​လို့​ ​အေဘီအက်စ်ဒီအက်ဖ် ​ကျောင်း​သား​တပ်မ​တော်က ​ပြောကြား​လိုက်ပြီး​ နိုင်ငံ​ရေး​၊​ စစ်​ရေး​တိုက်ပွဲ​တွေ ဆက်လုပ်သွား​မယ်လို့​ ​ကြေညာလိုက်ပါတယ်။

“ဦး​သိန်း​ စိန် ဦး​ဆောင်တဲ့​ စစ်တပိုင်း​အစိုး​ရဟာ ၂၀၀၈ ဖွဲ့​စည်း​ပုံအ ​ခြေခံဥပ​ဒေ​ဘောင်ထဲကို အတိုက်အခံ နိုင်ငံ​ရေး​အင်အား​စု​တွေအား​လုံး​ ပူး​ပေါင်း​လာ​အောင် နည်း​ပရိယာယ်နဲ့​ သိမ်း​သွင်း​စည်း​ရုံး​နေတာ” လို့​ ​အေဘီအက်စ်ဒီအက်ဖ် – မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ်တပ်ဦး​ ၂၃ နှစ်ပြည့်​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။

အဓိပ္ပာယ်ပြည့် ​ဝတဲ့​ နိုင်ငံ​ရေး​ဖြစ်ထွန်း​မှု ဖြစ်မဖြစ် သတိကြီး​ကြီး​နဲ့​ ​စောင့်​ကြည့်​ဖို့​ လိုသလို စစ်အုပ်စုအလိုကျ ၂၀၀၈ ဖွဲ့​စည်း​ပုံထဲ နယ်မကျွံဖို့​လည်း​ အ​လေး​ထား​ရမယ်လို့​ ​ကျောင်း​သား​တပ်မ​တော်က သတိ​ပေး​ပါတယ်။

ကျောင်း​သား​ တပ်မ​တော်ရဲ့​ လက်ရှိရပ်တည်ချက်နဲ့​ ​ဆောင်ရွက်မှု​တွေကို သိရဖို့​ ​အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲ​ဘော်သံခဲကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ကျောင်း ​သား​တပ်မ​တော် အ​နေနဲ့​ ဘယ်အချိန် ကာလ​လောက်အထိ လက်နက်ကိုင်​တော်လှန်​ရေး​ လုပ်ငန်း​စဉ်ကို ဆက်ပြီး​တော့​ ဆင်နွှဲသွား​မယ်လို့​ ဆုံး​ဖြတ်ချက် ချထား​ပါသလဲ။

အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ ကိုသံခဲ

“ကျ​နော်တို့​ တ​တွေရဲ့​ နိုင်ငံ​ရေး​ဦး​တည်ချက် ​လေး​ရပ်ရှိတယ်။ တစ်က​တော့​ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ပ​ပျောက်​ရေး​။ ဒုတိယ တခုက​တော့​ ဒီမိုက​ရေစီနဲ့​ လူ့​အခွင့်​အ​ရေး​။ တတိယက ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​။ စတုတ္ထက ဖယ်ဒရယ် ပြည်​ထောင်စု ​ပေါ်ထွန်း​ရေး​ ဆိုတဲ့​ ဦး​တည်ချက် ​လေး​ရပ်ကို အ​ကောင်အထည်​ဖေါ်တဲ့​ ​နေရာမှာ အ​ကောင်း​ဆုံး​နည်း​လမ်း​ဟာ နိုင်ငံ​ရေး​အရ အဓိပ္ပာယ် ပြည့်​ဝတဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေကတဆင့်​ ​ဖော်​ဆောင်သွား​တာဟာ အ​ကောင်း​ဆုံး​ပါပဲ။ ဒီနိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေဟာ အဆိုပါဦး​တည်ချက်​တွေကို ​ရောက်ဖို့​အတွက် အလား​အလာ ​ကောင်း​တွေ ရှိ​နေတယ်၊​ အလား​အလာ​ကောင်း​တွေ ​ပေါက်​မြောက်သွား​ပြီ​ဟေ့​ ဆိုရင်​တော့​ ကျ​နော်တို့​တွေရဲ့​ ဒီ ချမှတ်ထား​တဲ့​ တိုက်ပွဲ​တွေ၊​ နိုင်ငံ​ရေး​လုပ်ငန်း​စဉ်​တွေ ပြီး​ဆုံး​တယ်လို့​တောင် မဆိုနိုင်​သေး​ပါဘူး​။ အဲဒါကို​တောင်မှ ကျ​နော်တို့​တွေ အ​နေနဲ့​က အား​လုံး​နဲ့​အတူ လက်တွဲပြီး​တဲ့​ အခါကျ​တော့​မှ တိုင်း​ပြည်တည်​ဆောက်​ရေး​တွေကို ဆက်လက်​ဆောင်ရွက်သွား​ ရမှာဖြစ်ပါတယ်။”

ကျောင်း ​သား​တပ်မ​တော်က လူထုတိုက်ပွဲနဲ့​ လက်နက်ကိုင် ​တော်လှန်​ရေး​ကို ​ပေါင်းစပ်ဆင်နွှဲမယ်ဆို​တော့​ အဲဒီ လုပ်ငန်း​စဉ်က​ရော ဘယ်အ​ခြေအ​နေ ရှိပါသလဲ။

“၂၀၁၁ ညီလာခံမှာလည်း​ ကျ​နော်တို့​ ​နောက်ဆုံး​ဆွဲကိုင်တဲ့​ ​သေနင်္ဂဗျူဟာက လူထုတိုက်ပွဲနဲ့​ လက်နက်ကိုင်​တော်လှန်​ရေး​ ​ပေါင်း​စပ် ​အောင်ပွဲခံ​ရေး​ ​သေနင်္ဂဗျူဟာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ အဲဒီ ​သေနင်္ဂဗျူဟာကို ဆွဲကိုင်ထား​ဆဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော်တို့​ ဗမာပြည်ထဲမှာ ဖြစ်​နေတဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေဟာ ကျ​နော်တို့​ ​မျှော်မှန်း​ထား​တဲ့​ အဓိပ္ပာယ်ပြည့်​ဝတဲ့​၊​ တန်း​တူရည်တူရှိတဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေ မဖြစ်​သေး​ဘူး​။ ကျ​နော်တို့​ ​မျှော်မှန်း​ထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ မလွတ်​သေး​ဘူး​။ ကျ​နော်တို့​ ​မျှော်မှန်း​ထား​တဲ့​ တတိုင်း​ပြည်လုံး​ ငြိမ်သက်မှု​တွေ မရှိ​သေး​ဘူး​။ နိုင်ငံ​ရေး​လည်း​ မတည်ငြိမ်သလို စစ်​ရေး​အ​ခြေအ​နေ​တွေကလည်း​ တတည်ငြိမ်ဘူး​။ ဒါဟာ ဘာဖြစ်လို့​လဲဆိုရင် ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံအ​ခြေခံဥပ​ဒေ​နောက်က ​ပေါ်ထွက်လာတဲ့​ ​ရွေး​ကောက်ပွဲလွန်ကာလ အခင်း​အကျင်း​ပဲ ဖြစ်ပါတယ်။ ဒီအခင်း​အကျင်း​ဟာ အခုအချိန်အထိ ဆက်လက်ပြီး​ ရိုက်ခတ်​နေဆဲ ဖြစ်တယ်လို့​ ကျ​နော်တို့​က ယူဆပါတယ်။”

မြန်မာပြည်တွင်း ​က အဓိက နိုင်ငံ​ရေး​အင်အား​စုကြီး​တွေ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်တို့​ ဘာတို့​ ​ရွေး​ကောက်ပွဲဝင်ဖို့​ စဉ်း​စား​နေကြပြီ။ ​နောက်ပြီး​ ဒီ ​ရွေး​ကောက်ပွဲ ဥပ​ဒေပြင်ဆင်​ရေး​ကို သူတို့​ ​တောင်း​ဆိုတာလည်း​ ​တွေ့​ရတယ်ဆို​တော့​ ​ကျောင်း​သား​တပ်မ​တော်အ​နေနဲ့​ရော ဘယ်လိုများ​ ​ပြောင်း​လဲဖို့​ ရှိပါသလဲ။

“ကျ​နော်တို့​ အ​နေနဲ့​ ဒီ​သေနင်္ဂဗျူဟာကို ​ပြောင်း​လဲစရာ အ​ကြောင်း​ မရှိ​သေး​ဘူး​လို့​ ကျ​နော်တို့​ ယူဆပါတယ်။ ဒီ​နေ့​ပြော​နေတဲ့​ ​ရွေး​ကောက်ပွဲ ဥပ​ဒေ တခုတည်း​ ပြင်လိုက်ရုံနဲ့​ ကျ​နော်တို့​ တိုင်း​ပြည်ရဲ့​ နိုင်ငံ​ရေး​ပြဿနာဟာ ​ဖြေရှင်း​သွား​နိုင်တာ မဟုတ်ဘူး​လို့​ ထင်ပါတယ်။ ဗမာပြည်မှာ ဒီမိုက​ရေစီ​ရေး​၊​ တန်း​တူအခွင့်​အ​ရေး​တွေ ရရှိဖို့​အတွက် တိုက်ပွဲဝင်တဲ့​အခါမှာ အ​ခြေခံအ​ကြောင်း​ရင်း​ကို ကျ​နော်တို့​ ABSDF က အခုလို ရှုမြင်ပါတယ်။

“၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဟာ ဒီ​နေ့​ ဗမာပြည်နိုင်ငံ​ရေး​ရဲ့​ အဟန့်​အတား​ တခုလို့​ ကျ​နော်တို့​ ယူဆပါတယ်။ အဲဒီ ယူဆချက်ကို ​ကျော်လွှား​ဖို့​ဆိုရင် ကျ​နော်တို့​ အား​လုံး​ဟာ လွှတ်​တော်ထဲက​နေ သွား​ပြီး​တော့​ ​ဖြေရှင်း​ရင် အဲဒီ ​ဖြေရှင်း​တဲ့​ ပုံစံဟာ ၂၀၀၈ ​ဘောင်ထဲကို ဝင်သွား​လိမ့်​မယ်။ လွှတ်​တော် ​ဘောင်အပြင်က​နေပြီး​တော့​မှ အခုလို ​တွေ့​ဆုံပွဲ​တွေမျိုး​ကို ကြိုး​စား​နေတာကို ကျ​နော်တို့​ ကြိုဆိုပါတယ်။ ​နောက် တချက်က​တော့​ ဘာပဲဖြစ်ဖြစ် ဒီ​နေ့​ တိုင်း​ပြည်မှာ တဖက်နဲ့​ တဖက်ကြား​မှာ ယုံကြည်မှု​တွေ ကင်း​မဲ့​နေတာ​တော့​ အမှန်ပါပဲ။ ဒီထက် ယုံကြည်မှု​တွေ တည်​ဆောက်ဖို့​ကို ပထမ​ခြေလှမ်း​အ​နေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​ကို လွှတ်​ပေး​သင့်​တယ်။ တတိုင်း​ပြည်လုံး​မှာ တိုက်ခိုက်​နေတဲ့​ အတိုက်အခိုက်​တွေကို ရပ်စဲသင့်​တယ်လို့​ ကျ​နော် ဒီ​နေရာက ​တောင်း​ဆိုပါတယ်။”

လက်ရှိ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ ဒီ ​ကျောင်း​သား​တပ်မ​တော်နဲ့​ ပူး​ပေါင်း​တိုက်ပွဲဝင်​နေမှု လက်တွဲတိုက်ပွဲဝင်​နေမှု အ​ခြေအ​နေက ဘယ်လို ရှိပါသလဲ။

“ကျ​နော်တို့​ ​ကျောင်း​သား​တပ်မ​တော်​မွေး​ဖွား​ကတည်း​ကိုက အ​ခြေပြုရတဲ့​ ​နေရာ​တွေဟာ တိုင်း​ရင်း​သား​ အမျိုး​သား​ရေး​၊​ ​တော်လှန်​ရေး​အတွက် တိုက်ပွဲဝင်​နေတဲ့​ အဖွဲ့​အစည်း​တွေရဲ့​ အ​ခြေပြုရာ ​ဒေသ​တွေပဲ ဖြစ်ပါတယ်။ ဥပမာ ဆိုကြပါဆို့​ဗျာ ဒီ​ကေဘီ​အေ က​နေပြီး​တော့​မှ နယ်ခြား​စောင့်​တပ်ဖွဲ့​ကို လက်မခံလို့​ နအဖကို ပြန်လည်​တော်လှန်တဲ့​အခါမှာ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ်က သူတို့​နဲ့​ ပြန်ပြီး​တော့​မှ သွား​ပြီး​ ပူး​ပေါင်း​တယ်။ လက်တွဲတိုက်ပွဲဝင်တယ်။ ​ကေအန်ယူ နဲ့​ဆိုရင် ကျ​နော်တို့​က ​တောက်​လျှောက် ​အေဘီအက်စ်ဒီအက်ဖ် စတင် ဖြစ်​ပေါ်လာကတည်း​ကိုက ​ကေအန်ယူ နယ်​မြေထဲမှာ ကျ​နော်တို့​ ဖြစ်​ပေါ်လာတယ်။ အခုအချိန်ထိလည်း​ ကျ​နော်တို့​ ဒီ ​ကေအန်ယူ နယ်​မြေထဲမှာ ဆက်စပ်ပြီး​တော့​ ​ဆောင်ရွက်​နေတယ်။ ​ကေအန်ပီပီ ဆိုလည်း​ အလား​တူပါပဲ။

“​နောက်တချက် ထူး​ခြား​တာက ဒီ ၂၀၁၀ လွန်ကာလမှာ ကျ​နော်တို့​အ​နေနဲ့​ ကချင်လွတ်​မြောက်နယ်​မြေ​ဒေသမှာ ​အေဘီအက်စ်ဒီအက်ဖ် ​မြောက်ပိုင်း​ကို ပြန်လည်း​ စုဖွဲ့​နိုင်ခဲ့​တာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ​ကေအိုင်အို နဲ့​ နဝတ၊​ နအဖ တို့​က အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ပြီး​တဲ့​ ​နောက်ပိုင်း​မှာ ​ကေအိုင်အို နယ်​မြေထဲက​နေ ​ကျောင်း​သား​တပ်မ​တော် ထွက်ခွာခဲ့​ရတယ်။ ဒါ​ပေမယ့်​ အခုအချိန်မှာ ​ကျောင်း​သား​တပ်မ​တော် အလံကို ပြန်ပြီး​တော့​မှ ​ကေအိုင်အို နဲ့​အတူ လက်တွဲ​ဆောင်ရွက်နိုင်ဖို့​ အ​ခြေအ​နေ ကျ​နော်တို့​ ပြန်လည်ပြီး​တော့​ ရရှိခဲ့​တယ်။ အတူတကွ တိုက်ပွဲ​တွေ၊​ အတူတကွ ဘဝ​တွေကို ရင်ဆိုင်ဖို့​အတွက် ကျ​နော်တို့​ အား​လုံး​ ညှိညှိနှိုင်း​နှိုင်း​နဲ့​ ​ဆောင်ရွက်နိုင်တာဟာ ခင်ဗျား​မေး​တဲ့​ ဥပမာ​တွေထဲက အချက်​တွေပဲ ဖြစ်ပါတယ်။”

လက်ရှိ ​ကျောင်း​သား​တပ်မ​တော်ရဲ့​ အင်အား​နဲ့​ ဒီ ရုပ်ပိုင်း​ဆိုင်ရာ ပြည်တွင်း​ပြည်ပ အထောက်အပံ့​ ရရှိမှု အ​ခြေအ​နေ​လေး​ရော ​ပြောနိုင်မလား​။

“ကျ​နော်တို့​ ​ကျောင်း​သား​တပ်မ​တော်အ​နေနဲ့​ ရုပ်ဝတ္ထုပိုင်း​ဆိုင်ရာ၊​ ​ငွေ​ကြေး​ပိုင်း​ဆိုင်ရာ မည်သည့်​နိုင်ငံကမှ ​ထောက်ပံ့​မှု ရရှိတာ မဟုတ်ပါဘူး​။ ကျ​နော်တို့​တွေရဲ့​ ရပ်တည်မှုက နိုင်ငံတကာမှာ ​ရောက်​နေတဲ့​ ကျ​နော်တို့​ တပ်ဖွဲ့​ဝင်​တွေ၊​ ​နောက်တခုက​တော့​ နိုင်ငံတကာမှာ ​ရောက်​နေတဲ့​ မျိုး​ချစ်အင်အား​စု​တွေရဲ့​ တသီး​ပုဂ္ဂလ ​ထောက်ပံ့​မှုနဲ့​ပဲ ကျ​နော်တို့​တွေက ရပ်တည်​နေရတာ ဖြစ်ပါတယ်။ ကျ​နော်တို့​နဲ့​ အတူတကွ လက်တွဲ

ဆောင်ရွက်​ နေတဲ့​ မဟာမိတ်တိုင်း​ရင်း​သား​ ​တော်လှန်​ရေး​အင်း​အား​စု​တွေရဲ့​ ကျ​နော်တို့​အ​ပေါ်မှာ တချို့​ရဲ့​ အကူအညီကို ကျ​နော်တို့​ ရရှိပြီး​တော့​ပဲ ကျ​နော်တို့​ ဆက်လက်ချီတက်​နေတာ ဖြစ်ပါတယ်။ ဒီအ​ခြေအ​နေ​အောက်မှာ ကျ​နော်တို့​ရဲ့​ အင်အား​ကို အတိအကျ ​ပြောရတာ ခက်​နေပါ​သေး​တယ်။”

၂၃ နှစ်တာ ​ကျောင်း​သား​တပ်မ​တော်ရဲ့​ ​တော်လှန်​ရေး​ကာလမှာ သင်ခန်း​စာ ယူမယ်ဆိုရင် ဘယ်အချက်ကိုများ​ ​ပြောချင်ပါသလဲ။

“ကျ​နော်တို့​ တွေရဲ့​ အကြီး​မား​ဆုံး​ သင်ခန်း​စာအ​နေနဲ့​ ​ပြောချင်တာက ကျ​နော်တို့​ ညီညွတ်​ရေး​က အဓိကလို့​ ထင်ပါတယ်။ ကျ​နော်တို့​ ညီညွတ်​ရေး​ ပြိုကွဲမှု​တွေ ရှိခဲ့​ဘူး​ပါတယ်/ အဲဒီလိုဟာမျိုး​တွေကို ပြန်လည်ပြီး​တော့​ ​ပေါင်း​စည်း​ဖို့​ကိုလည်း​ ကျ​နော်တို့​ လုပ်ခဲ့​ဖူး​ပါတယ်။ ဒါ​ကြောင့်​မို့​ ကျ​နော် ​ပြောချင်တာက ​ကျောင်း​သား​တပ်မ​တော်အတွင်း​မှာ ကျ​နော်တို့​ ညီညွတ်​ရေး​ဟာ အင်မတန်မှ အဓိက ကျတယ်လို့​ ထင်တယ်။”

ကျောင်း ​သား​တပ်မ​တော်ရဲ့​ ဒီ​တော်လှန်​ရေး​ သမိုင်း​တ​လျှောက် အနှစ် ၂၀ ​ကျော် သမိုင်း​မှာ ထိခိုက်ကျဆုံး​မှု ဘယ်​လောက်များ​ ရှိခဲ့​ပါသလဲ။

“ကျ​နော်တို့​ ဒီ ၂၃ နှစ်တာ ကာလအတွင်း​မှာ ​သေသွား​တဲ့​လူတွေက သူရဲကောင်းတွေပေါ့ဗျာ။ အင်အား​အ​နေနဲ့​ဆိုရင် စာရင်း​အရ ၁၀၂၄ ​ယောက် ရှိပါပြီ။ ဒီဟာက ကျ​နော်တို့​အတွက် အင်မတန်မှ ​ကြေကွဲဖွယ်ရာ ဖြစ်ပါတယ်။ ဒါ​တွေဟာ ကျ​နော်တို့​အတွက် အာဇာနည်​တွေလို့​ ကျ​နော် ယူဆပါတယ်။ ဒီ​နေ့​ ​ထောင်ထဲမှာ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ် ရဲ​ဘော်​တွေ ရှိပါ​သေး​တယ်။ ဒါ​တွေကလည်း​ သူရဲ​ကောင်း​တွေပါ။ မကြာခင်ကမှပဲ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ် ရဲ​ဘော်​တွေ ပြန်လည် လွတ်​မြောက်လာတာကို ကျ​နော်တို့​ ကြား​ရပါတယ်။ ဒီအ​ပေါ်မှာလည်း​ ကျ​နော်တို့​ အများ​ကြီး​ ဝမ်း​သာကြိုဆိုတဲ့​အ​ကြောင်း​ ​ပြောချင်ပါတယ်။”

အများ​ကြီး​ ပါပဲခင်ဗျာ။ စာရင်း​ဇယား​အရ လုံခြုံမှုအရ ကျ​နော်တို့​ အတိအကျ မထုတ်ပြန်နိုင်​ပေမယ့်​ အကျဉ်း​ထောင်​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​အဖြစ် ဆက်လက်ပြီး​တော့​ ကျခံ​နေရတဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ရဲ​ဘော်​တွေ အများ​ကြီး​ ကျန်​သေး​တယ်လို့​ ဒီ​နေရာက ​ပြောချင်ပါတယ်။”

နိုဝင်ဘာ ၁ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ၂၃ နှစ်ပြည့်​ အခမ်း​အနား​ကို ဌာနချုပ်ရှိရာ ထိုင်း​ – မြန်မာနယ်စပ်ရှိ ​ဒေါင်း​ခွင်စခန်း​မှာ ကျင်း​ပသလို နိုင်ငံတကာ​ရောက် ​ကျောင်း​သား​တပ်ဖွဲ့​ဝင်​တွေကလည်း​ အသီး​သီး​ကျင်း​ပကြပါတယ်။ ထိုင်း​နိုင်ငံ မဲ​ဆောက်မြို့​၊​ ချင်း​မိုင်မြို့​တို့​မှာလည်း​ အလား​တူကျင်း​ပရာမှာ ကျဆုံး​ခဲ့​တဲ့​ ​ကျောင်း​သား​ရဲ​ဘော်​တွေအတွက် ​ရေစက်ချ အမျှ​ဝေကြပါတယ်။

ကျောင်း​သား​ တပ်မ​တော်ဟာ ၁၉၉၀ ပြည့်​နှစ်ကာလတုန်း​က ထိုင်း​နယ်စပ်၊​ အိန္ဒိယ၊​ တရုတ်၊​ ဘင်္ဂလား​ဒေ့​ရှ် စတဲ့​ နယ်စပ်​ဒေသ​တွေမှာ စုစု​ပေါင်း​အင်အား​ တ​သောင်း​ကျော်အထိ ရှိခဲ့​တယ်လို့​ ​ကျောင်း​သား​တပ်မ​တော် ဥက္ကဋ္ဌ ရဲ​ဘော်သံခဲက ​ပြောပါတယ်။

စစ်အစိုး​ရနဲ့ ​ လက်နက်ကိုင်အင်အား​စု​တွေ အပစ်အခတ်ရပ်စဲ​ရေး​ စတင်လာပြီး​နောက် ၂၀၀၄ – ၂၀၀၅ ​အေဘီအက်စ်ဒီအက်ဖ်ဟာ အင်အား​အနည်း​ဆုံး​ ဖြစ်လာခဲ့​ပြီး​နောက် ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​နောက်ပိုင်း​မှာ ပူး​ပေါင်း​အင်အား​ ပြန်တိုး​လာတယ်လို့​ ရဲ​ဘော်သံခဲက ​ပြောပါတယ်။

လက်ရှိမှာ ​အေဘီအက်စ်ဒီအက်ဖ်ဟာ ​ကေအန်ယူ၊​ ဒီ​ကေဘီ​အေ၊​ ​ကေအိုင်​အေ၊​ ​ကေအန်ပီပီ စတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ပူး​ပေါင်း​တိုက်ပွဲဝင်​နေပါတယ်။

၁၉၉၃ ခုနှစ်မှာ ​ကေအိုင်အို (ကချင်လွတ်​မြောက်​ရေး​အဖွဲ့​)က စစ်အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲလိုက်ပြီး​နောက်မှာ ​ကေအိုင်အိုနယ်​မြေက​နေ ထွက်ခွာခဲ့​ရတဲ့​ ​အေဘီအက်စ်ဒီအက်ဖ်(​မြောက်ပိုင်း​)ကို အခု ပြန်လည်ဖွဲ့​စည်း​ထား​ပြီး​ ၂၃ နှစ်​မြောက်​နေ့​မှာ ရုံး​ခန်း​ဖွင့်​လှစ်ပွဲ ကျင်း​ပသွား​ပါတယ်။ ​အေဘီအက်စ်ဒီ အက်ဖ်(​မြောက်ပိုင်း​)ဟာ ​ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်)နဲ့​ ပြန်လည်လက်တွဲပြီး​ တိုက်ပွဲဝင်​နေတယ်လို့​ ရဲ​ဘော်သံခဲက ​ပြောပါတယ်။

Categories: ABSDF, Interview, Oppositon, Outside
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters