Home > Economic, Farmer, Private company >  တစ်ဧကလျှင် တင်း ၁၀၀ အထက်ထွက်သော တောင်သူ ၉၇ ဦးရှိပြီး အထူးပြုကုမ္ပဏီက အာမခံထားသည့်အတိုင်း ကျပ်လေးသိန်းဖြင့် ၀ယ်ယူလျှက်ရှိ

 တစ်ဧကလျှင် တင်း ၁၀၀ အထက်ထွက်သော တောင်သူ ၉၇ ဦးရှိပြီး အထူးပြုကုမ္ပဏီက အာမခံထားသည့်အတိုင်း ကျပ်လေးသိန်းဖြင့် ၀ယ်ယူလျှက်ရှိ

news-eleven.Wednesday, 02 November 2011 13:32

b31_05

ရိတ်သိမ်းလာသောစပါးကို သယ်ဆောင်လာသော လယ်လုပ်သားနှစ်ဦး

ဓနုဖြူမြို့နယ်တွင်တစ်ဧကလျှင် တင်း ၁၀၀ အထက်ထွက်ရှိသော တောင်သူ ၉၇ ဦးရှိခဲ့ပြီး အထူးပြု ကုမ္ပဏီကအာမခံကတိပြုထားသည့် အတိုင်းကျပ်လေးသိန်းဖြင့် ၀ယ်ယူ လျှက်ရှိကြောင်း သိရသည်။

တစ်ဧကလျှင် တင်း ၁၀၀ အထက်ထွက်သော တောင်သူ ၉၇ ဦး ၏ လယ်ဧကမှာ ၂၅၄ ဧကရှိကြောင်း သိရသည်။ ရွာပေါင်း ၄၆၈ ရွာရှိ သည့်အနက် ဈေးနှုန်း အာမခံချက်ပေးထားသော အာမခံလယ်ယာစနစ်ကို ရွာပေါင်း ၁၈၈ ရွာတွင် အကောင်အထည်ဖော်ခဲ့ပြီး လယ်ဧကပေါင်း ၁၅၉၃ ဧကမှာ တစ်ဧကလျင် ၈၅ တင်းအထက် ထွက်ရှိခဲ့ကြောင်း သိရသည်။ ယင်းစနစ်ဖြင့် စာချုပ်လုပ်ကိုင်သော တောင်သူအရေအတွက်မှာ ၇၂၃ ဦးရှိကြောင်း သိရသည်။ 

”တောင်သူတွေအနေနဲ့ ကြိုက်တဲ့နည်းနဲ့စိုက်နိုင်ပြီး တင်း ၁၀၀ ထွက်အောင် ကြိုးစားစေချင်လို့ ဒီစနစ်ကို ကျင့်သုံးခဲ့တာပါ။ တကယ်လုပ်ရင် ထွက်တယ်ဆိုတာကိုလည်း သိစေချင်လို့ပါ။ အခုတွေ့ရတာဆိုရင် တင်း ၁၀၀ ထွက်တာရှိသလို တင်း ၁၀၀ ကျော် ထွက်တာလည်း တွေ့ရတယ်။ အရင်ကဆို တချို့တောင်သူတွေက တစ်ဧကကို တင်း ၁၀၀ ထွက်တယ်ဆိုတဲ့အပေါ်မှာ ယုံကြည်မှုမရှိကြဘဲ လက်တွေ့မြင်မှသာ ယုံကြတာပါ။ အခုတော့ တကယ်ထွက်တယ်ဆိုတာကို မြင်တွေ့လာရလို့ နောက်နှစ်တွေ မှာ ပိုအားစိုက်လာနိုင်တဲ့အနေအထား တွေ့ရတယ်။ ဒီစနစ်လုပ်ပြီးတဲ့နောက် လယ်အများစုက အရင်နှစ်တွေထက် ၁၅ တင်း၊ တင်း ၂၀ ပိုထွက်လာပါ တယ်။ အရင်တုန်းကဆိုရင် တစ်ဧက အထွက်နှုန်းကတင်း ၇၀ လောက်ပဲ ရှိပါတယ်” ဟု ဓနုဖြူမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တစ်ဧကလျှင် တင်း ၁၀၀ ထွက် ရှိပါက ကျပ်လေးသိန်းဖြင့် ၀ယ်ယူသောအမျိုးအစားမှာ ဆင်းသွယ်လတ် နှင့် မှော်ဘီ ၂ တို့ဖြစ်ပြီး ကျန်စပါးအမျိုးအစားများမှာ ကျပ်သုံးသိန်းခွဲခန့်သာ ရရှိကြောင်း သိရသည်။ ကျန်စပါး စိုက်ပျိုးသော တောင်သူများမှာ လည်း ဆင်းသွယ်လတ်နှင့် မှော်ဘီ ၂ ပြောင်းလဲစိုက်ပျိုးရန် ပြင်ဆင်လာကြကြောင်း သိရသည်။ အထူးပြုကုမ္ပဏီဘက်ကလည်း ဓာတ်မြေသြဇာစသည်တို့သာမက နည်းပညာကိုပါ ပံ့ပိုးပေးကြောင်း သိရသည်။ ၆.၆ ပေအကွက်များဖြင့် ရိတ်သိမ်းတွက်ချက်သွားခြင်းဖြစ်ပြီး တစ်ဧကလျှင် ထိုကဲ့သို့ အကွက်ပေါင်း ၁၀၀၀ ရှိကြောင်း သိရသည်။
”လယ်တစ်ဧကရဲ့ သွင်းအားစု အရင်းအနှီးက ကျပ်နှစ်သိန်းကျော်၊ သုံးသိန်းနီးပါးလောက်ရှိပြီး ကျပ်လေးသိန်းလောက်ဆိုရင် ရောင်းနိုင်ပါတယ်။ ကျပ်ငါးသိန်းစသဖြင့် အဲဒီထက်ပိုရရင် ပိုကောင်းမှာပါ။ အပြင် ၀ယ်ဈေး ကျပ် ၂၈၀၀၀၀၊ ၃၀၀၀၀၀ လောက်ဆိုရင်တော့ ဘယ်လိုမှမကိုက်ပါဘူး” ဟု နှစ် ၂၀ ကြာလယ်ယာ လုပ်ကိုင်လာခဲ့သော တောင်သူလယ်သမားတစ်ဦးက ပြောပြခဲ့သည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters