Home > Legislature, lower House >  မြန်မာ-ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားမည်

 မြန်မာ-ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားမည်

news-eleven.Wednesday, 02 November 2011 13:22

မြန်မာ-ဂျပန် လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ၂၅ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၄၁ ရက် မြောက်နေ့၌ ပြောကြားခဲ့သည်။

”အောက်တိုဘာလ ၁၉ရက်နေ့ က ဂျပန်-မြန်မာပါလီမန်အမတ် များချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌဟောင်းနဲ့ ၀ါရင့်အထက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Mr. Watanabe Hideo  က မိမိကို လာရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံတဲ့နေရာမှာ မြန်မာ-ဂျပန် လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ချစ်ကြည်ရေး ပိုမိုတိုးတက်စေရေးအတွက် မြန်မာ-ဂျပန် လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေး အဖွဲ့ ဖွဲ့စည်းတည်ထောင်ပေးရန်လည်း သူတို့ဘက်က အဆိုပြုခဲ့ပါတယ်။ ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး မြန်မာ-ဂျပန် လွှတ်တော်ကိုယ်စားလှယ်များ သူ့တို့ဘက်က မြန်မာ-ဂျပန်ပါလီမန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေး အဖွဲ့ကိုဆောင်ရွက်ဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို တာဝန်ပေးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရေးကို အားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင် အဆင့်အတန်းမြင့်မားရန် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး စသည်တို့တွင် အကူအညီအထောက်အပံ့များ ပေးသွားလိုကြောင်း

အဆိုပါအဖွဲ့ဥက္ကဋ္ဌအဖြစ် မြိတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်ကို လည်းကောင်း၊ ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာကို အတွင်းရေးမှူးအဖြစ်လည်းကောင်း အသီးသီး တာဝန်ပေး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဂျပန်-မြန်မာပါလီမန်အမတ်များ ချစ်ကြည်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးကို အားပေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင် အဆင့်အတန်းမြင့်မားရန် လူ့စွမ်းအားအရင်းအမြစ် ပြုစု ပျိုးထောင်ရေး စသည်တို့တွင် အကူအညီအထောက်အပံများ ပေးသွားလိုကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင် Mr. Watanabe Hideo က ပြောကြားခဲ့သည်ဟု သိရသည်။

Advertisements
Categories: Legislature, lower House
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters