Home > Article, General > ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် ​ခြေလှမ်း​အစ အပိုင်းစ (၁၊ ၂)

ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် ​ခြေလှမ်း​အစ အပိုင်းစ (၁၊ ၂)

Published on October 26, 2011 by ထက်​အောင်  ·(DVB)

၂၀၁၁ မတ်လကုန်မှာ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်​ရေး​ကို အဆုံး​သတ်လိုက်ပြီး​ စစ်​ခေါင်း​ ​ဆောင်​တွေဟာ ​ရွေး​ကောက်ပွဲကတဆင့်​ အရပ်သား​အစိုး​ရအသွင်ကို ​ပြောင်း​လဲခဲ့​ပါတယ်။ တချိန် တည်း​မှာပဲ စက်မှုလုပ်ငန်း​နဲ့​ နည်း​ပညာပိုင်း​မှာ ​နောက်ကျကျန်ရစ်ခဲ့​တဲ့​ တိုင်း​ပြည်ကို အိမ်နီး​ချင်း​ နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​အောင်မြင်မှု လမ်း​ကြောင်း​နောက် အမီလိုက်ဖို့​ ​ခြေလှမ်း​ စပြင်လာပါတယ်။

သမ္မတ ဦး​သိန်း​စိန်ရဲ့​ ပထမဆုံး​ပြောကြား​တဲ့​ မိန့်​ခွန်း​မှာ “စိုက်ပျိုး​ရေး​နဲ့​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ ဖြစ်မလာနိုင်တဲ့​အတွက် ​ခေတ်မီဖွံ့​ဖြိုး​တိုး​တက်တဲ့​နိုင်ငံ၊​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ၊​ အလုပ်အကိုင်​တွေ ​ပေါများ​ပြီး​ လူတဦး​ချင်း​ဝင်​ငွေ တိုး​ပွား​တဲ့​နိုင်ငံ ဖြစ်​အောင် စက်မှုနိုင်ငံထူ​ထောင်ရပါမယ်” လို့​ ထည့်​ သွင်း​ပြောကြား​သွား​ခဲ့​ပါတယ်။

နိုင်ငံတနိုင်ငံ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ စက်မှုကဏ္ဍဖွံ့​ဖြိုး​မှုဟာ အခရာကျပါတယ်။ ကမ္ဘာ့​အ​နောက်ခြမ်း​ နိုင်ငံ​တွေ ကြီး​ပွား​ချမ်း​သာလာခြင်း​ရဲ့​ အဓိကအ​ကြောင်း​ရင်း​ဟာ စက်မှုကဏ္ဍဖွံ့​ဖြိုး​အောင် လုပ်နိုင်ခဲ့​လို့​ ဖြစ်ပါတယ်။

အာရှနိုင်ငံ​ တွေဟာလည်း​ အ​နောက်နိုင်ငံ​တွေကို အတုယူပြီး​ အထူး​စက်မှုဇုန်​တွေကို အပြိုင်း​အ ရိုင်း​ ထူ​ထောင်ပါတယ်။ သည်အခါမှာ အ​နောက်နိုင်ငံများ​ကလည်း​ အာရှရဲ့​ စက်မှုဇုန်စီမံကိန်း​များ​ အတွင်း​ကို အလုံး​အရင်း​နဲ့​ ရင်း​နှီး​မြှုပ်နှံလာကြပါတယ်။ သည်နည်း​နဲ့​ အာရှနိုင်ငံတချို့​ဟာ စီး​ပွား​ရေး​ တိုး​တက်​အောင် ​ဆောင်ရွက်နိုင်ခဲ့​ကြပြီး​ ၁၉၈၀ ပြည့်​လွန်နှစ်များ​ ​နှောင်း​ပိုင်း​နဲ့​ ၁၉၉၀ ပြည့်​လွန် နှစ်များ​ အ​စောပိုင်း​ ကြား​ကာလမှာ စီး​ပွား​ရေး​ စန်း​ထခဲ့​ပါတယ်။

အိမ်နီး​ချင်း​ တရုတ်နိုင်ငံနဲ့​ ထိုင်း​နိုင်ငံတို့​ဟာ သည်လိုနည်း​နဲ့​ ကြီး​ပွား​ချမ်း​သာခဲ့​တာ ဖြစ်ပါတယ်။

ဒေသတွင်း​ နိုင်ငံ​တွေ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်​အောင် သူ့​ထက်ငါ အပြိုင်အဆိုင် ကြိုး​ပမ်း​နေ ချိန်မှာ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ်မှာ နိုင်ငံ​ရေး​အ​ပြောင်း​အလဲဖြစ်ခဲ့​ပေမယ့်​ အခွင့်​ကောင်း​ကို အမိအ ရ မဆုပ်ကိုင်နိုင်ခဲ့​ပါဘူး​။ ပြည်တွင်း​နိုင်ငံ​ရေး​ ဝဲဂယက်ထဲက ရုန်း​မထွက်နိုင်ဘဲ စစ်အုပ်ချုပ်​ရေး​အောက် မှာပဲ ​နေခဲ့​ရတဲ့​ မြန်မာနိုင်ငံဟာ ​ဒေသတွင်း​စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှု​နောက်မှာ နှစ်​ပေါင်း​အစိတ်​လောက် ​နောက်ကျခဲ့​ပါတယ်။

ဒါ​ကြောင့်​ သမ္မတဦး​သိန်း​စိန်ဟာလည်း​ စက်မှုကဏ္ဍ ဖွံ့​ဖြိုး​အောင်လုပ်ဖို့​အ​ရေး​ကြီး​တယ်ဆိုပြီး​ သူ့​မိန့်​ခွန်း​ထဲမှာ ထည့်​ပြောသွား​တာပါ။ သည်လိုထည့်​ပြောနိုင်ဖို့​ သမ္မတဦး​သိန်း​စိန်အစိုး​ရမှာ စီမံကိန်း​ ကြီး​တွေ ရှိ​နေပါတယ်။ အိမ်နီး​ချင်း​ တရုတ်နိုင်ငံနဲ့​ ထိုင်း​နိုင်ငံမှာလို အထူး​စီး​ပွား​ရေး​ဇုန်​တွေ၊​ စက်မှုဇုန်​တွေ တည်​ဆောက်ဖို့​ စီမံကိန်း​ကြီး​များ​ ဖြစ်ပါတယ်။
သည်လို စက်မှုနိုင်ငံအဖြစ် ​ပြောင်း​လဲဖို့​အတွက် စီမံကိန်း​တွေ ချထား​ရာမှာ ထား​ဝယ် အထူး​စီး​ ပွား​ရေး​ဇုန် စီမံကိန်း​ဟာလည်း​ တခုအပါအဝင်ဖြစ်ပါတယ်။ ​ဒေသတွင်း​နဲ့​ ကမ္ဘာ့​စီး​ပွား​ရေး​ အဝန်း​ အဝိုင်း​ထဲ ပြန်လည်ဝင်ဆန့်​နိုင်​ရေး​၊​ တိုင်း​ပြည်ရဲ့​ ပြည်ပပို့​ကုန်တန်ဖိုး​ မြှင့်​တင်နိုင်​ရေး​အတွက် မဟာဗျူ ဟာကျတဲ့​ ​ခြေလှမ်း​တရပ်အဖြစ် ​ရေး​ဆွဲခဲ့​တဲ့​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ကို မြန်မာ့​စီး​ပွား​ရေး​ ပြန်လည်ဦး​မော့​လာ​စေမယ့်​ ထွက်ရပ်လမ်း​တခုအဖြစ် သမ္မတဦး​သိန်း​စိန်အစိုး​ရက ​မျှော်လင့်​ထား​ပုံရပါတယ်။

အရင် စစ်အစိုး​ရလက်ထက်ကတည်း​က ထိုင်း​နိုင်ငံရဲ့​အကူအညီနဲ့​ ပထမဆုံး​ နိုင်ငံတကာအ ဆင့်​ အထူး​စီး​ပွား​ရေး​ဇုန်နဲ့​ ​ရေနက်ဆိပ်ကမ်း​တခုကို တနင်္သာရီကမ်း​ရိုး​တန်း​မြို့​တော် ထား​ဝယ်မြို့​မှာ ထူ​ထောင်ဖို့​ ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံ သ​ဘောတူညီခဲ့​ပါတယ်။

ရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန် စီမံကိန်းပုံစံငယ် ထား ရှိရာ အီတာလျှံ-ထိုင်းကုမ္ပဏီ၏ ရုံးခန်း

ရွေး​ ကောက်ပွဲမတိုင်မီ ရက်ပိုင်း​အလို ၂၀၁၀ ပြည့်​နှစ် နိုဝင်ဘာ ၂ ရက်​နေ့​မှာ မြန်မာစစ်အစိုး​ရ ဟာ ထိုင်း​နိုင်ငံရဲ့​အကြီး​ဆုံး​ ​ဆောက်လုပ်​ရေး​ ကုမ္ပဏီလုပ်ငန်း​စုကြီး​ဖြစ်တဲ့​ Italian-Thai Development Public Company Ltd. (ITD) ကို ထား​ဝယ်မြို့​အနီး​ ​မောင်း​မကန်ကမ်း​ခြေတ ​လျှောက် ​မြေဧရိယာ စတုရန်း​ကီလိုမီတာ ၂၅၀ ကို နှစ် ၆၀ ဂရမ်စာချုပ်နဲ့​ ငှား​ရမ်း​လိုက်ပါတယ်။

ပြည်တွင်း​သတင်း​ဂျာနယ်တချို့​မှာလည်း​ ထား​ဝယ်ဟာ ဒုတိယစင်္ကာပူ ဖြစ်လာနိုင်တယ်လို့​ ​ရေး​သား​လာကြပါတယ်။

ဒါ​ပေမယ့်​ ​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန်တည်​ဆောက်မှု​တွေ​ကြောင့်​ ထား​ဝယ်ရဲ့​ သဘာဝ ပတ်ဝန်း​ကျင် ပျက်စီး​သွား​မယ့်​အ​ရေး​၊​ ​ရေ​မြေသယံဇာတ​တွေ ကုန်ခန်း​သွား​မယ့်​အ​ရေး​နဲ့​ ရိုး​ရာယဉ် ​ကျေး​မှု​တွေ တိမ်​ကောပ​ပျောက်သွား​မယ့်​ အ​ရေး​တွေဟာ အလွန်စိုး​ရိမ်စရာ​ကောင်း​နေပါတယ်။

နိုင်ငံရဲ့​ စီး​ပွား​ရေး​စီမံကိန်း​တွေထဲမှာ အကြီး​ဆုံး​စီမံကိန်း​ကြီး​တခု ဖြစ်လာမယ့်​ စတုရန်း​ကီလိုမီ တာ ၂၅၀ ရှိတဲ့​ ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်ဟာ ​မောင်း​မကန် ကမ်း​ခြေက​နေ ထား​ဝယ်မြစ် အ​နောက်ခြမ်း​အထိ ကျယ်ပြန့်​ပါတယ်။

သည်​ဒေသမှာ မိရိုး​ဖလာ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေ၊​ ငါး​ဖမ်း​လုပ်ငန်း​တွေနဲ့​ အသက်​မွေး​ဝမ်း​ ​ကျောင်း​ ​နေထိုင်ကြတဲ့​ လူဦး​ရေ ၃ ​သောင်း​ကျော်ရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၁၉ ရွာ ရှိပါတယ်။ စီမံကိန်း​ အ​ကောင်အထည်​ဖော်မှု အချိန်ကာလ အပိုင်း​အခြား​အ​ပေါ် မူတည်ပြီး​ အဲသည်ရွာ​တွေအား​လုံး​ ​ပြောင်း​ရွှေ့​ပေး​ရမှာ ဖြစ်ပါတယ်။

မက်ခရိုစီး​ ပွား​ရေး​အကျိုး​အမြတ် (Macroeconomic Benefit) များ​အတွက် ထား​ဝယ်​ဒေသကို စိုက်ပျိုး​ရေး​ အ​ခြေခံက​နေ စက်မှုအ​ခြေခံ လူ့​အဖွဲ့​အစည်း​အသွင် လုံး​ဝ​ပြောင်း​လဲ​ရေး​ စီမံကိန်း​ဟာ ​ဒေသခံပြည်သူလူထုရဲ့​ လူမှုစီး​ပွား​ဘဝတခုလုံး​ကို ​ပြောင်း​လဲပစ်လိုက်မှာ ဧကန်မုချ ဖြစ်ပါတယ်။ သည် အ​ပြောင်း​အလဲဟာ ​ကောင်း​ကျိုး​ပေး​မှာလား​ ဆိုး​ကျိုး​ပေး​မှာလား​ ဆိုတာကိုလည်း​ ​သေ​သေချာချာ တွက်ဆဖို့​လိုပါတယ်။

တိုင်း​ ပြည်စီး​ပွား​ရေး​တိုး​တတ်ဖို့​ အစိုး​ရ​တွေ ပထမဆုံး​စဉ်း​စား​ကြ​လေ့​ရှိတဲ့​အချက်က နိုင်ငံရဲ့​ အမျိုး​သား​ အသား​တင်ထုတ်ကုန် (GDP) တိုး​တက်မြင့်​မား​ရေး​ဖြစ်ပြီး​ စက်မှုကဏ္ဍဟာ GDP တိုး​တတ် ​ရေး​အတွက် အဓိကအခန်း​ကဏ္ဍ ဖြစ်​နေပါတယ်။

မြန်မာအစိုး​ ရအ​နေနဲ့​လည်း​ တိုင်း​ပြည်ရဲ့​ စက်မှုကဏ္ဍဖွံ့​ဖြိုး​ရေး​ကို အား​သွန်ခွန်စိုက် လုပ်​ဆောင် တဲ့​အ​နေနဲ့​ ထား​ဝယ် အထူး​စက်မှုဇုန်မှာ နိုင်ငံတကာကုမ္ပဏီကြီး​တွေ လာ​ရောက်ရင်း​နှီး​မြှုပ်နှံပြီး​ စက်ရုံ ကြီး​တွေ တည်​ဆောက်၊​ ပြည်ပကို စက်မှုကုန်ပစ္စည်း​တွေတင်ပို့​ပြီး​ GDP တိုး​တတ်​အောင်​ဆောင်ရွက်ဖို့​ ပြင်ဆင်လာတာ ​တွေ့​ရပါတယ်။

စီး​ပွား​ရေး​ သီအိုရီ​တွေအရလည်း​ စက်မှုကဏ္ဍဖွံ့​ဖြိုး​လာတာနဲ့​အမျှ အလုပ်အကိုင်သစ်​တွေ ဖန်တီး​ပေး​နိုင်တဲ့​အတွက် အလုပ်လက်မဲ့​နှုန်း​ ကျဆင်း​လာမှာဖြစ်သလို တဦး​ချင်း​ဝင်​ငွေလည်း​ တိုး​တက်လာပြီး​ ဆင်း​ရဲမွဲ​တေမှုကို ​လျှော့​ချနိုင်တယ်လို့​ ယူဆချက်ရှိပါတယ်။ တဖက်မှာလည်း​ ဝင်​ငွေ မြင့်​တက်လာတဲ့​အတွက် လူလတ်တန်း​စား​အလွှာ တိုး​ပွား​လာခြင်း​၊​ လူ​နေမှုအဆင့်​ မြင့်​မား​လာခြင်း​ စတဲ့​ကောင်း​ကျိုး​တွေ ဆက်တိုက် ဖြစ်​ပေါ်နိုင်တယ်ဆိုတဲ့​ အချက်ကိုလည်း​ တွက်ဆကြပါတယ်။

ဒီ​နေရာမှာ ဖွံ့​ဖြိုး​မှုဆိုတာကို ဘယ်လိုနား​လည်သလဲဆိုတဲ့​အချက်က အ​ရေး​ကြီး​လာပါတယ်။ စီး​ပွား​ရေး​တိုး​တက်မှု (Economic Growth) နဲ့​ ဖွံ့​ဖြိုး​မှု (Development) ကို မကြာခဏ ​ရော​ထွေး​နေ တတ်ပါတယ်။

ကုလသမဂ္ဂဖွံ့​ ဖြိုး​မှုအစီအစဉ် (UNDP) က “လူသား​ဖွံ့​ဖြိုး​မှုသည် ပန်း​တိုင်ဖြစ်ပြီး​ စီး​ပွား​ရေး​ တိုး​တက်မှု ဆိုသည်မှာ ထိုပန်း​တိုင်ကို ​ရောက်​အောင် သွား​ရာတွင် သုံး​ရမည့်​ နည်း​လမ်း​ဖြစ်တယ်” လို့​ ဖွင့်​ဆိုထား​ပါတယ်။

ကမ္ဘာ့​ဘဏ်ရဲ့​ “Beyond Economic Growth: Meeting the Challenges of Global Development” အစီရင်ခံစာမှာ “စီး​ပွား​ရေး​တိုး​တက်မှုသည် နိုင်ငံတခု၏ ဥစ္စာဓနကို တိုး​ပွား​စေပြီး​ ဆင်း​ရဲမွဲ​တေမှု ​လျော့​ကျ​ရေး​အတွက် အလား​အလာ​ကောင်း​တခုလည်း​ ဖြစ်သကဲ့​သို့​ အခြား​ လူမှုပြဿနာများ​ကို ​ဖြေရှင်း​နိုင်မည့်​ အ​ခြေအ​နေ​ကောင်း​တခုလည်း​ ဖြစ်​သော်လည်း​ လူသား​ဖွံ့​ဖြိုး​မှုအ တွက် ဖြစ်မလာတတ်သည်ကို သမိုင်း​၏သင်ခန်း​စာများ​က ပြသ​နေသည်။ စီး​ပွား​ရေး​တိုး​တက်မှုကို ရယူရာတွင် ကြီး​မား​သည့်​ မညီမျှမှုများ​၊​ မြင့်​မား​သည့်​ အလုပ်လက်မဲ့​ဖြစ်မှုများ​၊​ ဒီမိုက​ရေစီ လွတ်လပ်မှု အား​နည်း​သွား​ခြင်း​များ​၊​ ယဉ်​ကျေး​မှု အသွင်သဏ္ဍာန် ​ပျောက်ဆုံး​သွား​ခြင်း​များ​နှင့်​ ​နောက်မျိုး​ဆက် သစ်များ​ ရှင်သန်ဖွံ့​ဖြိုး​ရန် လိုအပ်သည့်​ သဘာဝသယံဇာတ အရင်း​အမြစ်များ​ကို အလွန်အကျွံ ထုတ် ယူသုံး​စွဲပစ်ခြင်း​များ​သာ ဖြစ်လာသည်” လို့​ ​ဖော်ပြထား​ပါတယ်။

ကမ္ဘာ့​ဘဏ်ရဲ့​ သတိ​ပေး​ချက်​တွေဟာ မြန်မာနိုင်ငံအတွက် အ​လေး​အနက် သတိပြုစရာပါ။ စစ်အစိုး​ရ အုပ်စိုး​ခဲ့​တဲ့​ လွန်ခဲ့​တဲ့​နှစ်​ပေါင်း​ ၂၀ ​ကျော် ကာလအတွင်း​မှာ သယံဇာတ ထုတ်ယူမှုကို အ​ခြေခံတဲ့​ စီး​ပွား​ရေး​ပဲ ရှိခဲ့​ပါတယ်။ ဒါ​ကြောင့်​ နှစ်​ပေါင်း​ရာနဲ့​ချီ ပြုစုထိန်း​သိမ်း​ထား​ခဲ့​တဲ့​ နိုင်ငံရဲ့​အ ဖိုး​တန် သစ်​တော​တွေ ပြုန်း​တီး​ခဲ့​ပါတယ်။ ကမ္ဘာ​ကျော် ပတ္တမြား​နဲ့​ ​ကျောက်စိမ်း​ ထွက်ရှိရာ​ဒေသ​တွေ၊​ ရှား​ပါး​သတ္တု​တွေ တူး​ဖော်ထုတ်လုပ်ရာ ​ဒေသ​တွေမှာ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​မှု​တွေကို ခံစား​နေ ရပါပြီ။ သဘာဝဓာတ်​ငွေ့​ ထုတ်လုပ်​ရောင်း​ချမှုက​နေ နိုင်ငံခြား​ဝင်​ငွေ အ​မြောက်အမြား​ ရခဲ့​ပေမယ့်​ သည်​ငွေဟာ ပြည်သူလူထုအတွက် မဖြစ်ခဲ့​ပါဘူး​။

သည်လို သင်ခန်း​စာ​တွေကို ယူပြီး​ အစိုး​ရသစ်အ​နေနဲ့​ ထား​ဝယ် အထူး​စက်မှုဇုန်ကို စီး​ပွား​ရေး​ အကျိုး​အမြတ် သက်သက်အတွက် တည်​ဆောက်တာမျိုး​ မဖြစ်သင့်​ပါဘူး​။ ​ရေရှည်တည်တံ့​တဲ့​ ဖွံ့​ဖြိုး​ တိုး​တက်​ရေး​ (Sustainable Development) ရရှိဖို့​ ဘက်စုံ စဉ်း​စား​သင့်​ပါတယ်။

ဒီစီမံကိန်း​ ကြောင့်​ ​ဒေသခံပြည်သူ​တွေအ​ပေါ်သက်​ရောက်လာနိုင်တဲ့​ ​ကောင်း​ကျိုး​ဆိုး​ပြစ်​တွေ၊​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ​ကြောင့်​ ​ပေါ်​ပေါက်လာနိုင်တဲ့​ လတ်တ​လောနဲ့​ ​ရေရှည် ​ကောင်း​ကျိုး​ဆိုး​ပြစ် ​တွေကို ​လေ့​လာသိရှိထား​ဖို့​ အလွန်အ​ရေး​ကြီး​ပါတယ်။

ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန်ကို ထိုင်း​နိုင်ငံရဲ့​ ​ငွေ​ကြေး​ရင်း​နှီး​မြှုပ်နှံမှု၊​ နည်း​ပညာ အကူအညီနဲ့​ တည်​ဆောက်မှာဖြစ်တဲ့​အတွက် ထိုင်း​နိုင်ငံမှာ စက်မှုဇုန်​တွေ​ကြောင့်​ ထိုင်း​ပြည်သူ​တွေ ဘယ်လို အကျိုး​အပြစ် ခံစား​နေရသလဲဆိုတာကို မြန်မာပြည်သူ​တွေ ​လေ့​လာသိရှိထား​ဖို့​ အ​ရေး​ကြီး​ပါတယ်။

တရုတ်နိုင်ငံရဲ့ ​ အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​တွေက​ကော ဘယ်လို​ကောင်း​ကျိုး​တွေကို ​ပေး​ပြီး​ ဘယ်လိုဆိုး​ကျိုး​တွေကို ဖန်တီး​နေသလဲ စတဲ့​အချက်​တွေကို သိထား​ဖို့​အ​ရေး​ကြီး​ပါတယ်။

နောက်တပတ်မှာ​ တော့​ ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန်​ကြောင့်​ အကြီး​အကျယ် အ​ပြောင်း​အလဲ ဖြစ်ရမယ့်​ ထား​ဝယ် ​မောင်း​မကန် ကမ်း​ခြေ​ဒေသက လူမှုဘဝရုပ်ပုံလွှာများ​အ​ကြောင်း​ တင်ဆက်​ပေး​ပါမယ်။

——————————————————————————————————————————————————

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​စီး​ပွား​ရေး​ အနာဂတ် – အပိုင်း​ (၂)

Published on November 1, 2011 by ထက်​အာင်  ·

မောင်း​မကန်ကမ်း​ရိုး​တန်း​က ထား​ဝယ်​ကျေး​လက်​ဒေသရဲ့​ လူမှုစီး​ပွား​ဘဝပုံရိပ်လွှာ
တနင်္သာရီကမ်း​ရိုး​တန်း​က ​မောင်း​မကန်ကမ်း​ခြေဟာ ​ဖြောင့်​တန်း​လှပပြီး​ လူသား​ရဲ့​ပြုပြင်မှု မခံရ​သေး​တဲ့​ ပကတိ သဘာဝ ကမ်း​ခြေတခုပါ။ ဒါ​ပေမယ့်​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲတာ​ကြောင့်​ ရခိုင်ပြည်နယ်က ငပလီကမ်း​ခြေ၊​ ဧရာဝတီတိုင်း​က ​ငွေ​ဆောင်နဲ့​ ​ချောင်း​သာကမ်း​ခြေ​တွေ​လောက် ​မောင်း​မကန် ကမ်း​ခြေဟာ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​မှု မရှိခဲ့​ပါဘူး​။

မောင်း​ မကန်ကမ်း​ခြေရဲ့​ လက်ရှိအ​ခြေအ​နေနဲ့​ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​မှုဟာ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ က ထိုင်း​နိုင်ငံ နဲ့​ ဆင်တူပြီး​ အရိုင်း​လွင်ပြင်သာသာပဲ ရှိတယ်လို့​ အီတာလျှံ – ထိုင်း​ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျာ Surin Vichian က ​ပြောဖူး​ပါတယ်။ ထိုင်း​နိုင်ငံက ကမ္ဘာ​ကျော် ဖူး​ခက်ကမ်း​ခြေနဲ့​ နှိုင်း​ယှဉ်ရင် ​မောင်း​မကန်ဟာ ​တော်​တော် ​ခေတ်​နောက်ကျ ကျန်ရစ်တဲ့​ ကမ်း​ခြေတခု ဖြစ်​နေပါတယ်။

ဒါ​ပေမယ့်​ ထား​ဝယ်​ဒေသမှာ သူရဲ့​ပင်ကိုယ်မူလတန်ဖိုး​တွေ ရှိ​နေပါတယ်။ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်အတွက် အချက်အချာကျတဲ့​ ထား​ဝယ်ခရိုင်၊​ ​ရေဖြူမြို့​နယ်ထဲက နဘုလယ်​ဒေသမှာ ထား​ဝယ်သား​ အချင်း​ချင်း​တောင် နား​လည်ရ ခက်တဲ့​ ​ရှေး​ထား​ဝယ်စကား​အသုံး​အနှုန်း​တွေကို ယ​နေ့​တိုင် ထိန်း​သိမ်း​သုံး​စွဲ​နေတဲ့​ လူ့​အဖွဲ့​အစည်း​တခု ရှိ​နေပါတယ်။ ​ဒေသခံ​တွေရဲ့​ အစဉ်အလာယုံကြည်မှုအရ သည်​နေရာဟာ ထား​ဝယ်လူမျိုး​တွေရဲ့​ ဇစ်မြစ်​နေရာဌာန တခုဆိုတာကို​တော့​ သိသူ ရှား​ပါလိမ့်​မယ်။

ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်က​နေ တိုင်း​ပြည်အတွက် ရရှိလာမယ့်​ အကျိုး​ကျေး​ဇူး​က ​နောင် ၁၀ နှစ် ခန့်​ကြာမှ မြင်​တွေ့​နိုင်မှာ ဖြစ်​ပေမယ့်​ ​ဒေသခံ​တွေက​တော့​ ပြဿနာ​ပေါင်း​စုံနဲ့​ ရင်ဆိုင်​နေရပါပြီ။ ဘာသာ​ရေး​နဲ့​ ယဉ်​ကျေး​မှု အမှတ်လက္ခဏာ​တွေနဲ့​ ပင်ကိုယ်သဘာဝအတိုင်း​ ရှိ​နေ​သေး​တဲ့​ ​မောင်း​မကန် ကမ်း​ရိုး​တန်း​မှာ ​ဆောက်လုပ်မယ့်​ စက်မှုဇုန် စီမံကိန်း​ကြီး​ဟာ ​ဒေသခံပြည်သူ​တွေရဲ့​ လူ​နေမှုပုံသဏ္ဍာန်နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေကို လုံး​ဝ​ပြောင်း​လဲပစ် လိုက်မှာ ဖြစ်ပါတယ်။ ဘိုး​ဘွား​စဉ်ဆက် ပိုင်ဆိုင်ခဲ့​တဲ့​ ​မြေယာ​တွေကိုလည်း​ စက်မှုဇုန် အတွင်း​ စ​တေး​ပစ်တာ ခံကြရပါ​တော့​မယ်။ ဘာသာ​ရေး​နဲ့​ယဉ်​ကျေး​မှုအ​မွေအနှစ်များ​ ကိန်း​ဝပ်တဲ့​ အ​ဆောက်အဦး​တွေလည်း​ အဖျက်ဆီး​ခံကြရပါ​တော့​မယ်။

နဘုလယ်​ကျေး​ ရွာအုပ်စုဖြစ်တဲ့​ လဲ​ရှောင်၊​ ပရဒတ်၊​ ထိန်ကြီး​၊​ မယင်း​ကြီး​၊​ မူး​ဒူး​ကျေး​ရွာတို့​ကို မကြာခင်မှာ စတင် ​ပြောင်း​ရွှေ့​ရမယ်လို့​ ​ဒေသအာဏာပိုင်​တွေက ရွာသား​တွေကို အ​ကြောင်း​ကြား​ထား​ပါတယ်။ ​ဒေသခံ​တွေရဲ့​ ခန့်​မှန်း​ခြေအရ ရွာ ၅ ရွာ ​ပေါင်း​ လူဦး​ရေ ၁၀,၀၀၀ ​ကျော်တယ်လို့​ ဆိုပါတယ်။ နဘုလယ်​ဒေသဟာ ပင်လယ်ကမ်း​ခြေနဲ့​ နီး​ပေမယ့်​ ရာဘာနဲ့​ သီဟိုဠ်ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​တွေကို အဓိကလုပ်ကိုင်ကြပါတယ်။

ဒေသခံ​တွေ​ ပြောပြချက်အရ ​ပြောင်း​ရွှေ့​ချထား​မယ့်​နေရာက နဘုလယ်ရဲ့​ ​မြောက်ဘက် သိပ်မ​ဝေး​လှတဲ့​ ဘဝါကမ်း​ခြေဖြစ်ပါတယ်။ ​နေရာသစ်ဟာ ငါး​ဖမ်း​ လုပ်ငန်း​ လုပ်ကိုင်ရာ​ဒေသဖြစ်ပြီး​ ​မြေပြန့်​ နည်း​ပါး​ ​တောင်ကုန်း​တွေများ​တဲ့​ အတွက် ဥယျာဉ်ခြံလုပ်ငန်း​နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​တဲ့​ နဘုလယ်သား​တွေအတွက် အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​ အခက်အခဲ ​တွေ့​နိုင်တယ်လို့​ ဆိုပါတယ်။ ဘဝါကမ်း​ခြေဟာ ​မြေလွတ်​မြေရိုင်း​များ​သာဖြစ်တဲ့​အတွက် ​ပြောင်း​ရွှေ့​ခံရသူ​တွေ အတွက် ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​ကို လုပ်မယ်ဆိုရင် အစက​နေ ပြန်လည်ထူ​ထောင်ရမယ့်​ အ​ခြေအ​နေဖြစ်ပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဒေသတွင် ကျရောက်နေသော ကျေးရွာ ၁၉ ရွာကို ပြောင်းရွှေ့နေရာချထားမည့် စီမံကိန်းမြေပုံ

မွေး​ရပ်​ မြေကို စွန့်​ခွာလာရတဲ့​ ​ဒေသခံ​တွေဟာ လူမှုဘဝနဲ့​ ယဉ်​ကျေး​မှု တန်ဖိုး​တွေကို လည်း​ လက်လွှတ်ဆုံး​ရှုံး​မှာဖြစ်ပါတယ်။ ဆုံး​ရှုံး​သွား​တဲ့​ အိုး​အိမ်​မြေယာ​တွေအတွက် မျှတသင့်​လျော်တဲ့​ ​လျော်​ကြေး​ရရှိတဲ့​တိုင်​အောင် ​နေရာသစ်မှာ ဘဝကို ပြန်စရမှာ ဖြစ်တဲ့​အတွက် လူမှုဝန်ထုပ်ဝန်ပိုး​ကြီး​တွေက မိသား​စုများ​စွာရဲ့​ပခုံး​ပေါ် ကျ​ရောက်ဖိစီး​ လာ​တော့​မှာ ဖြစ်ပါတယ်။ ​ခေတ်သစ် စက်မှု​တော်လှန်​ရေး​တရပ်ကို ကိုယ်​တွေ့​ ခံစား​ယုံက လွဲပြီး​ တခြား​ရွေး​ချယ်စရာလမ်း​ မရှိပါဘူး​။

မြန်မာနိုင်ငံရဲ့ ​ကျေး​ရွာတိုင်း​လိုလိုမှာ ဘုန်း​တော်ကြီး​ကျောင်း​များ​နဲ့​ ​စေတီပုထိုး​များ​ ရှိကြပါတယ်။ ဘာသာ​ရေး​ အ​ဆောက်အအုံ​တွေဟာ ​ကျေး​ရွာလူမှုဘဝတခုလုံး​ကို ဟန်ချက်ညီ​အောင် စုစည်း​ထိန်း​ကျောင်း​ထား​နိုင်တဲ့​ လူမှုအ​ခြေခံ အ​ဆောက်အအုံ ​တွေဖြစ်ပါတယ်။ ​ကျေး​ရွာ​တွေကို ​ရွှေ့​ပြောင်း​ခိုင်း​ ​ပေမယ့်​ ဒီလို ဘာသာ​ရေး​ဆိုင်ရာ ဘုန်း​တော်ကြီး​ကျောင်း​တွေနဲ့​ ​စေတီပုထိုး​တွေကို မဖျက်ဆီး​ဘဲ နဂိုအတိုင်း​ ထား​ရှိခွင့်​ပြုမယ်လို့​ ထိုင်း​ကုမ္ပဏီနဲ့​ မြန်မာအာဏာပိုင်​တွေက ​ပြောဆို​နေပါတယ်။ ဒါ​ပေမယ့်​ “ဘုန်း​ကြီး​ကျောင်း​တွေကို ချန်ထား​ခဲ့​ပြီး​ ရွာ​တွေ အကုန်လုံး​ ​ပြောင်း​ရွှေ့​ခိုင်း​တော့​ ဘုန်း​ကြီး​တွေ ဘယ်က ဆွမ်း​၊​ ကွမ်း​နဲ့​ အသက်ဆက်ရမှာလဲ၊​ ဘုန်း​ကြီး​ဆိုတာ ဒကာမရှိတဲ့​နေရာမှာ မရှင်သန်နိုင်ဘူး​လို့​ ​ဝေဖန်​နေကြပါတယ်။

စီမံကိန်း​ ဒေသဟာ သတင်း​မီဒီယာ​လောကနဲ့​ အလှမ်း​ဝေး​နေတာရယ်၊​ လွတ်လပ်တဲ့​ ပြည်တွင်း​ပြည်ပက ဖွံ့​ဖြိုး​ရေး​ သု​တေသီ​တွေ၊​ စီး​ပွား​ရေး​ပညာရှင်​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင်ဆိုင်ရာပညာရှင်​တွေ သွား​ရောက်​လေ့​လာခွင့်​မရတဲ့​အတွက် ထား​ဝယ် ​ဒေသခံ​တွေရဲ့​ လူသား​လုံခြုံမှု (Human Security) ဟာ လူမသိသူမသိ ခြိမ်း​ခြောက်ခံ​နေရပါတယ်။
စီမံကိန်း​ဒေသက ​ကျေး​ရွာ​တွေ ​ပြောင်း​ရွှေ့​ရေး​နဲ့​ ရွာသား​တွေ ဆုံး​ရှုံး​ခဲ့​ရမှုများ​အ​ပေါ် ​လျော်​ကြေး​ပေး​ရေး​ကိစ္စ​တွေက အီတာလျံ- ထိုင်း​ကုမ္ပဏီ ရင်ဆိုင်​ဖြေရှင်း​ရမယ့်​ လတ်တ​လောပြဿနာ​တွေပါ။ မြန်မာစစ်အစိုး​ရက အရပ်သား​ အစိုး​ရကို အာဏာမလွှဲမီ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့​တဲ့​ “ထား​ဝယ်အထူး​ စီး​ပွား​ရေး​ဇုန်ဥပ​ဒေ” ထဲမှာ စီမံကိန်း​ကြောင့်​ နစ်နာဆုံး​ရှုံး​မှုအတွက် ​ဒေသခံ ရွာသား​တွေကို ​လျော်​ကြေး​ပေး​ရန် ရင်း​နှီး​မြှုပ်နှံသည့်​ကုမ္ပဏီများ​က တာဝန်ယူရမယ် လို့​ ဥပ​ဒေရဲ့​ ပုဒ်မ ၃၄ မှာ ​အောက်ပါ အတိုင်း​ ​ဖော်ပြထား​ပါတယ်။

“ဗဟိုအဖွဲ့​က ခွင့်​ပြုထား​သည့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်အတွင်း​ရှိ ​မြေ​ပေါ်တွင်၊​ လူ​နေအိမ်​ခြေများ​၊​ အ​ဆောက်အအုံများ​၊​ လယ်ယာဥယျာဉ်ခြံ​မြေများ​၊​ သီး​ပင်စား​ပင်များ​၊​ စိုက်ခင်း​များ​ စသည်တို့​ကို ​ပြောင်း​ရွှေ့​ရှင်း​လင်း​ပေး​ရန်ရှိပါက ယင်း​တို့​အား​ ​ပြောင်း​ရွှေ့​နေရာချထား​ခြင်း​နှင့်​ ​လျော်​ကြေး​ပေး​ခြင်း​တို့​အတွက် ကုန်ကျစရိတ်များ​ကို ရင်း​နှီး​တည်​ဆောက်သူ သို့​မဟုတ် ရင်း​နှီး​မြှုပ်နှံသူက ကျခံရမည်။ ထို့​အပြင် ​ပြောင်း​ရွှေ့​ရသူများ​အတွက် မူလအဆင့်​အတန်း​ထက် မနိမ့်​ကျ​စေရန်နှင့်​ ယင်း​တို့​၏ အ​ခြေခံလိုအပ်ချက်များ​ ပြည့်​စုံ​စေရန် ​ဆောင်ရွက်​ပေး​ရမည်။ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံခန့်​ခွဲမှု ​ကော်မတီသည် အဆိုပါလုပ်ငန်း​များ​ အဆင်​ပြေ​ချော​မွေ့​စေ​ရေး​အတွက် လိုအပ်သလို ညှိနှိုင်း​ဆောင်ရွက်​ပေး​မည်” လို့​ ​ဖော်ပြထား​ပါတယ်။

ဥပ​ဒေပါစကား​ ရပ်​တွေက ​ဒေသခံ​တွေရဲ့​နစ်နာမှု​တွေကို ကာကွယ်​ပေး​ထား​တာ ​တွေ့​ရ​ပေမယ့်​ ​မြေပြင်​ပေါ်မှာ လက်​တွေ့​အ​ကောင်အထည်​ဖော်​နေတဲ့​ အ​ခြေအ​နေ ​တွေနဲ့​ ကင်း​ကွာ​နေတာ​တွေရှိပါတယ်။ ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်မယ့်​ ကမ်း​ခြေအနား​က သူ့​ရဲ့​နေအိမ် တဲကပြင်​ပေါ်မှာ ထိုင်ရင်း​ အသက် ၆၀ ခန့်​ရှိ ထား​ဝယ်သား​ အဖိုး​အိုက “ကျုပ်ရဲ့​ သီဟိုခြံထဲက​နေ လမ်း​ ​ဖောက်​နေတာ ပြီး​သွား​ပြီ။ ရွာလူကြီး​က​တော့​ ​လျော​ကြေး​ရမယ် ​ပြောတာပဲ၊​ တကယ်က လမ်း​မ​ဖောက်ခင်ကထဲက ​ပေး​သင့်​ တာ​ပေါ့​” လို့​ အီတာလျံ – ထိုင်း​ကုမ္ပဏီရဲ့​ နည်း​လမ်း​မကျပုံကို ရှင်း​ပြပါတယ်။ အာဏာပိုင်​တွေအ​ရေး​ယူမှာ စိုး​ရိမ်တဲ့​အတွက် အဖိုး​အိုက သူ့​ရဲ့​နာမည်ကို မထုတ်​ဖော်​စေချင်ပါဘူး​။

အီတာလျံ – ထိုင်းကုမ္ပဏီက ခန့်ထားသော “ပြန်လည် နေရာချထားမှု ညှိနှိုင်းရေးအရာရှိ” မြန်မာလူမျိုး ဦးအောင်ဇော်ဝင်းက ရွာသားများအား ဤပုံစံကို ဖြန့်ဝေ ပေးပြီး ခုတ်လှဲခံရမည့် သစ်ပင်အမျိုးအစား၊ သက်တမ်း နှင့် အ ရေအတွက်ကို ဖြည့် သွင်းကာ သ ဘောတူ ကြောင်း လက်မှတ် ရေထိုး ခိုင်း ။

စီမံကိန်း​ ဒေသက ထား​ဝယ်​ဒေသခံ​တွေဟာ ​ကျေး​လက်​နေလူတန်း​စား​ အလွှာဖြစ်ပြီး​ အတန်း​ပညာတတ်​မြောက်မှု နည်း​ပါး​ပေမယ့်​ ထိုင်း​နိုင်ငံက အထင်ကရ နိုင်ငံတကာကုမ္ပဏီကြီး​တခုရဲ့​လုပ်ရပ်ဟာ တရား​နည်း​လမ်း​မကျဘူး​ဆိုတာကို​တော့​ သူတို့​ သိ​နေကြပါတယ်။ ဒါ​ပေမယ့်​ ​ဒေသအာဏာပိုင်​တွေရဲ့​ ဖိအား​ပေး​မှု​အောက်မှာ ဘယ်လိုမှ ငြင်း​ဆန်လို့​မရတဲ့​ အ​ခြေအ​နေနဲ့​ ကြုံ​တွေ့​နေရပါတယ်။

မကြာခင်က ပြုလုပ်ခဲ့​တဲ့​ ​ဒေသခံဥယျာဉ်ခြံ​မြေပိုင်ရှင်​တွေနဲ့​ ​တွေ့​ဆုံတဲ့​ အစည်း​အ​ဝေး​တခုမှာ အီတာလျံ – ထိုင်း​ကုမ္ပဏီက ခန့်​အပ်ထား​တဲ့​ ပြန်လည်​နေရာ ချထား​မှု ညှိနှိုင်း​ရေး​အရာရှိ မြန်မာလူမျိုး​ ဦး​အောင်​ဇော်ဝင်း​ (​ခေါ်) Aubrey G. Winbaw က လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲခဲ့​တဲ့​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင် စတဲ့​ ​ဒေသခံ​တွေအတွက် ဝင်​ငွေရရှိတဲ့​ သစ်ပင်အမျိုး​အစား​တိုင်း​ကို ​လျော်​ကြေး​ ​ပေး​မယ်လို့​ အာမခံ ​ပြောဆိုခဲ့​ပါတယ်။ ရွာသား​တွေက သစ်ပင်တပင်ရဲ့​ တန်ဖိုး​နဲ့​ ဘယ်အချိန်မှာ ​လျော်​ကြေး​ပေး​မလဲလို့​ ​မေး​တဲ့​အခါ ဦး​အောင်​ဇော်ဝင်း​က ကုမ္ပဏီအ​နေနဲ့​ မသတ်မှတ်ရ​သေး​ကြောင်း​၊​ အစည်း​အ​ဝေး​ မထိုင်ရ​သေး​ကြောင်း​ ပြန်​ပြောခဲ့​ပါတယ်။

ဒါ​ပေမယ့်​ အထက်က​ဖော်ပြထား​တဲ့​ ဇယား​ကွက်ပုံစံကို အီတာလျံ – ထိုင်း​ကုမ္ပဏီနဲ့​ ​ဒေသခံအာဏာပိုင်​တွေက ​ကျေး​ရွာ​တွေကို တရွာဝင်တရွာထွက် ဥယျာဉ်ခြံပိုင်ရှင် ​တွေနဲ့​ ​တွေ့​ဆုံပြီး​ သူတို့​ခြံ​မြေထဲက ခုတ်လှဲမယ့်​သစ်ပင်​တွေကို စာရင်း​ပြုစုပြီး​ သ​ဘောတူ​ကြောင်း​လက်မှတ်ထိုး​ခိုင်း​ခဲ့​တယ်။

ထိုပုံစံမှာ လက်မှတ်​ရေး​ထိုး​မယ့်​သူဟာ ဥယျာဉ်ခြံပိုင်ရှင်အပြင် အီတာလျံ-ထိုင်း​ ကုမ္ပဏီက အရာရှိတဦး​၊​ မြန်မာ​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဌ ပိုင်ဆိုင်တဲ့​ Max Myanmar ကုမ္ပဏီက အရာရှိတဦး​၊​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​၊​ မြို့​နယ်နှစ်ရှည်သီး​နှံအရာရှိနဲ့​ မြို့​နယ်​မြေစာရင်း​အရာရှိတို့​ ပါဝင်တယ်။ Max Myanmar ကုမ္ပဏီဟာ ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန် ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေမှာ အီတာလျံ-ထိုင်း​ ကုမ္ပဏီနဲ့​ ပူး​ပေါင်း​တည်​ဆောက်မယ့်​ ပြည်တွင်း​ကုမ္ပဏီတခု ဖြစ်ပါတယ်။

အီတာလျံ-ထိုင်း ​ကုမ္ပဏီက လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲရမယ့်​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင်​တွေအတွက် ဥယျာဉ်ခြံ ပိုင်ရှင်ရွာသား​တွေနဲ့​ ​လျော်​ကြေး​တန်ဖိုး​ သတ်မှတ်ခြင်း​ကိစ္စကို အရင်ဦး​ဆုံး​ နှစ်ဦး​သ​ဘောတူညှိနှိုင်း​မှုရယူခဲ့​ခြင်း​မရှိဘဲ သစ်ပင်​တွေခုတ်လှဲပြီး​ လမ်း​ဖောက်လုပ်တာကို သ​ဘောတူညီ​ကြောင်း​ ​ဒေသအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ ဖိအား​ပေး​ လက်မှတ်ထိုး​ခိုင်း​ခဲ့​ပါတယ်။ အဲ့​ဒီအတွက်​ကြောင့်​ ရွာသား​တွေမှာ သူတို့​ဆုံး​ရှုံး​နစ်နာမှု​တွေအတွက် တန်ရာတန်​ကြေး​ရရှိဖို့​ ကုမ္ပဏီနဲ့​ အ​ပေး​အယူလုပ်နိုင်တဲ့​ အင်အား​ (Bargaining Power) ဆုံး​ရှုံး​ခဲ့​ရပါတယ်။

အီတာလျံ-ထိုင်း ​ကုမ္ပဏီအ​နေနဲ့​ တဖက်မှာ ​ဒေသခံအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ စီမံကိန်း​ဒေသက ထား​ဝယ်​ကျေး​လက် လူထုအ​ပေါ် တဖက်သတ် ပြုမူ​ဆောင်ရွက်​နေသလို အခြား​တဖက်မှာ​တော့​ ရင်း​နှီး​မြှုပ်နှံသူ​တွေကို ဆွဲ​ဆောင်​ပြောဆို​နေပါတယ်။ ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​က ဘန်​ကောက်မြို့​မှာကျင်း​ပတဲ့​ ထား​ဝယ်စီမံကိန်း​အ​ပေါ် ရင်း​နှီး​မြုပ်နှံမယ့်​သူများ​ကို ရှာ​ဖွေဆွဲ​ဆောင်တဲ့​ ရှင်း​လင်း​ပွဲတခုမှာ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ စက်ရုံ​တွေ ​ဆောက်လုပ်ဖို့​ ​မြေကွက်​တွေ စတင် စရံသတ်ထား​နိုင်ပါပြီလို့​ ​ကြေညာခဲ့​ပါတယ်။

Categories: Article, General
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters