Home > Activity, Government, Police Force, Public > ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်​ကြော​ရေး​လုပ်ခဲ့​ဟု ကိုဖိုး​ဖြူ ​ပြော

ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်​ကြော​ရေး​လုပ်ခဲ့​ဟု ကိုဖိုး​ဖြူ ​ပြော

Published on November 1, 2011 by ရွှေအောင်  · (DVB)

သက်ဆိုင်ရာက ဖမ်း​ပြီး​ စစ်​ဆေး​တဲ့​အချိန်မှာ ​ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်ခဲ့​ကြတယ်လို့​ ​လယ်သမား​အ​ရေး​ဆောင်ရွက်​နေတဲ့​ ​ရှေ့​နေကိုဖိုး​ဖြူက ​ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်​နေ့​က ရန်ကုန်မြို့​ ဗိုလ်ချုပ်လမ်း​ပေါ်က အိုး​အိမ်ဦး​စီး​ဌာန​ရှေ့​မှာ ​ရှေ့​နေကိုဖိုး​ဖြူနဲ့​ လယ်သမား​တွေ ဆန္ဒပြတာကို သက်ဆိုင်ရာက လာ​ရောက်တား​မြစ်ပြီး​တဲ့​နောက် ကိုဖိုး​ဖြူနဲ့​ လယ်သမား​ငါး​ဦး​တို့​ အဖမ်း​ခံခဲ့​ကြရပါတယ်။

ရှေ့နေ ကိုဖိုးဖြူ

အဲ့​ဒီ​နောက် ကိုဖိုး​ဖြူကို ရန်ကုန်မြို့​ ပြည်လမ်း​ပေါ်မှာရှိတဲ့​ အရင်လွှတ်​တော်အ​ဆောက်အဦထဲက ရန်ကုန်တိုင်း​ ရဲသတင်း​တပ်ဖွဲ့​ ရုံး​ခန်း​ကို​ခေါ်သွား​ပြီး​ စစ်​ကြော​ရေး​လုပ်ရင်း​ ​ရေဆာလို့​ ​ရေ​တောင်း​သောက်တဲ့​ အချိန်မှာ တိုက်ခဲ့​တာဖြစ်တယ်လို့​ ကာယကံရှင်ဖြစ်တဲ့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

“ဖမ်း​လာတဲ့​ အချိန်မှာ မျက်နှာကို အုပ်တယ်၊​ အဝတ်နဲ့​ အုပ်တယ်။ ပြီး​တော့​ အသက်ရှူ​ပေါက်​ပေး​ထား​တယ်၊​ ပြီး​တဲ့​အခါမှာတာ့​ အနံ့​အရသာ ရှိ​နေတဲ့​ ​ရေကိုတိုက်တယ်။ ​ရေဆိုတာ သဘာဝအား​ဖြင့်​ အနံ့​အရသာ မရှိရဘူး​။ ကျ​နော့်​ကို စစ်​ကြော​ရေး​ပြုလုပ်​နေတဲ့​ အချိန်မှာ​တော့​ အနံ့​လည်း​ ရှိ​နေတယ်၊​ အရသာ တမျိုး​လို့​လည်း​ ခံစား​နေရတယ် ပြီး​တော့​ မူး​လာတယ်။ ဒီလို ပြုလုပ်တာက​တော့​ဖြင့်​ ရဲတပ်ဖွဲ့​ဝင်များ​ စည်း​ကမ်း​ထိန်း​သိမ်း​ရေး​ဥပ​ဒေနဲ့​ ညီညွတ်ခြင်း​ မရှိဘူး​။ ဒါ တည်ဆဲ ဥပ​ဒေအရဆိုရင် နိုင်ငံတကာ ဥပ​ဒေအရ ​ပြောမယ်ဆိုရင် ကုလသမဂ္ဂက ချမှတ်ထား​တဲ့​ အထိန်း​သိမ်း​ခံထား​ရသူ​တွေကို အ​ခြေခံထား​ရှိရမယ့်​ အဆင့်​အတန်း​ နှုန်း​စံ​တွေနဲ့​လည်း​ ညီညွတ်ခြင်း​ မရှိပါဘူး​။ ဒါ စိတ်ပိုင်း​ဆိုင်ရာကို နာရီနဲ့​အမျှ ကြာ​အောင် ညှဉ်း​ပန်း​ခဲ့​ရာ ​ရောက်တယ်လို့​ ကျ​နော် ​ပြောချင်ပါတယ်။”

ရေ​သောက်ပြီး​ တဲ့​နောက် သူခံစား​ရပုံကိုလည်း​ ကိုဖိုး​ဖြူက “​သောက်ပြီး​ပြီး​ချင်း​ မသိသာဘူး​။ ၁ မိနစ်၊​ ၂ မိနစ်အတွင်း​မှာ နှလုံး​တွေတုန်လာတယ်။ အသက်ရှူရတာ ကျပ်လာတယ်။ အရမ်း​မောလာတယ်။ လူကနုံး​ခွေပြီး​ အရမ်း​စိတ်ကျသွား​တယ်။ ဒါမျိုး​တွေခံစား​ရပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြတဲ့​ လယ်သမား​တွေကို ကိုဖိုး​ဖြူက ​ခေါင်း​ဆောင်တယ်ဆိုပြီး​ ဖမ်း​သွား​တဲ့​မနက်ကတည်း​က ညပိုင်း​အထိ အဆိုပါ​နေရာမှာ တ​နေကုန်စစ်​ဆေး​ပြီး​ ညကျမှ ဗိုလ်တ​ထောင်ရဲစခန်း​ကို ပြန်ပို့​တယ်လို့​ ဆိုပါတယ်။

လယ်သမား​ တွေကို သူ​ခေါင်း​ဆောင်တာလည်း​ မဟုတ်ဘဲ လယ်သမား​တွေက သူတို့​ရဲ့​ လယ်​တွေ ပြန်​ပေး​ဖို့​ ​တောင်း​ဆိုကြတာ ဖြစ်တယ်လို့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဗိုလ်တ​ထောင်ရဲစခန်း​မှာ​တော့​ စခန်း​မှူး​အပါအဝင် သက်ဆိုင်ရာရဲ​တွေက မိသား​စုလို ဆက်ဆံတယ်လို့​ သိရပါတယ်။

ကိုဖိုး​ဖြူပါ လယ်သမား​ခြောက်ဦး​ကို ပြစ်မှုဥပ​ဒေ ပုဒ်မ၁၄၃ တရား​မဝင်လူစုလူ​ဝေး​မှာပါဝင်မှုနဲ့​ ပုဒ်မ၁၄၅ တရား​မဝင်လူစုလူ​ဝေး​ကို ဖြိုခွဲတဲ့​အခါဖီဆန်တယ်ဆိုတဲ့​အမှု စတဲ့​ နှစ်မှုနဲ့​ ဗိုလ်တ​ထောင်တရား​ရုံး​က တရား​စွဲဆိုထား​ပြီး​ စ​နေ​နေ့​က အာမခံနဲ့​ ပြန်လွှတ်​ပေး​ထား​တယ်လို့​ သိရပါတယ်။

လာမယ့်​ နိုဝင်ဘာ ၁၁ ရက်​နေ့​ ရုံး​ချိန်း​ရှိပြီး​ အစိုး​ရသစ်လက်ထက် ငြိမ်း​ချမ်း​စွာ ဆန္ဒပြသူ​တွေကို ပထမဆုံး​အကြိမ် တရား​စွဲဆိုတာလည်း​ ဖြစ်ပါတယ်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters