Home > Activity, Government, Local, Public > ရေ​ဘေး​အကူအညီ ​နှောင့်​ယှက်ခံရ

ရေ​ဘေး​အကူအညီ ​နှောင့်​ယှက်ခံရ

Published on November 1, 2011 by မင်းလွင်   (DVB)

ရေစကြိုမြို့​နယ်က လူငယ်​တွေရဲ့​ ​ရေ​ပေး​ကယ်ဆယ်​ရေး​အကူအညီ လုပ်​ဆောင်တာကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ​နှောင့်​ယှက် တား​ဆီး​ခဲ့​တယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

မ​ကွေး​တိုင်း​ဒေသကြီး​ ​ရေစကြိုမြို့​နယ်က ဆရာ​တော် ဦး​ဇဝနဦး​စီး​တဲ့​ လူငယ်​တွေ ပခုက္ကူ​ရေ​ဘေး​အတွက် ကယ်ဆယ်​ရေး​အကူအညီ လုပ်​နေတာကို ​ရေစကြိုမြို့​နယ် အာဏာပိုင်အဆင့်​ဆင့်​က တား​ဆီး​နှောင့်​ယှက်ခဲ့​တယ်လို့​ ဆိုပါတယ်။

ဆရာ​တော်ဦး​ဇဝနဦး​စီး​တဲ့​ လူငယ်​တွေဟာ လူမှုဖွံ့​ဖြိုး​ရေး​အတွက် ရပ်ရွာ သာ​ရေး​နာ​ရေး​တွေကို လုပ်​ဆောင်​နေတာပါ။

အောက်တိုဘာလ ၁၉ ရက်နဲ့​ ၂၀ ရက်​တွေမှာ မိုး​များ​ပြီး​ ​ယော​ချောင်း​ရေလျှံခဲ့​တဲ့​အတွက် ​ပေါက်မြို့​၊​ ပခုက္ကူမြို့​တို့​က ​ရေ​ဘေး​သင့်​ ပြည်သူ​တွေကို အကူအညီ​ပေး​ဖို့​ လုပ်​ဆောင်ရာမှာ ​ရေစကြိုမြိ့​နယ်က စည်ပင်သာယာ​ရေး​ဦး​စီး​ဌာနနဲ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ဦး​ဇော်စိုး​တို့​က ခြိမ်း​ခြောက်​နှောင့်​ယှက်ခဲ့​တယ်လို့​ ​ရေစကြိုမြို့​ခံတဦး​က ​ပြောပါတယ်။

“လူငယ် ၃၀ ​လောက်က​နေ စည်း​စည်း​လုံး​လုံး​နဲ့​ ကူညီချင်တဲ့​ စိတ်ဓာတ်နဲ့​ စည်ပင်ဦး​စီး​မှူး​ကို သွား​ပြောတဲ့​အချိန်မှာ ကထိန်ရှိတဲ့​အတွက် ခွင့်​မပြုနိုင်ဘူး​ပေါ့​။ ကထိန်ကိုလည်း​ လူငယ်​တွေက ဦး​စီး​ပေး​မယ်​ပေါ့​။ ​သေတဲ့​လူက ​သေ၊​ ဒုက္ခ​ရောက်တဲ့​လူက ​ရောက်တဲ့​ဟာ​တွေကိုလည်း​ ခွင့်​ပြုပါ ဆိုတဲ့​အခါမှာ စည်ပင်ဦး​စီး​မှူး​က မ​ဖြေခဲ့​တဲ့​အတွက်​ကြောင့်​ လူငယ်​လေး​တွေက ကိုယ်အသိစိတ်ဓာတ်နဲ့​ကိုယ် လိုက်အလှူခံတယ်။ အဲဒီအချိန်မှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ဦး​ဇော်စိုး​က လူငယ်​တွေအဖွဲ့​ကို ၉ နာရီ​လောက်မှာ ရုံး​ကို ​ခေါ်ပြီး​တဲ့​အခါမှာ ဒီလိုလုပ်ကိုင်​နေတာ မြို့​နယ် အုပ်ချုပ်​ရေး​ ယန္တရား​ကို ဒီဆန့်​ကျင်တယ်​ပေါ့​နော်၊​ အ​ရေး​ယူလို့​ ရတယ်ဆိုတဲ့​အ​ကြောင်း​၊​ ခြိမ်း​ခြောက်တာ​လေး​တွေလည်း​ ပါတာ​ပေါ့​။”

အာဏာပိုင်​တွေက တား​ဆီး​နှောင့်​ယှက်ခဲ့​တဲ့​အတွက် ​ရေ​ဘေး​သင့်​ ပြည်သူ​တွေကို ကူညီခွင့်​ မရရှိခဲ့​ဘူး​လို့​လည်း​ မြို့​ခံက ဆိုပါတယ်။

“ဒီ ပခုက္ကူဆိုတာ ကမ်း​နား​ရှိပါ​သေး​တယ်။ တကယ် ကျ​နော် သတင်း​လှမ်း​ယူတဲ့​ အချိန်မှာ ​ပေါက်မြို့​နယ်နဲ့​ ဆိပ်ဖြူမြို့​နယ်မှာ ပိုပြီး​တော့​ ဆိုး​တယ်​ပေါ့​နော်။ ​သေကြ၊​ ပျက်စီး​ကြ​ပေါ့​နော်။ အဲဒါ​လေး​တွေကို ကူညီခွင့်​တွေက ကျ​နော်တို့​ ဒီ​နေ့​အချိန်မှာ ဆိတ်သုဉ်း​သွား​တယ်လို့​ သတ်မှတ်လို့​ ရတယ်​ပေါ့​။”

အောက်တိုဘာလ ၁၉ ရက်နဲ့​ ၂၀ ရက်​တွေမှာ ​ယော​ချောင်း​ရေလျှံခဲ့​တဲ့​အတွက် လူ​ပေါင်း​ ၂၀၀ ​ကျော် ​သေဆုံး​ခဲ့​ပြီး​ ​ကျေး​ရွာ​ပေါင်း​ ၄၀ ​ကျော်ဟာ အကူအညီ​ထောက်ပံ့​ရေး​တွေ လိုအပ်​နေပါတယ်။

Advertisements
Categories: Activity, Government, Local, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters