Home > Inside, Interview, NLD, Oppositon > ရွှေဂုံတိုင်မူနှင့် မှတ်ပုံတင်ရေး/ မတင်ရေး

ရွှေဂုံတိုင်မူနှင့် မှတ်ပုံတင်ရေး/ မတင်ရေး

ကိုပေါက် | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။     ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပြန်လည် မှတ်ပုံတင်ရေး/ မတင်ရေးနှင့် ပါတ်သက်၍ ပါတီခေါင်းဆောင်များအတွင်း ဆွေးနွေးညှိနှိုင်းကာ ဤရက်သတ္တပါတ်အတွင်း ဆုံးဖြတ်ချက် ချမည့် သတင်းများ ထွက်ပေါ်လာနေသည်။

NLD အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး/မဝင်ရေးနှင့်ပတ်သက်၍ သဘောထားရပ်တည်ချက်အား ၂ဝဝ၉ ဧပြီ ၂၉ ရက်စွဲဖြင့် ‘ရွှေဂုံတိုင် ကြေညာစာတမ်း’ အား ထုတ်ပြန်တုန့်ပြန်ခဲ့ဖူးသည်။

ကြေညာစာတမ်းတွင် ‘နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊ ၂ဝဝ၈ အခြေခံ ဥပဒေမှ ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်’ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးထား စဉ်းစားမည်ဟု ပါတီ၏သဘောထားကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၁ဝ နိုဝင်္ဘာ
ရွေးကောက်ပွဲအား မဝင်ဘဲ သပိတ်မှောက်ခဲ့ဖူးသည်။

ဤကြေညာစာတမ်းပါ မူများအပေါ်ယခု ဆက်လက်ရည်တည်မှုအခြေအနေနှင့်ပတ်သက်၍ NLD ဗဟို အလုပ်အမှု
ဆောင် အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းတင်အား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။


nlsheadquaterအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပြန်လည် မှတ်ပုံတင်ရေး/မတင်ရေးနှင့် ပါတ်သက်၍ ပါတီခေါင်းဆောင်များအတွင်း ဆွေးနွေးညှိနှိုင်း (ဓါတ်ပုံ မဇ္ဈိမ)

မေး။   ။ အကယ်၍ ပါတီဟာ မှတ်ပုံတင်လိုက်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာစာတမ်းပါ မူတွေအပေါ်မှာရော ဘယ်လို ဆက်လက်ပြီး ရပ်တည်သွားဖို့ ရှိမလဲခင်ဗျ။

ဖြေ။   ။ အဲဒီအခက်အခဲတွေကတော့ ရှိနိုင်တာပေါ့ဗျာ။ ကြုံရင်လည်း ကြုံမှာပဲ။ ဒီဟာတွေကိုလည်း ဖြေရှင်းရမှာ
ပေါ့။ ရွှေဂုံတိုင် ကြေညာစာတမ်း လုပ်တဲ့အချိန်တုန်းက အနေအထားတွေနဲ့ ခုအနေအထားတွေတော့ ဘယ်လောက် ကွာသလဲဆိုတာ ဒါလည်း ပါတီက စဉ်းစားရမှာပေါ့။ ပါတီက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဖော်ပြခြင်းတော့ ရှိမယ်လို့ ကျနော်လည်း ယုံပါတယ်။

မေး။   ။ ကြေညာစာတမ်းက ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ ပြည်နယ်/တိုင်း စည်းရုံးရေးမှူးတွေရော၊ အမျိုးသမီး လုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်းအဖွဲ့တို့ ဆွေးနွေးပြီးမှ ထွက်ပေါ်လာခဲ့တာဆိုတော့ ပါတီရဲ့မူလို့ ပြောနိုင်မလားဆရာ။

ဖြေ။   ။ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ သို့သော် ခုနက ပြောသလို ကာလချင်းတော့ ကွာမှာပေါ့။ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေ ဘယ်လောက်ကွာခြားလဲဆိုတဲ့ သုံးသပ်ချက်တွေအပေါ်မှာတော့ တည်မယ်။ သုံးသပ်ချက် ကွာခြားမှုအပေါ်မှာ ကြည့်ပြီးတော့ ရပ်တည်ချက်တွေလည်း ကွာခြားချက် ရှိနိုင်တယ်လို့
ပြောလို့ရနိုင်တာပေါ့။

မေး။   ။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုထားတဲ့ အချက် ၃ ချက်ကရော ၂ နှစ်ကျော်အကြာမှာ ဘယ်လောက် ရပြီလို့ ပြောနိုင်မလဲဆရာ။

ဖြေ။   ။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ခုထိတော့ အမှန်အတိုင်းကတော့ မတွေ့ရသေးဘူးပေါ့ဗျာ။
နိုင်ငံရေး အကျဉ်းသား လွှတ်ရေးနဲ့ပတ်သက်လို့ကတော့ တစုံတရာသော အတိုင်းအတာထိတော့ လုပ်ကိုင်နေတယ် လို့ပဲ ယူဆရမှာပဲ။ ခုထိတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့ဟာ အားရကျေနပ်ဖွယ်မရှိဘူးလို့ပဲ ကျနော်တို့
ပြောပါတယ်။ Constitution ပြင်ရေးနဲ့ပတ်သက်လို့တော့ ဘယ်လိုရှိမလဲဆိုတာတော့ စောင့်တော့ နည်းနည်း ကြည့်ရမှာပေါ့။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ သူတို့ထဲမှာ လှုပ်ရှားမှုတွေ ရှိသလား။ သို့မဟုတ်ရင်လည်း NLD ခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲကို ရောက်သွားပြီးတဲ့အချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို အားထုတ်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ပဲ သွားမှာလား။ အဲဒါလည်း နည်းနည်းတော့ ချိန်ကြည့်ရမှာပဲလို့ ကျနော် ထင်ပါတယ်။

မေး။   ။ ဒီအချက်တွေ မရဘဲ မှတ်ပုံတင်လိုက်မယ်ဆိုရင်ကော ဒီမူတွေနဲ့ ငြိစွန်းသွားနိုင်မယ်လို့ကော ယူဆလား ဆရာ။

ဖြေ။   ။ ပြောဖို့ ခက်တော့ ခက်ခက်ပဲ။ ဒီ မူလတောင်းဆိုချက်တွေအတိုင်း ရပ်တည်ရမယ့် ဝတ္တရားတော့ ပါတီမှာ ရှိတာပေါ့။ သို့သော် ပါတီခေါင်းဆောင်ပိုင်းက ဒီဟာတွေနဲ့ပတ်သက်ပြီး ဘယ်လိုရှင်းလင်းမလဲဆိုတဲ့ဟာကတော့ ကိစ္စတမျိုးပဲလို့ ကျနော်ကတော့ အဲလိုပဲ ပြောချင်ပါတယ်။ ပါတီခေါင်းဆောင်တွေမှာ ဒါတွေကိုရှင်းလင်းဖို့ တာဝန်
တော့ ရှိတာပေါ့ဗျာ။ အဲဒါကတော့ စောင့်ကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီကိစ္စက ကျနော်တယောက်ထဲကတော့ ဖြေလို့ သိပ်မလွယ်။ ဘာ့လို့လဲဆိုတော့ ဒါဟာ ပါတီခေါင်းဆောင်ပိုင်း တခုလုံးရဲ့အဆုံးအဖြတ်ပုံစံနဲ့သာ တုန့်ပြန်ဖို့ကောင်းတဲ့ ဟာ ဖြစ်နေတာကိုးဗျ။

မေး။   ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စီအီးစီ အစည်းအဝေးကို သောကြာနေ့လောက် မျှော်မှန်းထားပါသလားဆရာ။

ဖြေ။   ။ ဟုတ်တယ်။ သောကြာနေ့လောက်ကျမှပဲ။ သောကြာနေ့တောင် ဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူး။ ဒါပေမယ့် ဒီကြားထဲမှာတော့ အစည်းအဝေးတွေဘာတွေရဲ့ အနေအထားက အဲဒီ (မှတ်ပုံတင်ရေး/ မတင်ရေး)ကို ရောက်မယ့် အနေအထား မရှိဘူးလို့ ကျနော် နားလည်တယ်။ သောကြာနေ့အထိကတော့ ဖြစ်ဖို့လမ်းတော့ သိပ်မရှိဘူးလို့ပဲ
ပြောချင်ပါတယ်။

Categories: Inside, Interview, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters