Home > DASSK, Inside, NLD, Oppositon > ဗေဒါစာဖတ်ခန်း​ဖွင့်​ပွဲ တက်​ရောက်သူလူထုကို ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်ခွန်း​ပြော

ဗေဒါစာဖတ်ခန်း​ဖွင့်​ပွဲ တက်​ရောက်သူလူထုကို ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်ခွန်း​ပြော

Published on October 31, 2011 by ရွှေအောင် (DVB)

ဗေဒါအခမဲ့ ​ပညာသင်​ကျောင်း​ရဲ့​ စာဖတ်ခန်း​ဖွင့်​ပွဲနဲ့​ နိုင်ငံ​ရေး​အသိပညာ သင်တန်း​ဆင်း​ပွဲအခမ်း​အနား​ကို သင်တန်း​ကျောင်း​တည်ရှိရာ ရန်ကုန် သင်္ယန်း​ကျွန်း​ ၁၆ ရပ်ကွက် အပိုင်းသုံး​ သုမနလမ်း​မှာ ဒီ​နေ့​မနက်ပိုင်း​က ကျင်း​ပခဲ့​ပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုဥက္ကဋ္ဌဦး​တင်ဦး​၊​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အဖွဲ့​ချုပ်ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ဝင်​တွေ အပါအဝင် အင်အား​ ၂၀၀ ခန့်​ တက်​ရောက်ခဲ့​ကြပါတယ်။

လာ​ရောက်အား​ ပေး​ကြတဲ့​ မြို့​နယ်ပြည်သူလူထုကို ​ဒေါ်​အောင်ဆန်း​စုကြည်က နှုတ်ဆက်စကား​ပြောကြား​ခဲ့​တယ်လို့​ ဗဟိုပြန်ကြား​ရေး​အဖွဲ့​က ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း ​စုကြည်က လူထုကို လာ​ရောက်အား​ပေး​လို့​ ​ကျေး​ဇူး​တင်တဲ့​အ​ကြောင်း​နဲ့​ လူထုကို တန်ဖိုး​ရှိတဲ့​ပြည်သူ​တွေ ဖြစ်​စေလိုတယ်လို့​ ထည့်​သွင်း​ပြောကြား​ခဲ့​ပါတယ်။

“ကျမတို့​က အနှစ် ၂၀ အတွင်း​ ဒီလိုဆက်ပြီး​ လုပ်နိုင်တာဟာ ပြည်သူရဲ့​ အင်အား​ကြောင့်​ဖြစ်ပါတယ်။ ပြည်သူ့​ရဲ့​ အား​ပေး​မှု​ကြောင့်​ ​ထောက်ခံမှု​ကြောင့်​ ဖြစ်တယ်။ ဒါ​ကြောင့်​မို့​ ကျမတို့​က ပြည်သူရဲ့​ ​ထောက်ခံခြင်း​ကို အင်မတန်မှ တန်ဖိုး​ထား​ပါတယ်။ ကျမတို့​ပြည်သူ​တွေကိုလည်း​ တန်ဖိုး​ရှိတဲ့​ ပြည်သူများ​ဖြစ်​အောင် ကျမတို့​ ပညာ​ပေး​သင်တန်း​တွေ လုပ်တယ်ဆိုတာ ဒါပါပဲ။ ​ဗေဒါလို ပညာ​ပေး​သင်တန်း​တွေ တခြား​ ပညာနဲ့​ပတ်သက်တဲ့​ သင်တန်း​တွေ လုပ်တယ်ဆိုတာဟာ ကျမတို့​ ပြည်သူအား​လုံး​ဟာ ပညာ​တွေတိုး​တက်ပြီး​ အင်မတန်မှ တန်ဖိုး​ရှိတဲ့​ ပုဂ္ဂိုလ်များ​ဖြစ်ရ​အောင် ဒီလိုရည်ရွယ်ချက်နဲ့​ ကျမတို့​လုပ်တာပါ။ နိုင်ငံတနိုင်ငံရဲ့​ အဓိက ရတနာ​တွေက ပြည်သူ​တွေပါပဲ။ ပြည်သူ​တွေတန်ဖိုး​ရှိမှ နိုင်ငံဟာ တန်ဖိုး​ရှိမှာပါ။ ကျမတို့​ဟာ သဘာဝ သယံဇာတ ပစ္စည်း​တွေကို အား​မကိုး​ပါဘူး​။ ပြည်သူ​တွေကိုပဲ အား​ကိုး​ပါတယ်။”

အခမ်း​အနား​ မှာ အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေက သင်တန်း​သား​တွေကို သင်တန်း​ဆင်း​လက်မှတ်​တွေ ချီး​မြှင့်​ပေး​အပ်ခဲ့​တယ်လို့​ သိရပါတယ်။

Categories: DASSK, Inside, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters