Home > Foreign investments > လူ့အသက်အတွက် အထူးအရေးပါ၍ ဆေးဝါးအသစ် ထုတ်လုပ်မည့် စက်ရုံများအား မြှုပ်နှံခွင့်မပြု၊ Under Licence ဆေးဝါးများကို ထုတ်လုပ်ပေးမည့် စက်ရုံများသာ ရင်းနှီးမြှုပ်နှံခွင့် ပြုမည်

လူ့အသက်အတွက် အထူးအရေးပါ၍ ဆေးဝါးအသစ် ထုတ်လုပ်မည့် စက်ရုံများအား မြှုပ်နှံခွင့်မပြု၊ Under Licence ဆေးဝါးများကို ထုတ်လုပ်ပေးမည့် စက်ရုံများသာ ရင်းနှီးမြှုပ်နှံခွင့် ပြုမည်

Sunday, 30 October 2011 13:42 (EMG)

ဆေးဝါးထုတ်ကုန်များသည် လူ့အသက် အတွက် အရေးပါသည့် ကဏ္ဍဖြစ်၍ မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံ တည်ထောင်ခွင့်၊ ရင်းနှီး မြှုပ်နှံခွင့်ပြုရာတွင် ဆေးဝါးအသစ် ထုတ်လုပ်မည့် စက်ရုံများအား မြှုပ်နှံ ခွင့်ပြုမည် မဟုတ်ကြောင်း၊ နိုင်ငံတကာတွင် လိုင်စင်ရရှိပြီး၍ ထုတ်လုပ်ဖြန့် ဖြူးနေသည့် နိုင်ငံတကာမှ Under Licence ဆေးဝါးများကို လက်ခံထုတ်လုပ်ပေးမည့် စက်ရုံများကိုသာ မြှုပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှ ဆေးဝါးပစ္စည်းများ အတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ၀န်း ကျင်သုံးစွဲကုန်ကျခံကာ တင်သွင်းနေရကြောင်း၊ ထို့အတွက်ပြည်တွင်း၌ ဆေးဝါးစက်ရုံများ တည်ထောင် ခွင့်ပြုခြင်းဖြစ်ကြောင်း၊ စနစ်တကျ တည်ထောင်နိုင်မည့် စက်ရုံအမျိုးအစားများကိုသာ လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

နေပြည်တော်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင်အမှတ်(၁)၊ (၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော် မတီ(MIC) ဥက္ကဋ္ဌ ဦးစိုးသိန်းက “ဆေးဝါးဆိုတာ လူ့အသက်တွေနဲ့ ဆိုင်ပါတယ်။ ဆေးဝါးအသစ် ထုတ်တယ် ဆိုတာကလည်း နှစ်ကြာရှည်စွာမျိုးစုံ စမ်းသပ်ပြီး အောင်မြင်မှသာ ထုတ်လုပ်ကြရတာပါ။ ဒါကြောင့် အခု ဆေးဝါးစက်ရုံတွေကို ရင်းနှီးမြှုပ်နှံခွင့်ပြုတဲ့ နေရာမှာ ဆေးဝါးအသစ် ထုတ်လုပ်မယ့် စက်ရုံခွင့်မပြုပါဘူး။ Under Licence  ဆေးပဲထုတ်လို့ရ ပါမယ်။ ဥပမာ အင်္ဂလန် Under  Licence ဆေး၊ ဂျပန်၊ ကိုရီးယား Under Licence  ဆေးဝါးတွေ ဒီမှာ လာလုပ်လို့ရပါမယ်။ CMP သဘောမျိုး Under Licence  ဆေးတွေကို လက်ခံထုတ်လုပ်မယ့် စက်ရုံတွေကိုပဲ ခွင့်ပြုပါမယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ် ဆေးဝါးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ဖိုး ပြည်ပက သွင်းနေရတာပါ”ဟု ပြောကြားခဲ့သည်။

အများပြည်သူအသက်၊ လူ့အသက်များနှင့် သက်ဆိုင်သည့် အတွက်စနစ်ကျသည့် စက်ရုံများကိုသာ တည်ထောင်ခွင့်ပေးမည် ဖြစ်ပြီး ဆေးဝါးအတုများကို အမှုန့်ချေကာ လာထုတ်လုပ်မည့် စိတ်ကူးများဖြင့် မလာရောက်ရန်လည်း သတိပေးပြောကြားခဲ့ပါသည်။

နှစ်အလိုက် ပြည်ပမှ ဆေးဝါးပစ္စည်း တင်သွင်းရမှုတန်ဖိုး (အမေရိကန်ဒေါ်လာ၊ သန်း)

ဘဏ္ဍာရေးနှစ် ပုံမှန်   နယ်စပ် စုစုပေါင်း
၂၀၀၆-၂၀၀၇ ၉၆ .၆၁၀ ၃ .၀၄၀ ၉၉ .၆၅၀
၂၀၀၇-၂၀၀၈ ၁၁၅ .၃၉ ၆ .၂၆ ၁၂၁ .၆၅
၂၀၀၈-၂၀၀၉ ၁၂၄ .၁၉ ၆ .၀၂ ၁၃၀ .၂၁
၂၀၀၉-၂၀၁၀ ၁၄၆ .၀၆ ၆ .၆၈ ၁၅၂ .၇၄
၂၀၁၀-၂၀၁၁ ၁၈၀ .၉၉၂ ၇ .၃၃၀ ၁၈၈ .၃၂၂
Advertisements
Categories: Foreign investments
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters