Home > Inside, NLD, Oppositon > နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်ပြီးလျှင် NLD ပါတီ မှတ်ပုံတင်ရေး စဉ်းစားမည် ဟုဆို

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်ပြီးလျှင် NLD ပါတီ မှတ်ပုံတင်ရေး စဉ်းစားမည် ဟုဆို

sunday, 30 October 2011
Written by The Voice Weekly

DSCN9788ရန်ကုန် အောက်တိုဘာ ၃၀

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင် အတည်ပြုပြီးလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထပ်မံ မှတ်ပုံတင်ရေး ကိစ္စကို ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အရပ်သားအစိုးရသစ် လက်ထက်တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ အောက်တိုဘာလ ၃ဝ ရက်နေ့ မွန်းလွဲပိုင်းက တစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့သော တွေ့ဆုံမှုအပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ” ကျွန်မတို့ ဒီ NLD ပါတီ ပြန်ပြီးတော့ မှတ်ပုံတင်ရေး ကိစ္စဟာ ဥပဒေပေါ်မှာ တည်ပါတယ်။ အဲဒီတော့ ဒီဥပဒေ အတည်ပြုပြီး ထွက်လာတဲ့အထိ ကျွန်မတို့ စောင့်ပြီးမှ ပြောနိုင်မဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေ ထွက်လာပြီဆိုရင် ပါတီ စည်းမျဉ်း စည်းကမ်းအရ အစည်းအဝေး ခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ်။ ကျွန်မတို့က တိကျတယ်လေ။ ဥပဒေကို ကြည့်ပြီးမှ ပြောတယ်။ မကြည့်ရသေးလို့၊ ကျွန်မမမြင်ရသေးလို့ မပြောသေးတာပါ” ဟု ပြောဆိုခဲ့သည်။

၂၀၁ဝ ပြည့်နှစ် မတ်လဆန်းတွင် ယခင်အစိုးရက ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်အချို့ကို ပြင်ဆင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တစ်ဦးက အမျိုးသား လွှတ်တော်သို့ အဆိုပြုချက် တင်သွင်းခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လာနိုင်စေရန် ဖြေလျှော့မှု တစ်ခု ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု ယူဆကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။

Categories: Inside, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters