Home > Bill Joint Committee, Legislature, Pyidaungsu Hluttaw > ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်း

ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်း

30, 03, 2011 (KLN)

30/Mar/2011

http://www.khitlunge

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၁အရ ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သော ငွေစာရင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ရှိ ပြည်သူ့ငွေစာရင်း ကော်မတီများတွင် ပါဝင်သော ကော်မတီဝင်ဦးရေ တူညီစွာ ပါဝင်သည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို မတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းသည်။ ယင်းသို့ ဖွဲ့စည်းနိုင်ရေး အတွက် ပြည်သူ့လွှတ်တော် ပြည်သူ့စာရင်းကော်မတီမှ ( ၇) ဦး၊ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ (၇)ဦး ပါဝင်စေလျက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ တာဝန်ကို ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၉၆(ခ) အရ ဒုတိယနာယက ဦးမြညိမ်းအား ဆောင်ရွက်စေပြီး အတွင်းရေးမှူးအဖြစ် အဖွဲ့ဝင် ဦးအောင်ထွန်းအား တာဝန်ပေးအပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။ ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို ဖွဲ့စည်းရန် လွှတ်တော်၏ ဆန္ဒကိုရယူရာ ပြည်ထောင်စု လွှတ်တော်က သဘောတူသည့် အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းကြောင်း အတည်ပြု ကြေညာသည်- ဦးမြညိမ်း  (ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက (ဥက္ကဋ္ဌ))၊ ဦးအောင်ထွန်း (မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၁)(အတွင်းရေးမှူး) ) ၊ ဦးသူရိန်ဇော် (ကော့ကရိတ် မဲဆန္ဒနယ်) ၊ ဦးမောင်တိုး (မင်းလှ မဲဆန္ဒနယ်) ၊ ဦးစိုင်းသီဟကျော် (မင်းလှမဲဆန္ဒနယ်) ၊ ဦးမန်းမောင်မောင်ဥာဏ် (ပန်းတနော် မဲဆန္ဒနယ်) ၊ ဦးကြည်သာ (ဂွမဲဆန္ဒနယ်)၊ ဒေါ်မိယဉ်ချမ်း (ကျိုက်မရော မဲဆန္ဒနယ်)၊ ဦးဇော်ဟိန်း(ကသာ မဲဆန္ဒနယ်) ၊ ဦးခင်မောင်အေး (စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)) ၊ ဦးဘရန်ရှောင် ( ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃))၊ ဦးဆားရယ် (ကယားပြည်နယ် မဲဆန္ဒနယ်(၆)) ၊ ဒေါ်ရီရီမြင့် (မွန်ပြည်နယ် မဲဆန္ဒနယ်(၁))၊ ဦးသိန်းဝင်း (စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉))နှင့် ဦးရှုမောင် (ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)) တို့ဖြစ်ကြကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

30, 03, 2010 (Mirror)- Part of Pyithu-Hluttaw-Rules (Committee)

 

 

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters