Home > Inside, NLD, Oppositon > ​ရေ​ဘေး​သင့်​ ​ပေါက်မြို့​နယ်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ကူညီ

ရေ​ဘေး​သင့်​ ​ပေါက်မြို့​နယ်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ကူညီ

Published on October 28, 2011 by နော်နိုရင်း  ·   (DVB)

အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူမှုအ​ထောက်အကူပြု အဖွဲ့​အ​နေနဲ့​ မ​ကွေး​တိုင်း​ အတွင်း​က ​ရေ​ဘေး​သင့်​ဒုက္ခသည်​တွေ့​ကို ကူညီ​ထောက်ပံ့​မှု​တွေ ဆက်လုပ်​နေပြီး​ ဒီ​နေ့​ ​ပေါက်မြို့​နယ်မှာ သွား​ရောက်ကူညီခဲ့​ပါတယ်။

အဖွဲ့​ ချုပ်ဗဟိုနဲ့​ နယ်​မြေခံအဖွဲ့​ချုပ်ဝင်​တွေဟာ ​အောက်တိုဘာလ ၂၇ နဲ့​ ၂၈ ရက်​နေ့​တွေမှာ ​ရေ​ဘေး​ဒုက္ခ ဆိုး​ဆိုး​ဝါး​ဝါး​ခံ​နေရတဲ့​ ​ပေါက်မြို့​နယ်ထဲကို သွား​ရောက်ကူညီ​နေပါတယ်။

၂၇ ရက်​နေ့​တုန်း​က ​ပေါက်မြို့​နယ်အတွင်း​ ကူညီကယ်ဆယ်မှု မရ​သေး​တဲ့​ သမား​တော်နဲ့​ ​အောင်ချမ်း​သာရွာကို နှစ်ရွာ သွား​ရောက်ကူညီခဲ့​တယ်လို့​ အဖွဲ့​ချုပ် လူမှုအ​ထောက်အကူပြုအဖွဲ့​က ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“​အောင်ချမ်း​ သာရွာလယ် ဆရာ​တော်​ကျောင်း​မှာ ဒုက္ခသည် မိသား​စု ၁၂၄ အိမ်​ထောင်ကို တအိမ်​ထောင် ဆန် ၄ ပြည်၊​ ​ခေါက်ဆွဲ​ခြောက်ထုပ်က ၇ ထုပ်နှုန်း​ ​ပေး​နိုင်ခဲ့​တယ်။ ​နောက် ​အောင်ချမ်း​သာနဲ့​ သမား​တော်ရွာမှာ အိမ်​ထောင်စု ၁၇ ခုက​တော့​ အိမ်အလုံး​ပါ ​ပျောက်သွား​တယ်။ အဲဒီမှာ ကျ​နော်တို့​ တအိမ်ကို ​ငွေကျပ် သုံး​သောင်း​ဆီ လှူဒါန်း​ခဲ့​ကြတယ်။ သူတို့​ကလည်း​ အား​လုံး​ အလွန်​ကျေး​ဇူး​တင်ကြတယ်။ အား​ပေး​စကား​လည်း​ ကျ​နော်တို့​ ​ပြောခဲ့​တယ်။”

ဒီမနက်မှာလည်း​ ဆင်​ခြေရွာက ​ရေ​ဘေး​ဒုက္ခ​ရောက်​နေတဲ့​ အိမ်​ထောင်စု​ပေါင်း​ ၁၀၆ စုကို သွား​ရောက်ကူတယ်လို့​ ဆိုပါတယ်။ဲ

ပေါက်မြို့​ နယ်က ​ရေ​ဘေး​သင့်​ ရွာ​တွေကိုလည်း​ နာ​ရေး​ကူညီမှုအသင်း​က ​ဒေါ်​ရွှေဇီး​ကွက်တို့​ သွား​ရောက် လှူဒါန်း​ခဲ့​တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ပေါက်မြို့​ နယ်မှာ နှစ် ၅၀ အတွင်း​ အဆိုး​ဝါး​ဆုံး​ ​ရေလွှမ်း​ခဲ့​တာဖြစ်တဲ့​အတွက် ရွာ​ပေါင်း​အ​မြောက်အမြား​ အကူအညီမရဖြစ်​နေပြီး​ သွား​ရောက် ကူညီဖို့​လည်း​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲ​နေတယ်လို့​ ​ပြောပါတယ်။

“​ပေါက်မြို့​ နယ်က ရွာ​တွေဟာ နှစ်​ပေါင်း​ ၅၀ အတွင်း​ မကြုံဖူး​လောက်​အောင် မိုး​တွေက သုံး​လေး​ရက်​လောက် ဆက်တိုက်ရွာ၊​ ​လေး​ငါး​ရက်​လောက် ကြာတဲ့​အခါ ​ချောင်း​ရေက ဒလ​ဟော စီး​လာတဲ့​အခါကျ​တော့​ သဲဖုန်း​သွား​တဲ့​ သ​ဘောပဲ။ တချို့​ရွာ​တွေဆိုရင် လမ်း​ပန်း​ဆက်သွယ်မှုက သွား​လို့​ကို မရ​သေး​ဘူး​။ ​ဆောက်လုပ်​ရေး​ဌာနက လူ​တွေကိုက လမ်း​တွေက ဘယ်လိုမှ ​ပေါက်​အောင် လုပ်လို့​ မရ​သေး​ဘူး​တဲ့​ သဲ​တွေ ဖုံး​နေလို့​တဲ့​။ ​တော်​တော်ကို ဆိုး​ဆိုး​ရွား​ရွား​ ခံစား​နေရတယ်။ အကူအညီက​တော့​ အ​ရေး​တကြီး​ လိုအပ်​နေတာပဲ။ ​တော်​တော်​တော့​ စား​ရေး​သောက်​ရေး​တွေ ခက်ခဲ​နေကြပြီလို့​ ကျ​နော်တို့​ သိတယ်။”

ပေါက်မြို့​ နယ် ရွာ​ပေါင်း​ ၃၀ ​လောက် အတိဒုက္ခ​ရောက်​နေပြီး​ လူဦး​ရေ နှစ်​သောင်း​လောက် အကူအညီလိုအပ်​နေတယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ပေါက်မြို့​ နယ်မှာ ​သေဆုံး​မှုစာရင်း​ အခုချိန်ထိ မသိရ​သေး​ပေမယ့်​ လူ​ပေါင်း​ ၇၀ ဝန်း​ကျင်​သေဆုံး​နိုင်​ကြောင်း​ ခန်း​မှန်း​ပြောဆို​နေကြတယ်လို့​ ဆိုပါတယ်။

အဖွဲ့​ ချုပ်ဝင်​တွေအ​နေနဲ့​ မနက်ဖြန်မှာလည်း​ ​ရေ​ဘေး​ဒဏ်သင့်​တဲ့​ ဆိပ်ဖြူနဲ့​ ​ပေါက်မြို့​နယ်ကို ဆက်လက်ကူညီမှာ ဖြစ်တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

Categories: Inside, NLD, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters