Home > Cabinet of Ministers, Government > ဧည့်​လမ်း​ညွှန်များ​ သတ်မှတ်ဝတ်စုံမဝတ်လျှင် လိုင်စင်သိမ်း​သည်အထိ အ​ရေး​ယူမည်

ဧည့်​လမ်း​ညွှန်များ​ သတ်မှတ်ဝတ်စုံမဝတ်လျှင် လိုင်စင်သိမ်း​သည်အထိ အ​ရေး​ယူမည်

Published on October 28, 2011 by ရွှေအောင်  ·   (DVB)

ဧည့် ​လမ်း​ညွှန်​တွေ သတ်မှတ်ဝတ်စုံမဝတ်ရင် လိုင်စင်သိမ်း​တဲ့​ထိ အ​ရေး​ယူမယ် ဆိုတာ​ကြောင့်​ ဧည့်​လမ်း​ညွှန် ​တော်​တော်များ​များ​ မ​ကျေမနပ် ဖြစ်​နေကြပါတယ်။

အာဏာသုံး​ပြီး​ အ​ရေး​ယူမယ်၊​ လိုင်စင်သိမ်း​မယ်လို့​ သက်ဆိုင်ရာ ဟိုတယ်ခရီး​ဝန်ကြီး​ဌာနက လုပ်လာတဲ့​အ​ပေါ် မ​ကျေမနပ် ဖြစ်​နေကြတာပါ။

မြန်မာနိုင်ငံ ဧည့်​လမ်း​ညွှန်အသင်း​က ဧည့်​လမ်း​ညွှန်​တွေအ​နေနဲ့​ ဧည့်​သည်ကို ​လေဆိပ်အကြိုအပို့​ လုပ်တဲ့​နေ့​တွေနဲ့​ ​ရွှေတိဂုံဘုရား​ပေါ် လိုက်လံရှင်း​လင်း​ပြသတဲ့​ ​နေ့​တွေမှာ သတ်မှတ်ဝတ်စုံဝတ်ကြဖို့​ စည်း​ရုံး​ပြောကြား​ပြီး​ ဖြစ်ပါတယ်။

အမျိုး​သား​ တွေက ​ကော်လံပြတ် ရှပ်အင်္ကျီ အဖြူနဲ့​ ပုဆိုး​အပြာ၊​ အမျိုး​သမီး​တွေက ပန်း​ရောင်ရင်ဖုံး​အင်္ကျီနဲ့​ ချိတ်ထမီ အပြာ စတဲ့​ သတ်မှတ် တူညီဝတ်စုံ​တွေကို နိုဝင်ဘာ ၁ ရက်ကစပြီး​ ဝတ်ကြဖို့​ ဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ ၂၄ ရက်က​တော့​ ​နေပြည်​တော် ဟိုတယ်ခရီး​ ဝန်ကြီး​ဌာနက ဧည့်​လမ်း​ညွှန်အသင်း​က ဗဟိုအလုပ်အမှု​ဆောင် ၁၁ ဦး​ကို ​ခေါ်ပြီး​ ဗဟိုအမှု​ဆောင်အဖွဲ့​ထဲကို ဝန်ကြီး​ဌာနက အမှု​ဆောင် ၇ ဦး​ ထပ်ထည့်​ပြီး​ ဧည့်​လမ်း​ညွှန်​တွေ သတ်မှတ်​နေရာ​တွေမှာ သတ်မှတ်ဝတ်စုံ​တွေ ဝတ်မဝတ် ​စောင့်​ကြည့်​ အ​ရေး​ယူမယ်လို့​ အသိ​ပေး​ ​ပြောကြား​ခဲ့​ပါတယ်။

ဒါ့​အပြင် ကျိုက်ထီး​ရိုး​ဘုရား​ပေါ် တက်တဲ့​အခါမှာလည်း​ ဝတ်စုံဝတ်ရမယ်လို့​ ​နေရာထပ်တိုး​ထည့်​ခဲ့​ပါတယ်။

အဲ့​ဒီလို အသိ​ပေး​ ​ပြောကြား​ပြီး​တဲ့​နောက် အခုလိုမျိုး​ မ​ကျေနပ်ချက်​တွေ ထွက်​ပေါ်လာတာလို့​ ဧည့်​လမ်း​ညွှန်အသင်း​က ကိုညီညီက ​ပြောပါတယ်။

“အခု ဧည့်​လမ်း​ညွှန်​တွေရဲ့​ မ​ကျေနပ်ချက်က​တော့​ အ​ရေး​ယူမယ်ဆိုတဲ့​ အပိုင်း​တွေ​ပေါ့​။ ပုလိပ်ဖမ်း​သလိုမျိုး​ သွား​စောင့်​ကြည့်​တာမျိုး​ကျ​တော့​ ကျ​နော်တို့​ ဧည့်​လမ်း​ညွှန်​တွေ အချင်း​ချင်း​ကျ​တော့​ မလုပ်ချင်ဘူး​။ အချင်း​ချင်း​ သူငယ်ချင်း​တွေကိုသွား​ပြီး​ အ​ရေး​ယူတာမျိုး​တော့​ ဘယ်သူမှ မလုပ်ချင်ဘူး​။ အဲဒါ​တော်​တော်များ​များ​ကို​တော့​ သ​ဘောမတူဘူး​။ ကျ​နော်တို့​က အ​ရေး​ယူတာနဲ့​စာရင် ခင်ခင်မင်မင်နဲ့​ ​ပြောလိုက်ချင်တယ်။ အား​လုံး​ကို ဝတ်ကြပါဆိုရင် ဝတ်မှာပါ။ အ​ရေး​ယူမယ်ဆို​တော့​ တမျိုး​ဖြစ်သွား​တာ​ပေါ့​။”

မြန်မာနိုင်ငံမှာ လိုင်စင်ရဧည့်​လမ်း​ညွှန်​ပေါင်း​ ၇၀၀ ရာ​ကျော် ရှိ​ပေမယ့်​ အမှန်တကယ် ဧည့်​လမ်း​ညွှန် အလုပ် လုပ်​နေသူက ၂၀၀ ​ကျော်ပဲ ရှိပါတယ်။ နိုဝင်ဘာနဲ့​ ဒီဇင်ဘာလ​တွေဟာ ကမ္ဘာလှည့်​ခရီး​သွား​ ဝင်​ရောက်လည်ပတ်မှု အများ​ဆုံး​လ​တွေ ဖြစ်ပါတယ်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters