Home > Interview > ဥ​ပေဒအတည်ပြုပြီး ဒီလိုလုပ်လို့​ ဘယ်ရမလဲ -ဦး​သိန်း​ညွန့်​နှင့်​ ​မေး​မြန်း​ချက်

ဥ​ပေဒအတည်ပြုပြီး ဒီလိုလုပ်လို့​ ဘယ်ရမလဲ -ဦး​သိန်း​ညွန့်​နှင့်​ ​မေး​မြန်း​ချက်

Published on October 28, 2011 by နေသွင်  ·   DVB)

ငြိမ်း ​ချမ်း​စွာဆန္ဒထုတ်​ဖော်ခွင့်​နဲ့​ပတ်သက်လို့​ ပြည်သူ့​လွှတ်​တော်က အဆိုပြုထား​တဲ့​ မူကြမ်း​ကို အမျိုး​သား​လွှတ်​တော်က ပြင်ဆင်ချက်​တွေနဲ့​ အတည်ပြုလိုက်ပါတယ်။

ဦးသိန်းညွှန့်

လွှတ်​ တော်နှစ်ရပ်က မူကြမ်း​မှာ ကွဲလွဲချက်တချို့​ ရှိ​နေတဲ့​အတွက် လွှတ်​တော်နှစ်ရပ်​ပေါင်း​ဖြစ်တဲ့​ ပြည်​ထောင်စုလွှတ်​တော်ရဲ့​ အဆုံး​အဖြတ်ကို ခံယူရဦး​မယ့်​သ​ဘော ဖြစ်ပါတယ်။

ဒါ​ပေမယ့်​ ဒီမူကြမ်း​ နှစ်ရပ်လုံး​မှာ ခွင့်​ပြုထား​တဲ့​ လူထုရဲ့​ ဆန္ဒထုတ်​ဖော်ခွင့်​မှာ အကန့်​အသတ်​တွေ ရှိ​နေတုန်း​ပါပဲ။ ပြည်သူ့​လွှတ်​တော်မှာ မူကြမ်း​ကို အဆိုပြုခဲ့​တဲ့​ ပြည်သူ့​လွှတ်​တော်အမတ် ဦး​သိန်း​ညွန်ကို့​ ​မေး​မြန်း​ထား​ပါတယ်။

ဦး ​သိန်း​ညွန့်​တို့​က ပြည်သူ့​လွှတ်​တော်က​နေတင်တယ်။ အမျိုး​သား​လွှတ်​တော် ကပြင်ဆင်ချက်​တွေနဲ့​ ပြင်ဆင်ပြီး​တော့​မှ ​နောက်ဆုံး​ အတည်ပြု လိုက်တယ်ပဲ ​ပြောမှာ​ပေါ့​။ ဒီအ​ပေါ်မှာ တစုံလုံး​အ​နေနဲ့​ ဦး​သိန်း​ညွန့်​အ​နေနဲ့​ ​ကျေနပ်လက်ခံနိုင်တဲ့​ အ​နေအထား​ ရှိပါသလား​။

“အခုက ကျ​နော်က ​ပြောစရာမလို​တော့​ဘူး​။ သူတို့​ဟာသူတို့​ တင်​ပေမယ့်​ ဒီဟာက သ​ဘောကွဲလွဲချင်း​ဆိုရင် လွှတ်​တော် နှစ်ရပ်မှာ ရှိတဲ့​ ​ပေါင်း​ထား​တဲ့​ ပူး​ပေါင်း​ဥပ​ဒေကြမ်း​ကော်မတီ ရှိတယ်။ အဲဒီ ပူ​ပေါင်း​ဥ​ဒေကြမ်း​ ​ကော်မတီမှာ ပြန်ပြီး​တော့​ ညှိနှိုင်း​ရဦး​မယ်။ အဲဒီ ပူး​ပေါင်း​ဥပ​ဒေကြမ်း​ကော်မတီက ပြန်ညှိနှိုင်း​ပြီး​မှ ပြည်​ထောင်စုလွှတ်​တော်ကို ပြန်တင်လာမယ်။ တင်လာတဲ့​အ​ပေါ်မှာ အဲဒီအချိန်ကျမှပဲ ကျ​နော့်​သ​ဘောထား​ကို ​ပြောရမှာပဲ။”

ဦး ​သိန်း​ညွန့်​တို့​ နဂိုမူကြမ်း​နဲ့​ အခု မူကြမ်း​ထဲမှာက ဦး​သိန်း​ညွန့်​ တ​ယောက်တည်း​အ​နေနဲ့​ သ​ဘောမတူနိုင်စရာ အဓိက အချက်​တွေဆိုရင် ဘယ်အချက်​တွေလို့​ ​ပြောမလဲ။

“အနှစ်သာရက ကျ​နော်လိုချင်တာက ငြိမ်း​ချမ်း​စွာစု​ဝေး​ခွင့်​နဲ့​ စီတန်း​လှည့်​လည်ခွင့်​မှာ ​ကြွေးကြော်သံပါရမယ်ဗျာ။ ဒါ နံပါတ်တစ်။ နံပါတ်နှစ်က ​စောတုန်း​က လွယ်လင့်​တကူ​ပေါ့​။ သက်​သေအ​ထောက်အထား​ မရှိဘဲနဲ့​ နှုတ်မိန့်​နဲ့​ ထိန်း​ချုပ်နိုင်ဖို့​၊​ သ​ဘောကဗျာ အာဏာပြတာ​တွေ ထိန်း​ချုပ်နိုင်ဖို့​ပေါ့​။ ကျန်တဲ့​ အချက်​တွေက​တော့​ ထပ်ဖြည့်​တဲ့​ ဟာ​တွေကလည်း​ တည်ဆဲ​ ဥပဒေကို လိုက်နာရမယ်ဆိုတဲ့​ အချက်ထဲမှာ ပါပြီး​သား​တွေပါ။ အဲဒါ​တွေ မ​ပြောရ၊​ ဘာမ​ပြောရ ညာမ​ပြောရဆိုတာ ​တွေ့​တယ်​လေ။ ဒီဥပ​ဒေရဲ့​နောက်မှာ တည်ဆဲဥပ​ဒေကို လိုက်နာရမယ်ဆို​တော့​ အသ​ရေဖျက်တာတို့​၊​ ​ကောလာဟလတို့​ဆိုတာ ​ပြောလို့​ မရဘူး​လေ။ ကျ​နော်တို့​က​တော့​ မလိုဘူး​ထင်တာ​ပေါ့​။ သူတို့​က​တော့​ လိုတယ်ထင်ပြီး​တော့​ ထပ်ဖြည့်​တာ​ပေါ့​ ဒါပါပဲ။ ကျန်တာက​တော့​ သူတို့​ ပိုင်ကွက်နဲ့​ သူတို့​ ပြန်တင်တဲ့​ဟာ ကျ​နော်တို့​ ကြည့်​ရမှာ​ပေါ့​။ အဲဒီ​တော့​ ဒီဟာ​တွေက ပြည်သူ့​လွှတ်​တော်နဲ့​ အမျိုး​သား​လွှတ်​တော် ပူး​ပေါင်း​ကော်မတီမှာ ဥပဒေကြမ်း​ကော်မတီမှာ ညှိနှိုင်း​လို့​ ရလား​ မရလား​ အဲဒါ ကျ​နော်တို့​ ကြည့်​ရဦး​မှာ​ပေါ့​။ သိပြီး​ရင်​တော့​ ပြည်​ထောင်စုလွှတ်​တော်မှာ ကျ​နော်တို့​ ​ပြောသင့်​တဲ့​ဟာ​တွေ ကျ​နော်တို့​ ​ပြောရမှာ​ပေါ့။”

ဆိုလိုတာက ပြည်​ထောင်စုလွှတ်​တော်ကို တဆင့်​ပြန်သွား​ရမယ့်​ သ​ဘော ရှိတာ​ပေါ့​နော်။

“မတူရင် ပြန်သွား​ရမှာ​ပေါ့​။”

နောက်တချက်က ဦး​သိန်း​ညွန့်​တို့​ တင်တဲ့​ဆီမှာက အခုနကလို ကြိုတင်အ​ကြောင်း​ကြား​ရမယ်ဆိုတဲ့​အပိုင်း​ပေါ့​လေ။ ကြိုတင် အ​ကြောင်း​ကြား​ ရမယ်ဆိုရင် အဲဒီဟာကို ခွင့်​မပြုဘူး​ဆိုရင် ဘယ်လို ဆက်လုပ်မလဲ ဆိုတဲ့​ ပြဿာနာ​ပေါ့​။

“ခွင့်​ မပြုဘူး​ဆိုရင် သူက အယူခံအဖွဲ့​ ရှိတယ်​လေ။ အဲဒီ အယူခံအဖွဲ့​ကို တင်တဲ့​အခါမှာ ပြည်သူလွှတ်​တော်မှာ ကျ​နော့်​အဆို အ​ရေး​နိမ့်​သွား​တာ ရှိတယ် သူတို့​က ​ထွေအုပ်ကို သူက လုပ်ပိုင်ခွင့်​ပေး​ထား​တာ​ပေါ့​။ တိုင်း​ထွေအုပ်ရဲ့​ အဆုံး​အဖြတ်နဲ့​ အပြီး​သတ်ဖြတ်တာ​ပေါ့​။ ကျ​နော်က​တော့​ မဟုတ်ဘူး​ အဲဒီ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်က ခန့်​အပ်ပြီး​တော့​ သက်ဆိုင်ရာ တိုင်း​ပြည်နယ်လွှတ်​တော်က သ​ဘောတူထား​တဲ့​ လုံခြုံ​ရေး​နဲ့​ နယ်စပ်​ရေး​ရာ ဝန်ကြီး​ကို အယူခံအာဏာအပ်ဖို့​ ကျ​နော် တင်ခဲ့​တာ​ပေါ့​။ ဒါက ပြည်သူ့​လွှတ်​တော်မှာ ကတည်း​က မ​အောင်မြင်ပါဘူး​။”

ဆိုလိုတာက ဒီဥပ​ဒေမှာ အဲဒါမျိုး​ကျ​တော့​ ပြန်ပြီး​ထိန်း​ညှိ​ပေး​မယ့်​ ဟာမျိုး​က လစ်လပ်​နေတဲ့​ သ​ဘောမျိုး​ ဖြစ်​နေတာ​ပေါ့​။

“အဲဒီလို​တော့ ​ မဟုတ်ဘူး​လေ။ သူက ​ထွေအုပ်ကို သုံး​တာ​ပေါ့​။ သူက​ပေး​ထား​တဲ့​ ​ထွေအုပ်ရဲ့​ အဆုံး​ဖြတ်နဲ့​ ပတ်သက်ပြီး​ရင် ​နောက် ကျ​နော်တို့​ လက်​တွေ့​လုပ်တဲ့​အ​ပေါ်မှာ အ​တွေ့​အကြုံရရင် ရသလို ဥပ​ဒေဆိုတာ တခါပြုထား​တာနဲ့​ ထား​ဝရ မဟုတ်ဘူး​လေ။ ပြင်စရာရှိတာ ပြင်နိုင်တဲ့​အ​ခြေအ​နေ လိုအပ်ရင် ​နောက်ထပ် ကျ​နော်တို့​ ပြင်မှာ​ပေါ့​။”

မ ​နေ့​ကလို လယ်သမား​တွေ ဆန္ဒပြတဲ့​ကိစ္စမျိုး​တွေဆိုရင် ရဲက မပြနဲ့​ဆိုတာမျိုး​ ခွဲလိုက်တဲ့​ ကိစ္စမျိုး​ပေါ့​။ ဒါ ဥပ​ဒေအတည်မဖြစ်​သေး​တဲ့​ ကာလမို့​လို့​လား​။

“ဥပ​ဒေ အတည်မဖြစ်​သေး​တဲ့​ ကာလ​ပေါ့​။ အတည်ဖြစ်ပြီး​ရင်​တော့​ လယ်သမား​တွေက သူတို့​ ဘာ​ကြောင့်​ပြမယ်၊​ ဘယ်လိုပြမယ်၊​ ဘယ်လို​ကြွေး​ကြော်မယ်၊​ ဆိုင်း​ဘုတ်ဘယ်လို​ရေး​မယ် သူ့​ ဥပ​ဒေအတိုင်း​ လုပ်လို့​ရှိရင် သူတို့​က လယ်သမား​တွေကို ဒီဥပ​ဒေ အတည်ပြုပြီး​ရင် ဒီလို လုပ်လို့​ ဘယ်ရမလဲ။ မရတဲ့​အပြင် အ​နှောင့်​အယှက် မ​ပေး​နိုင်​အောင်​တောင် သူတို့​က ကူညီရဦး​မယ်။”

ဒါက ​တော့​ ဆန္ဒမပြခင်မှာ သူတို့​က​နေပြီး​တော့​မှ အကုန်လုံး​ ဆိုင်း​ဘုတ်​တွေကအစ၊​ ​ကြွေး​ကြော်သံ​တွေ​ရော အကုန်လုံး​ အတည်ပြုပြီး​သား​ ရှိရမယ့်​ သ​ဘော ရှိတာ​ပေါ့​။

“ဟုတ်တယ်။ အမျိုသား​လွှတ်​တော်က တင်လိုက်တဲ့​ဟာက​လေ။ သတ်မှတ်ထား​တဲ့​ဟာ​ပေါ့​။ သို့​သော် ဘာဖြစ်ဖြစ်​ပေါ့​ဗျာ ​ကြွေး​ကြော်သံ​တွေကို ကိုယ်က တင်တဲ့​ဟာ သူတို့​ ပယ်ချတယ်ဆိုရင်လည်း​ အဲဒါ အလုပ်မဖြစ်ဘူး​ ဆိုရင်လည်း​ သက်ဆိုင်ရာ လွှတ်​တော်ကိုယ်စား​လှယ်​တွေ​ပေါ့​ အထူး​သဖြင့်​ပေါ့​ဗျာ။ ကျ​နော်တို့​ကိုလာပြီး​တော့​ အဲဒီလို အ​ခြေအ​နေမျိုး​တွေကို သူတို့​ လာတင်ပြတယ်ဆိုရင် ကျ​နော်တို့​က လွှတ်​တော်မှာ ဒါ​တွေက ပြန်​ပြောရမှာ​ပေါ့​။”

ဆိုလိုတာက ဒါထပ်လုပ်ရမယ့်​ တဆင့်​ပြီး​တဆင့်​တော့​ ပြန်သွား​ကြရဦး​မယ့်​ သ​ဘော​တော့​ ရှိတာ​ပေါ့​။

“အခု ဒီမိုက​ရေစီနိုင်ငံ​တွေမှာလည်း​ ခွင့်​ပြုချက်က ​တောင်း​ရတာပဲ​လေ။ သူတို့​ အကာအကွယ်ယူတာပဲ။ အဲဒီ​တော့​ ဒီမိုက​ရေစီနိုင်ငံရဲ့​ စံနှုန်း​ရောက်လာ​အောင်​တော့​ ကျ​နော်တို့​ ကြိုး​စား​ရမှာ​ပေါ့​။”

Categories: Interview
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters