Home > CRPP, Inside, Oppositon > ပါတီမှတ်ပုံတင်​ရေး​ကိစ္စ ပြန်လည်ဆန်း​စစ်မည်ဟု စီအာပီပီ​ပြောကြား

ပါတီမှတ်ပုံတင်​ရေး​ကိစ္စ ပြန်လည်ဆန်း​စစ်မည်ဟု စီအာပီပီ​ပြောကြား

Published on October 18, 2011 by ​အေး​နိုင်  ·(DVB)

သမ္မတဦး ​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံပွဲက​နေ မြင်​တွေ့​ရတဲ့​ နိုင်ငံ​ရေး​ အလှည့်​အ​ကွေ့​ကို ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) က အ​လေး​ထား​အကဲခတ်​နေသလို စီအာပီပီအဖွဲ့​ဝင်ပါတီ​တွေ မှတ်ပုံတင်​ရေး​ကိစ္စကို ပြန်လည်ဆန်း​စစ်​နေတယ်လို့​ ​ကော်မတီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ပြည်သူ့​လွှတ်​ တော်ကိုယ်စား​ပြု ​ကော်မတီကို ၁၉၉၀ ပြည့်​နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ အနိုင်ရတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ စုဖွဲ့​ထား​တာဖြစ်ပါတယ်။

စစ်အစိုး​ ရလက်ထက် ၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင်က အန်အယ်လ်ဒီအပါအဝင် စီအာပီပီအဖွဲ့​ဝင်ပါတီ​တွေကို ပါတီမှတ်ပုံမတင်သဖြင့်​ ပျက်ပြယ်တယ်လို့​ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က ​ကြေညာခဲ့​တာ​ကြောင့်​ ဒီ​ကြေညာချက်အ​ပေါ် ပါတီ​တွေက တရား​ဝင်ရပ်တည်ခွင့်​ရှိတယ်လို့​ ကိုင်စွဲပြီး​ တရား​ရင်ဆိုင်ကြပါတယ်။

စီအာပီပီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်ကို ​မေး​မြန်း​ထား​ပါတယ်။

တိုင်း ​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေကလည်း​ ​လေး​စား​တယ်၊​ အသိအမှတ်ပြုတယ်လို့​ ထုတ်​ပြောထား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ အကျယ်ချုပ်ဘဝက လွတ်​နေတယ်။ ဦး​ဝင်း​တင်၊​ ဦး​တင်ဦး​၊​ အန်ကယ်တို့​လည်း​ အပြင်မှာ ရှိ​နေတယ်။ ဖျက်သိမ်း​ခံရတဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေ ရှိတယ်ဆို​ပေမယ့်​လည်း​ အသစ်​ပေါ်ထွန်း​လာတဲ့​ ပါတီ​တွေလည်း​ ရှိ​နေကြပြီဆို​တော့​ သမ္မတကလည်း​ ငြိမ်း​ချမ်း​ရေး​အတွက် လွှတ်​တော်က​နေ သဝဏ်လွှာ​တွေ ပို့​တာ​တွေ့​တယ်ဆို​တော့​ ဒီလိုမျိုး​ ဆုံချက်တခုကို စီအာပီပီအ​နေနဲ့​ အမိအရ စွဲကိုင်ပြီး​တော့​ သုံး​ပွင့်​ဆိုင်ဖြစ်​အောင် အန်ကယ်တို့​အ​နေနဲ့​ ဘယ်လိုမျိုး​ မဟာဗျူဟာအရ ချမှတ်​ဆောင်ရွက်​နေပါသလဲ။

ဦးအေးသာ အောင်

“ကျ​နော်တို့​ က စီစဉ်တာက တ​နေရာမှာ အား​လုံး​ဆုံ​တွေ့​ပြီး​တော့​ ညီလာခံတခု ကျင်း​ပတာမျိုး​ မလုပ်နိုင်သည့်​တိုင်​အောင် ကျ​နော်တို့​ ဖိတ်​ခေါ်တာက အင်တာနက်ကပဲ ဖြစ်ဖြစ်၊​ စာတမ်း​တွေပို့​တာပဲဖြစ်ဖြစ်၊​ နည်း​မျိုး​စုံနဲ့​ တိုင်း​ရင်း​သား​ကိစ္စ အ​ရေး​အရာ​တွေကို ​ဆွေး​နွေး​ပြီး​တော့​ ကျယ်ကျယ်ပြန့်​ပြန့်​ တင်ပြတဲ့​စာတမ်း​တွေ၊​ ​ပြောဆိုချက်​တွေကို ရလာတဲ့​အချိန်မှာ စစ်​ဆေး​ပြီး​တော့​ ကျ​နော်တို့​ ကျင်း​ပလိုတဲ့​ဆန္ဒ​တွေရှိတယ်။ ဒါ​ပေမယ့်​ စာတမ်း​တွေ လုံလုံ​လောက်​လောက် မတက်လာတာရှိသလို လတ်တ​လောမှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ နိုင်ငံ​ရေး​ အလှည့်​အ​ကွေ့​တခုကို ကျ​နော်တို့​မြင်​နေရတယ်။ အဲဒီအလှည့်​အ​ကွေ့​မှာ ​ရှေ့​ဆက်မယ့်​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ရဲ့​ လုပ်ငန်း​စဉ်​တွေ ဘယ်လိုများ​ ​ပေါ်လာမလဲ။ တိုင်း​ရင်း​သား​အား​လုံး​ ပါဝင်မယ့်​ နိုင်ငံ​ရေး​ဆုံချက်တခု ရနိုင်မလား​။ ဒါ​တွေကိုလည်း​ ကျ​နော်တို့​က ​လေ့​လာ​နေပါတယ်။ အထူး​သဖြင့်​ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ရဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို စီအာပီပီအ​နေနဲ့​ အ​ကောင်း​မြင်ပါတယ်။ လိုလိုလား​လား​လည်း​ ရှိပါတယ်။ တချို့​အချက်အလက်​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်ကတဆင့်​ သိရတာလည်း​ရှိပါတယ်။ ဒီအ​ပေါ်မှာ ကျ​နော်တို့​က နိုင်ငံ​ရေး​ အ​ကွေ့​အလှည့်​တခု​ပေါ့​။ ​ကောင်း​မွန်တဲ့​၊​ မှန်ကန်တဲ့​ အ​ကွေ့​အလှည့်​ဖြစ်ဖို့​ ​မျှော်လင့်​တယ်။ ဒါနဲ့​အတူ တိုင်း​ရင်း​သား​များ​ရဲ့​ပင်လုံအ​ခြေခံအပါအဝင် တိုင်း​ရင်း​သား​ ပြဿနာများ​ဟာလည်း​ ဒီအ​ကွေ့​အလှည့်​မှာ တပါတည်း​ပါဖို့​အတွက် အာရုံစိုက်တယ်။ ဒီအတွက်လည်း​ ထပ်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​၊​ အကျဉ်း​သား​များ​ ​နောက်ထပ်လွှတ်​ပေး​ဖို့​၊​ အ​ခြေအ​နေ အရပ်ရပ်​တွေကလည်း​ နည်း​နည်း​ အချိန်ယူရမယ့်​ အ​နေအထား​မျိုး​မှာ ရှိပါတယ်။”

ရွေး ​ကောက်ပွဲ ကျင်း​ပ​ရေး​ ​ကော်မရှင်က​နေ ဖျက်သိမ်း​တယ်ဆိုပြီး​ ​ကြေညာတဲ့​ အန်အယ်ဒီအပါအဝင် တိုင်း​ရင်း​သား​ပါတီ​တွေ ၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲ အနိုင်ရတဲ့​ ပါတီ​တွေအ​နေနဲ့​ အခုအချိန်မှာ ပါတီ​တွေမှတ်ပုံတင်ဆိုရင်လည်း​ တင်လိုက်။ ​ရွေး​ကောက်ပွဲဝင်ဆိုလည်း​ ဝင်လိုက်။ အဲဒီနည်း​လမ်း​ဟာ နိုင်ငံ​ရေး​ လုပ်ဖို့​အတွက် အသင့်​တော်ဆုံး​အ​ခြေအ​နေမျိုး​ဆိုပြီး​ အကယ်၍သာ ဒါမလုပ်ရင် ဘာလုပ်မလဲဆိုပြီး​ အသံကအခုတ​လော ပြန်ကျယ်လာတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ စီအာပီပီ အဖွဲ့​ဝင်​တွေထဲက မှတ်ပုံတင်​ရေး​၊​ ​ရွေး​ကောက်ပွဲဝင်​ရေး​နဲ့​ ပတ်သက်လို့​ ဘယ်လိုမျိုး​ အန်ကယ်တို့​ စဉ်း​စား​ပါသလဲ။

“ကျ​နော်တို့​ လည်း​ စဉ်း​စား​ပါတယ်။ အဓိက​တော့​ ကျ​နော်တို့​တိုင်း​ပြည်က ဆင်း​ရဲတွင်း​နက်တဲ့​တိုင်း​ပြည်။ ဒီဆင်း​ရဲတွင်း​က ရုန်း​ထွက်နိုင်ဖို့​။ ကျ​နော်တို့​က လူ့​အခွင့်​အ​ရေး​တွေ၊​ ဒီမိုက​ရေစီ အခွင့်​အ​ရေး​တွေ လက်နက်ကိုင် ပဋိပက္ခ​တွေကို ချုပ်ငြိမ်း​ပြီး​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောက်ဖို့​၊​ ပြီး​တော့​ တိုင်း​ပြည်ဖွံ့​ဖြိုး​တိုး​တက်ဖို့​၊​ ​နောက်ဆုံး​ဖက်ဒရယ်ပြည်​ထောင်စု တည်​ဆောက်ဖို့​အထိ​ပေါ့​။ အဲ​တော့​ ဒီလုပ်ငန်း​စဉ်​တွေ အ​ပေါ်မှာ ကျ​နော်တို့​က အာရုံစိုက်ပြီး​တော့​ အကျိုး​ရှိမယ်ဆိုရင် ကျ​နော်တို့​က ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုအဖွဲ့​အစည်း​နဲ့​မဆို ဘယ်လိုပုံသဏ္ဌာန်နဲ့​မဆို လက်တွဲ​ဆောင်ရွက်ဖို့​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ရှိပါတယ်။ တချို့​လည်း​ လာ​ဆွေး​နွေး​ကြပါတယ်။ အဲ​တော့​ ​စော​စောက ​ပြောသလို နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်လာဖို့​အ​နေအထား​တွေ၊​ ပြီး​တော့​ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ရဲ့​ ​ဆွေး​နွေး​ချက်​တွေ အ​ပေါ်မှာ ဖြစ်ထွန်း​မှု အ​နေအထား​တွေ​ပေါ် မူတည်ပြီး​တော့​ ကျ​နော်တို့​က ဆက်လက် ​ဆွေး​နွေး​ညှိနှိုင်း​ပြီး​တော့​ လုပ်သင့်​လုပ်ထိုက်တဲ့​ လုပ်ရမယ့်​အလုပ်​တွေကို တိုင်း​ပြည်အကျိုး​၊​ ပြည်သူ​တွေအကျိုး​အတွက် လုပ်သွား​မှာဖြစ်ပါတယ်။”

ဒေါ် ​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်ကြည်တွေ့​တယ်။ သမ္မတကြီး​က​တောင် ​တွေ့​တယ်ဆို​တော့​ အခု အန်ကယ်တို့​တွေ့​တာတပိုင်း​ ထား​ပြီး​တော့​ အကယ်၍ စစ်​မြေပြင်​တွေမှာ ကချင်၊​ ရခိုင်၊​ ကရင်၊​ မွန်၊​ ရှမ်း​ စသဖြင့်​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​တွေ ​ထောင်​သောင်း​ပေါင်း​များ​စွာ ဒုက္ခခံ​နေရတဲ့​ဘဝက လွတ်​အောင် စစ်ပွဲ​တွေ ချက်ချင်း​ရပ်​အောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​အား​၊​ စီအာပီပီရဲ့​ အား​နဲ့​ အစိုး​ရကို နား​ချလို့​မရနိုင်ဘူး​လား​။ သူတို့​တော်​တော် ဒုက္ခ​ရောက်​နေတယ်လို့​ ​ပြောကြပါတယ်။

“အဓိက တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်​နေတဲ့​စစ်ပွဲ​တွေက ရှည်လျား​သလို တိုင်း​ရင်း​သား​ပြည်သူ​တွေရဲ့​ ​နေ့​တိုင်း​လိုလို ခံစား​နေရတဲ့​ဒုက္ခ​တွေကိုလည်း​ ကြား​လည်း​ကြား​တယ်။ သိလည်း​သိတယ်။ ခံလည်း​ခံစား​ရတယ်။ ကျ​နော်တို့​ဖြစ်​စေချင်တာက ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံ​တော်အစိုး​ရအ​နေနဲ့​ တတိုင်း​ပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲပြီး​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောက်ဖို့​ ကျ​နော်တို့​ တိုက်တွန်း​လိုတယ်။ စီအာပီပီ အ​နေနဲ့​ပဲဖြစ်ဖြစ်၊​ တိုင်း​ရင်း​သား​ပါတီ ​ခေါင်း​ဆောင်တ​ယောက်အ​နေနဲ့​ပဲဖြစ်ဖြစ်၊​ တိုင်း​ရင်း​သား​တ​ယောက် အ​နေနဲ့​ပဲဖြစ်ဖြစ် ကျ​နော်တို့​ပြောချင်တာက​တော့​ တကယ့်​တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်နိုင်ဖို့​ဆိုရင် ချက်ချင်း​ပဲ တတိုင်း​ပြည်လုံး​အတိုင်း​အတာနဲ့​ ပြည်တွင်း​စစ်ရပ်စဲဖို့​အတွက် အပစ်အခတ်ကို တတိုင်း​ပြည်လုံး​အတိုင်း​အတာနဲ့​ ရပ်စဲပါ။ ပြီး​တော့​ ဆက်လက်ပြီး​တော့​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖို့​တိုက်တွန်း​လိုပါတယ်။”

 

Categories: CRPP, Inside, Oppositon
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters