Home > Cabinet of Ministers, China, Government, Media > တရုတ် ရုပ်သံလိုင်း ၃ လိုင်း မြန်မာရုပ်သံ ပလက်ဖောင်းမှ စတင်ထုတ်လွှင့်

တရုတ် ရုပ်သံလိုင်း ၃ လိုင်း မြန်မာရုပ်သံ ပလက်ဖောင်းမှ စတင်ထုတ်လွှင့်

Friday, 28 October 2011
Written by Associated News

ရန်ကုန် အောက်တိုဘာ ၂၇

မြန်မာနိုင်ငံ လက်ရှိ အရပ်သား အစိုးရနှင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ယခုနှစ်အတွင်း စတင် တိုးမြှင့်ခဲ့သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရပိုင် CCTV ရုပ်သံလိုင်း ၃ လိုင်းသည် မြန်မာနိုင်ငံရှိ အခပေး ရုပ်သံထုတ်လွင့်မှုများ လုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်းကာ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံ ပြည်တွင်း ရုပ်သံလိုင်းများ မှတဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

ရန်ကုန် မြို့တော်ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ရုပ်သံလိုင်း CCTV နှင့် မြန်မာနိုင်ငံမှ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ကိုင် နေသော Forever Group ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း CCTV ရုပ်သံလိုင်း တိုက်ရိုက် စတင် လွှင့်ထုတ်သည့် အခမ်းအနားတွင် ဦးစိုးဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒစ်ဂျစ်တယ် နည်းပညာဖြင့် မြန်မာနိုင်ငံတွင် ထုတ်လွှင့်နေသော Forever Group ကုမ္ပဏီ ရုပ်သံလိုင်းများမှ လည်းကောင်း၊ ဂြိုဟ်တု မှတစ်ဆင့် ရုပ်သံ ထုတ်လွင့်နေသော ရွှေသံလွင် ကုမ္ပဏီ၏ ရုပ်သံလိုင်းများ မှတဆင့် လည်းကောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ CCTV ရုပ်သံလိုင်း ၃ လိုင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယနေ့နံနက် ၁၁နာရီ ၅ မိနစ်က စက်ခလုပ် နှိပ်၍ တရားဝင် ဖွင့်လှစ်ပေး ခဲ့သည်။

ရန်ကုန်မြို့တော်ရှိ Forever Group ကုမ္ပဏီက ဒစ်ဂျစ်တယ် နည်းပညာဖြင့် ထုတ်လွှင့်သည့် အခပေး ရုပ်သံလိုင်း ဝယ်ယူထားသူ တစ်ဦးက တရုတ်နိုင်ငံမှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွင့်နေသည့် လိုင်းကို စိတ်ဝင်စားကြောင်း တိုက်ရိုက် ကြည့်ရှုနိုင်ပါက ကမ္ဘာနှင့်အဝှမ်း သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ခွင့် ရရှိခြင်း ဖြစ်ကြောင်း The Voice Weekly သို့ မှတ်ချက်ပြု ပြောကြားသည်။

မြန်မာ့ရုပ်သံ ပလက်ဖောင်းမှ CCTV – 4၊ CCTV news၊ CCT-V 9 တို့ စတင်ထုတ်လွှင့်လျှက် ရှိပြီး ထိုသုံးလိုင်းအနက် ၂ လိုင်းမှာ အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်နေသော လိုင်းများဖြစ်ပြီး CCTV 4 မှာ တရုတ်ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်း ဖြစ်သည်။

ရွှေသံလွင် ကုမ္ပဏီ၏ အကြီးအကဲ ဦးကျော်ဝင်းက တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၏ CCTV ရုပ်သံလိုင်း ၃ လိုင်းကို မြန်မာရုပ်သံ ပလက်ဖောင်းမှ စတင် ထုတ်လွှင့်နိုင်သည့်အတွက် များစွာ ဂုဏ်ယူကြောင်း ဖွင့်ပွဲအခမ်းနားတွင် တရားဝင် ထုတ်ဖော်ချီးကျူး ပြောကြားခဲ့သည်ကို တွေ့ရသည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၏ ရုပ်မြင်သံကြား ဌာနသည် ယခုအခါ ကမ္ဘာနှင့်အဝှမ်း တရုတ်၊ ပြင်သစ်၊ အင်္ဂလိပ်၊ အာရပ်၊ ရုရှား၊ စပိန်ဘာသာများဖြင့် ရုပ်သံထုတ်လွှင့်လျှက် ရှိပြီး နိုင်ငံပေါင်း ၁၄ဝ မှ ကြည့်ရှုသူ သန်း ၁၅ဝ ကျော်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၁ဝ ခုနှစ်မှ စတင်၍ အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်နေသော CCTV news ကို တိုးချဲ့ရန် ပြင်ဆင်လျှက် ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။

ယခုအခါ CCTV အပါအဝင် မြန်မာနိုင်ငံတွင် ထုတ်လွင့်နေသော အခပေး၊ အခမဲ့ ရုပ်သံလိုင်းပေါင်း ၁၀ဝ ကျော် ရှိနေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ တရားဝင် စာရင်းများအရ သိရှိရသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters