Home > Economic, Export-Import > ကားဟောင်းလဲကာ ကားသစ်တင်သွင်းရန် ပါမစ်ရရှိထားသူများအား အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများဆိုပါက မော်ဒယ်ကန့်သတ်မထားဘဲ ကားသစ်များအထိ တင်သွင်းခွင့်ပြုမည်

ကားဟောင်းလဲကာ ကားသစ်တင်သွင်းရန် ပါမစ်ရရှိထားသူများအား အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများဆိုပါက မော်ဒယ်ကန့်သတ်မထားဘဲ ကားသစ်များအထိ တင်သွင်းခွင့်ပြုမည်

Thursday, 27 October 2011 05:18 Eleven Media Group.

b30_21

၂၀၁၁ မော်ဒယ်လ်အမျိုးအစားဆိုပါက လက်ရှိပေါက်ဈေး ပျမ်းမျှ ဒေါ်လာ ၁၀၀၀၀ ခန့်ရှိပြီး ၂၀၀၈၊ ၂၀၀၉ မော်ဒယ်လ် အမျိုးအစားဆိုပါက ပျမ်းမျှ ဒေါ်လာ ၈၀၀၀ ၀န်းကျင်ခန့်ရှိသည့် Suzuki Switf, Suzuki R+, Nissan March, Honda Fit ကားအမျိုးအစားများကို တွေ့ရစဉ်

ကားဟောင်းများအပ်နှံကာ ကားသစ်အစားထိုးတင်သွင်းရန် ပါမစ်ရရှိထားသူများနှင့် ပါမစ်ရရှိရန်လျှောက်ထားမည့်သူများအားလုံးကို အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများ တင်သွင်းမည်ဆိုပါက အသစ်အတိုင်း တင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ကားဟောင်းလဲကာ ကားသစ်တင်သွင်းမည့်သူများအနေဖြင့် ယခုသတ်မှတ်ထားသည့် အုပ်စုအလိုက် မော်ဒယ်အလိုက် တင်သွင်းမည်ဆိုပါက တင်သွင်းနိုင်ပြီး အဆိုပါအမျိုးအစားမော်ဒယ်များအား တင်သွင်းခြင်းမပြုဘဲ အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများကို တင်သွင်းမည်ဆိုပါက ၂၀၀၂ ခုနှစ် မော်ဒယ်အထိသာဆိုသည့် ကန့်သတ်ချက်မထားဘဲ အသစ် Brand New အမျိုးအစားကိုပါ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မော်တော်ယာဉ်တင်သွင်းခြင်းကား အရောင်းပြခန်း ဖွင့်လှစ်ခြင်းများနှင့် သက်ဆိုင်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းတို့မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

”အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားတွေကို သွင်းမယ်ဆိုရင်တော့ မော်ဒယ်ကန့်သတ်ချက်မထားရှိပဲ ၁၉၉၅ မော်ဒယ်အထက် ကြိုက်တာသွင်းလို့ရပါတယ်။Brand New သွင်းခွင့်ပေးပါမယ်။ မနက်ဖြန်(အောက်တိုဘာလ ၂၇ ရက်နေ့)ကစပြီးသွင်းခွင့်ပြုသွားပါမယ်။ ဆီစားလည်းသက်သာသလို သဘာဝပတ်ဝန်းကျင်နဲ့လည်း Friendly ဖြစ်တဲ့အတွက် ခွင့်ပြုခြင်းဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ပါသည်။

ဆက်လက်၍လည်း” One Stop Service အဖွဲ့အနေနဲ့လည်း ကားပါမစ်တွေကို နေ့ချင်းပြီး ထုတ်ပေးနေတယ်။ ကိုယ်ပိုင်အမည်နဲ့ ကိုယ်ပိုင်ကားအပ်တဲ့သူမျိုး လျှောက်ထားရင် ပထမဦးစားပေးအနေနဲ့ နာရီပိုင်းအတွင်း ချထားပေးတယ်။SpecialPower နဲ့ လာတဲ့သူတွေဆိုရင်လည်း အချိန်မီထုတ်ပေးသလို၊ အေးဂျင့်တွေလာရင်လည်း တတိယဦးစားပေးအနေနဲ့ နေ့ချင်းပြီး လုပ်ပေးတယ်။တစ်ကယ်လို့ အချိန်နှောင်းသွားတဲ့အတွက် နေ့ချင်းမရရင်တောင် နောက်တစ်ရက်မနက်မှာ ထုတ်ပေးပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Categories: Economic, Export-Import
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters