Home > Economic, Media, Private company > ဖေဖော်ဝါရီ မတိုင်မီ အခမဲ့ရုပ်သံလိုင်း တစ်ခု ထုတ်လွှင့်မည်

ဖေဖော်ဝါရီ မတိုင်မီ အခမဲ့ရုပ်သံလိုင်း တစ်ခု ထုတ်လွှင့်မည်

Friday, 28 October 2011 Written by Associated News

ရန်ကုန် အောက်တိုဘာ ၂၇ The Voice

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ ၇ဝ ရာခိုင်နှုန်းကို လွှမ်းခြုံ၍ ရုပ်/သံ ထုတ်လွှင့် နေသည့် Forever Group ကုမ္ပဏီသည် လာမည့် ဖေဖော်ဝါရီလ မတိုင်မီ Channel – 7 အခမဲ့ ရုပ်သံလိုင်း တစ်ခု ထပ်မံ ထုတ်လွှင့်သွားရန် ရှိကြောင်း အဆိုပါ Forever Group ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးဝင်းမော်က The Voice Weekly သို့ ပြောကြားသည်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ရုပ်သံလိုင်း CCTV နှင့် မြန်မာနိုင်ငံမှ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးတွဲ လုပ်ကိုင်နေသော Forever Group ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်း CCTV ရုပ်သံလိုင်း တိုက်ရိုက် စတင် ထုတ်လွှင့်သည့် အခမ်းအနားအပြီး The Voice Weekly က မေးမြန်းစဉ် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

” Channel 7 က အခမဲ့ ရုပ်သံလိုင်းပါ။ အသက် ၄၅ နှစ်အောက်တွေ ကြည့်ဖို့ အဓိက ရည်ရွယ်ထားပါတယ် ” ဟု ဦးဝင်းမော်က ရှင်းပြသည်။

Forever Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လူကြည့်များသော အခမဲ့ ရုပ်သံလိုင်း MRTV-4 ကို ထုတ်လွှင့်လျှက် ရှိပြီး ၂၀၀၅ ခုနှစ်၌ ဒစ်ဂျစ်တယ် နည်းပညာဖြင့် စတင် ထုတ်လွှင့်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရုပ်သံလိုင်းပေါင်း ၅ဝ ကျော်ကို ယခုအခါ ထုတ်လွင့်လျှက် ရှိသည်။

” ရိုးရိုး ရုပ်သံလိုင်းပါ။ သတင်းသီးသန့် လိုင်းတော့ မဟုတ်ပါဘူး ” ဟု ဦးဝင်းမော်က ဆိုသည်။

အောက်တိုဘာ ၂ရ ရက်နေ့မှ စတင်၍ Forever Group ကုမ္ပဏီထံမှ ဝယ်ယူထားသူများသည် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ရုပ်သံလိုင်း၏ ချယ်နယ် ၃ ခုကို အခမဲ့ ဖမ်းယူရရှိလျှက် ရှိသည်။

Forever Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ စတင်၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခပေး ရုပ်သံလိုင်းများ စတင် ထုတ်လွှင့်ခဲ့ပြီး ယခုအခါ သက်တမ်း ၇ နှစ်ကျော် ရှိလာပြီ ဖြစ်သည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters