Home > Article > ဧရာဝတီနောက်ကွယ်က အမျိုးသားရေး ရှုထောင့်သစ်

ဧရာဝတီနောက်ကွယ်က အမျိုးသားရေး ရှုထောင့်သစ်

Friday, 28 October 2011 19:15 စိုင်းနေမင်း (S.H.A.N)

မြန်မာနိုင်ငံ မြောက်ဖျားဒေသ ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ရဲ့ မြစ်ဖျားဖြစ်တဲ့ မြစ်ဆုံဒေသမှာ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိတဲ့ ရေကာတာစီမံကိန်းကြီးကို အခုတက်လာတဲ့ အစိုးရသစ်ရဲ့ ခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမှာ  မဟုတ်တော့ဘဲသူ့ရဲ့ အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ရပ်နားထားမယ်ဆိုတဲ့ အကြောင်းကို ၂၀၁၁ စက်တင်ဘာလ ၃၀ ရက်နေ့ မှာ ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့ပြီး အသိပေးခဲ့ပါတယ်။

ဒီမြစ်ဆုံ ရေကာတာစီမံကိန်းကြီးကို အရင် တပ်မတော်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နှစ်ဖက်သဘောတူ စာချူပ်ကိုတော့ မြန်မာနိုင်ငံဖက်က ကိုးကန့်လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ ပတ်သက်တဲ့ Asia World ကုမ္ပဏီနဲ့ တရုတ်စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ China Petroleum Investment  ကုမ္ပဏီ ( C.P.I ) တို့က ၂၀၀၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစီမံကိန်း တစ်ခုလုံးဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိပြီး ဆည်တည်ဆောက်ပြီး ထွက်ရှိလာမယ့် ရေအားလျှပ်စစ်စွမ်းအင်ရဲ့ ၉၀ ရာခိုင်နှုံးကိုတော့ တရုတ်နိုင်ငံကို တင်ပို့သွားမှာ ဖြစ်ပါတယ်။

ဒီဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးကို ရပ်နားသွားစေဖို့အတွက် အဓိက တွန်းအားတွေကတော့ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်စေတဲ့ ဆိုးကျိုးတွေနဲ့ ဧရာဝတီမြစ်ကြီးရဲ့ ရေရှည် တည်တံ့မှုကို ခြိမ်းခြောက်လာနိုင်တဲ့ ပြဿနာတွေအပေါ် သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ အနုပညာရှင်တွေ စာရေးဆရာတွေ တိုင်းရင်းသားပြည်သူတွေနဲ့ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူများရဲ့ မီးမောင်းထိုး ပြမှု၊ မီဒီယာတွေ သတင်းဌာနတွေရဲ့ လှုံ့ဆော်မှု ပညာပေးမှု သတင်းဖြန့်ဝေမှု တို့ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ အလုပ်ရုံဆွေးနွေးပွဲတွေ အနုပညာပြပွဲတွေကြောင့်လည်း ပိုပြီး အရှိန်အဟုန် မြင့်လာခဲ့ပါတယ်။

ဒီလို အရှိန်အဟုန်မြင့်အောင် မီးမွှေးပေးလိုက်သူကတော့ ယခုလက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပဲ ဖြစ်ပါတယ်။ ၂၀၁၁ စက်တင်ဘာလ ၁၀ ရက် နေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ သတင်းထောက်တွေ နဲ့ ရှင်းလင်းပြော  ကြား တဲ့အခါ ဒီ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားမယ် ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ကြွေးကြော်ခဲ့ တာကြောင့် အေးတိအေးစက်ဖြစ်နေတဲ့ ဧရာဝတီမြစ်ဆုံ ဂယက်ဟာ လှိုင်းထန်လာခဲ့ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ဧရာဝတီလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ဝေဖန်မှုတွေကို အစိုးရကဂျာနယ် တွေ သတင်းမီဒီယာတွေမှာ လွတ်လပ်စွာ ရေးသားတင်ဆက်ခွင့် ပြုခဲ့တာကြောင့် ပြည်သူလူထု တစ်ရပ်လုံးဟာ ဧရာဝတီမြစ်ဆုံစီမံကိန်းအပေါ် အာရုံစိုက်လာခဲ့ပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လည်း ရန်ကုန်မှာပြုလုပ်ကျင်းပခဲ့တဲ့ “မြစ်တစ်စင်း၏ပုံရိပ် ဧရာဝတီ´´ ပြပွဲကို တက်ရောက် ဖွင့်လှစ်ပေးစဉ် အခါက ဧရာဝတီကို အခြေခံပြီး ပြည်ထောင်စုညီညွတ်ရေးကို လုပ်ဆောင်ကြဖို့ အချက်ပေးလိုက်တဲ့အခါပြည်သူ တစ်ရပ်လုံးဟာ ပိုပြီး စိတ်ဝင်စားလာခဲ့ကြပါတယ်။

လူထုလူတန်းစား အလွှာအသီးသီးက ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အစိုးရအပေါ်ဖိအားများ လာမှုကြောင့် သမ္မတဦးသိန်းစိန်က မိမိတို့အစိုးရဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့ အတွက် ပြည်သူတွေရဲ့ဆန0x081ဒကို အလေးထားဖြေရှင်းပေးရန် တာဝန်ရှိတယ်လို့ အကြောင်းပြပြီး ဒီစီမံကိန်းတစ်ခု လုံးကို ရပ်နားပေးခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ချက်ဟာ ပြည်သူတစ်ရပ်လုံးရဲ အောင်ပွဲဖြစ်ခဲ့သလို သမ္မတ ဦးသိန်းစိန်ရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ ဒီကိစ္စအပေါ် တိုက်ဆိုင်မှုတစ်ခုအဖြစ် မှတ်ယူခဲ့မယ်ဆိုရင်တော့ အမြော်အမြင်နည်းရာ ရောက်ပါလိမ့်မယ်။

ပထဝီနိုင်ငံရေး ကန့်လန့်ကာအဖွင့်

ပြည်ထောင်စုမြန်မာနိုင်ငံဟာ လူဦးရေသန်းပေါင်း တစ်ထောင်ကျော်စီရှိတဲ့၊ မဝေးတော့တဲ့ကာလမှာကမ0x081ဘာ့စီးပွား ရေးအင်အားကြီး ထိပ်တန်းနိုင်ငံတွေ ဖြစ်လာတော့မယ့်၊ တစ်ဖက်က ကမ0x081ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ် ပြီး တစ်ဖက်မှာ တစ်ပါတီစနစ်ကို ကျင့်သုံးတဲ့ ဆူပါပါဝါနိုင်ငံကြီးဖြစ်တဲ့ အိန0x081ဒိယနဲ့ တရုတ်တို့ကြားမှာ တည်ရှိနေ ပါတယ်။ တရုတ်နိုင်ငံရဲ့ အနောက်ချီ ဈေးကွက်ရှာစီမံကိန်းနဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော် မူဝါဒတို့ မြန်မာပြည်မှာ လာရောက်ဆုံတွေ့မိကြပြီး ဒါဟာ မြန်မာနိုင်ငံအတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်သလို အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၀ ပြည့်နှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင် စွာ ကျင်းပပေးနိုင်ခဲ့ပေမယ့် အဲဒီရလဒ်ကို အကောင်အထည်ဖော်ပေးဖို့အတွက် တပ်မတော် စစ်အစိုးရဟာ ပျက်ကွက်ခဲ့ပါတယ်။

တပ်မတော်အစိုးရဟာ နိုင်ငံတော်အာဏာကို ယခုလို အရပ်သားအစိုးရသစ်ထံ လွှဲပြောင်းမပေးခင် အချိန်ထိ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ အုပ်ချူပ်ခဲ့ရာမှာ တရားဝင်မှုပြဿနာနဲ့ ရင်ဆိုင်တိုးခဲ့ရပါတယ်။ နိုင်ငံတကာ မိသားစုအလယ်မှာ သာမက ဒေသတွင်းနိုင်ငံများနဲ့ ဆက်ဆံတဲ့နေရာမှာ တရားဝင်မှုပြဿနာကို ဖြေရှင်းတဲ့အခါ တရုတ်နိုင်ငံဟာ စစ်အစိုးရအတွက် ဖက်တွယ်စရာ ဖြစ်ခဲ့ရပါတယ်။ မြန်မာစစ်အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေး အခက်အခဲတွေကို ကုလသမဂ္ဂစင်မြင့်ပေါ်မှာလည်း တရုတ်အစိုးရက ဗွီတိုအာဏာ အသုံးပြုပြီး အကာအကွယ်ပေး ခဲ့ပါတယ်။ တစ်ဖက်မှာလည်း တပ်မတော်အစိုးရရဲ့ ရပ်တည်ရေးအတွက် ကျသင့်တန်ဖိုးကို မြန်မာ့စွမ်းအင်နဲ့ သယံဇာတတွေအပြင် တရုတ်ပြည်ရဲ့ နောက်ဖေးတံခါးပေါက်အဖြစ်ပါ လက်ဆောင်ပေးချေ လိုက်ရပါတယ်။ ဒါဟာ ရွေးချယ်စရာလမ်း ရှာမတွေ့ခဲ့တဲ့ တပ်မတော်အစိုးရရဲ့ နိုင်ငံရေးအကျပ်အတည်းပဲ ဖြစ်ပါတယ်။

ဖြစ်ထွန်း လာတော့မယ့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး

အရင် တပ်မတော်အစိုးရလက်ထက်တုန်းကတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံအဖို့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးကို ဆောင်ရွက်ဖို့ရာ အခွင့်အလမ်း မသာခဲ့ပါ။ သို့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးပြီးနောက်ပိုင်း ရွေးကောက်ပွဲနဲ့တက်လာတဲ့သမ္မတ ဦးသိန်းစိန်အစိုးရကို အိန္ဒိယနိုင်ငံအနေနဲ့ စိတ်ဝင်စားမှုပြသလာခဲ့ပြီး မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်စဉ်းစား လာရတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

မကြာခင်က သမ္မတဦးသိန်းစိန်ရဲ့ အိန္ဒိယခရီးစဉ်နောက်ပိုင်းမှာတော့ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ စီးပွားရေးရင်းနှီး မြှုပ်နှံမှုကိစ္စအပြင် အခြားကဏ္ဍတွေမှာပါ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်လာတာဟာ ဒီအနေအထားကို မှန်ကန် စေကြောင်း သိသာထင်ရှားလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသရှိ လက်နက်ကိုင်ခွဲထွက်ရေးသူပုန် ကိစ0x081စတွေမှာလည်း မြန်မာအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့အနေအထားကိုရောက်ရှိလာစေ ပြီး နှစ်နိုင်ငံစစ်ဖက်ရေးရာကိစ0x081စတွေမှာ ရင်းနှီးတဲ့ ကူးလူးဆက်ဆံမှုကို ပေါ်ထွန်းလာစေခဲ့ပါတယ်။ ဒါတွေဟာ ဧရာဝတီ မြစ်ဆုံစီမံကိန်းနောက်ကွယ်က တွန်းပို့လိုက်တဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းသစ် တစ်ခုပဲလို့ယူဆလို့ ရပါတယ်။

ဆုတ်ယုတ်လာနေတဲ့ တရုတ်-မြန်မာ ဆက်ဆံရေး

တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားမှာ မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက်နေရာမှာ တည်ရှိနေသလို တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်းဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ အိန္ဒိယသမုဒ္ဒရာထွက် ပေါက် အဖြစ် မြန်မာနိုင်ငံရဲ့ ဆိပ်ကမ်းတွေကို အသုံးပြုခွင့်ရရေးဟာ တရုတ်တို့အတွက် မက်မောစရာဖြစ်ပါတယ်။ အရင် တပ်မတော်အစိုးရလက်ထက်မှာ ထုထည်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်နိုင်ငံက အကြီးအကျယ် လုပ်ကိုင်ခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်တို့ရဲ့ အကျိုးစီးပွားတွေဟာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ ရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ရှုထောင့်ဖက်က ကြည့်မယ်ဆိုရင်လည်းတရုတ်တို့အနေ နဲ့ မိမိနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်လာမှာကို သိပ်ပြီး သဘောကျမယ်မထင်ပါ။ ဒါကြောင့် တရုတ်တို့ရဲ့ လုံခြုံရေးစိတ်မချမှု အခြေအနေဟာ သူ့နိုင်ငံအနီးမှာ ဒီမိုကရေစီနိုင်ငံ မပေါ်ပေါက်လာအောင် ပိတ်ပင်တားဆီးမှုကို ဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်။

အရင် တပ်မတော်ခေါင်းဆောင် အဆက်ဆက် တရုတ်နဲ့ မိတ်ဖက်ဆက်ဆံလာတဲ့ နေရာမှာ နဂါးမျက်စောင်းကို ကြောက်ပြီး လက်ညှိုးထောင် ခေါင်းညိတ့်ခဲ့ရပေမယ့် လက်ရှိ အရပ်သားအစိုးရတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း လက်ထက်မှာတော့ တရုတ်နဲ့အပြိုင် အိန္ဒိယနဲ့ ဆက်ဆံရေးထူထောင်လာနေတာကြောင့် မြန်မာ့အရေးကိုတရုတ် တို့ က လေးနက်စွာ စဉ်းစားလာရတဲ့ အခြေအနေကို ရောက်ရှိလာစေခဲ့ပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံရဲ့ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွေမှာ တရုတ်နိုင်ငံဟာ လက်ဝါးကြီးအုပ် ခြယ်လှယ် နိုင်ခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ အခြားရင်းနှီးမြှုပ်နှံသူများရဲ့ ဝင်ရောက်ယှဉ်ပြိုင်လာနိုင်မှုနဲ့ အတူ ဈေးကွက်ဝေစုလျော့နည်းလာမှုကိုပါ ကြုံတွေ့လာနေရပါတယ်။တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးဆုံးရှုံးမှု လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းများ လက်လွတ်ရမှု အကျိုးဆက်ကနေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီနောက်ပြန်လှည့်မှု၊ နိုင်ငံတော်လုပ်ကြံမှု၊ ပြည်တွင်းစစ်မီး ကျယ် ပြန့်လာမှုမျိုး ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာစေနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ ဦးသိန်းစိန်အစိုးရဟာ တောင် သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို အထူးဒေသ(၂) က UWSA ဝ တပ်ဖွဲ့နဲ့ အထူးဒေသ (၄)က NDAA မိုင်းလား တပ်ဖွဲ့တွေဆီ အပြေးအလွှား စေလွှတ်ကာ နှစ်ဖက်အပေးအယူ ပြုလုပ်ပြီး ငြိမ်းချမ်းရေးသဘောတူ ညီချက် ကို လက်မှတ်ရေးထိုးခဲ့ရပါတယ်။

အစိုးရသစ်၊ နိုင်ငံတော်သမ္မတနှင့် ပြည်သူလူထု

ဧရာဝတီမြစ်ဆုံစီမံကိန်းကို သမ္မကြီး ဦးသိန်းစိန်က ရုတ်တရက် ရပ်နားလိုက်တာဟာ အရှိန်မြင့် ပွက်လောညံ နေတဲ့ ပြည်သူတွေအဖို့ ဒုန်းစိုင်းပြေးလာနေတဲ့ မြင်းကို ဇက်သတ်လိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ဒါပေမယ့် လည်း ဒီလိုရပ်နားလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ပြည်သူလူထုတစ်ရပ်လုံးနဲ့ မီဒီယာတွေက ဝမ်းပန်းတသာနဲ့ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ ဖိအားကို အသုံးပြုပြီး လှပစွာကစားလိုက်တဲ့သမ္မတကြီးရဲ့ ကစားကွက်ဖြစ်သလို ပြည်သူအကြားမှာ ဂုဏ်သိက္ခာတက်ခဲ့ပြီး နိုင်ငံရေးအမြတ်ထွက်ခဲ့သူဟာလည်းသမ္မတ ကြီး ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စမတိုင်ခင်ကလည်း နေပြည်တော်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ သမ0x081မတတို့ နှစ်ဦး တွေ့ဆုံဆွေးနွေးပြီး ဓာတ်ပုံတွဲရိုက်ပြခဲ့တာဟာလည်း ပြည်သူလူထုရဲ့ စိတ်ကျေနပ် မှုကို အကြီးအကျယ် ရယူသွားနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ နိုင်ငံရေးအပေါ် ပါဝင်ပတ်သက်လာမှုကို အကာအကွယ်ယူပြီး အစိုးရအဖွဲ့ရဲ့ သြဇာဟာ ကြီးမားလာခဲ့သလို တစ်ဖက်မှာလည်း သဘောထားတင်းမာတဲ့ စစ်ခေါင်းဆောင်ဟောင်း တွေရဲ့ ခေါင်းမာအုပ်စုဟာ အားနည်းပြီး သေးကုံျ့လာတာကို တွေ့မြင်နေရပါတယ်။

ပြည်သူ့ဆန္ဒကို အလေးထားတဲ့ပုံစံကို ဖော်ဆောင်ပြီး တရုတ်နိုင်ငံအပေါ် သွေးတိုးစမ်းကြည့်တဲ့ မဟာဗျူဟာ ကြောင့် ပြည်သူလူထုကြားမှာလည်း နိုင်ငံရေးနိုးကြားတက်ကြွလာခဲ့ပြီး အစိုးရကို ပွင့်လင်းစွာ ဝေဖန်မှုတွေ ပြုလုပ်လာကြတဲ့အပြင် နိုင်ငံချစ်စိတ်တွေ ပိုမိုရှင်သန်လာကြသလို တစ်ဖက်မှာလည်း တရုတ်နိုင်ငံကနှစ်ပေါင်း သုံးဆယ်ကျော်ကြာ မြန်မာနိုင်ငံရဲ့ အဆီအနှစ်တွေကို သိမ်းကြုံးယူငင်သွားခဲ့တဲ့အပေါ် ပြည်သူတွေကဆက်လက် သည်းမခံကြတော့ပဲ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကိန်းအောင်းလာပါတော့တယ်။

ဒါ့အပြင် ဒီအခြေခံအကြောင်းအချက်တွေကို အသုံးချပြီး သမ္မတသစ်အနေနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ပြင်ပရန်သူ အဖြစ် ပုံဖော်ကာ အမျိုးသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်မယ့် အခွင့်အရေးကိုပါ ရရှိသွားစေခဲ့တယ်လို့ သုံးသပ်မိကြောင်းပါခင်ဗျား။

Advertisements
Categories: Article
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters