Home > Inside, Oppositon, ZNC > အား​လုံး​သ​ဘောတူပြီး​ရင် လက်နက်​တွေလည်း​ ချချင်ချမယ်

အား​လုံး​သ​ဘောတူပြီး​ရင် လက်နက်​တွေလည်း​ ချချင်ချမယ်

Published on October 24, 2011 by နေသွင်  ·   (DVB)

တိုင်း ​ရင်း​သား​ဒေသ​တွေမှာ လက်ရှိတိုက်ပွဲ​တွေ ပြင်း​ထန်​နေတာကိုကြည့်​ရင် မြန်မာပြည်မှာ ပင်လုံလို ညီလာခံတရပ် အ​ရေး​တကြီး​လိုအပ်​နေတာကို လက်​တွေ့​ပြသ​နေတယ်လို့​ ဇိုမီး​အမျိုး​သား​ ​ခေါင်း​ဆောင် ပူကျင့်​ရှင်း​ထန်က ​ပြောပါတယ်။

၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ ဇိုမီး​အမျိုး​သား​ကွန်ဂရက်ရဲ့​ မနှစ်က နှစ်ပတ်လည်မှာ ထွက်​ပေါ်ခဲ့​တဲ့​ “က​လေး​မြို့​ကြေညာစာတမ်း​” က​နေ ဒုတိယ ညီလာခံ (သို့​) ၂၁ ရာစုပင်လုံ ညီလာခံ ​ခေါ်ယူ​ရေး​ကိစ္စ ​ပေါ်​ပေါက်ခဲ့​တာပါ။

တနှစ်ပြည့်​ တဲ့​အချိန်မှာ ညီလာခံ​ခေါ်ယူ​ရေး​ လက်​တွေ့​ဖြစ်နိုင်၊​ မဖြစ်နိုင် အ​ခြေအ​နေ​တွေအ​ပေါ်မှာ ပါတီရဲ့​ ဥက္ကဋ္ဌ ပူကျင့်​ရှင်း​ထန်ကို ​မေး​မြန်း​ထား​ပါတယ်။

အခု ​လော​လောဆယ် ဗမာပြည်နိုင်ငံ​ရေး​ အခင်း​အကျင်း​နဲ့​ ဖြစ်​နေတဲ့​ဟာက မနှစ်ကနဲ့​ စာရင်​တော့​ မတူ​တော့​တဲ့​ အ​နေအထား​လေး​တွေ ရှိ​နေတယ်​ပေါ့​။ အဲဒီအ​ပေါ်မှာ ဒုတိယပင်လုံကိစ္စက အ​ပြောင်း​အလဲရှိနိုင်ပါသလား​။

“အ​ပြောင်း​ အလဲက​တော့​ မရှိနိုင်ပါဘူး​။ ဒါ​ပေမယ့်​ ဒီအချိန်မှာပဲ ဒီပင်လုံညီလာခံက​တော့​ လိုအပ်​နေတယ်။ ပိုပြီး​တော့​ လိုအပ်မယ်။ ပိုပြီး​မြန်ဆန်မလား​လို့​ အဲ့​လိုပဲ​မျှော်​နေတာ။

ဟုတ်ကဲ့​။ ပိုပြီး​မြန်ဆန်မယ်ဆိုတဲ့​ အဓိပ္ပာယ်က ဘယ်လို​ပြောတာလဲ။

“ဘာ​ကြောင့်​ လဲဆို​တော့​ အစိုး​ရကိုယ်တိုင်ကိုကလည်း​ ဒီမိုက​ရေစီ လိုချင်တယ်ဆို​တော့​ ဒီမိုက​ရေစီနဲ့​ အစိုး​ရက ပင်လုံညီလာခံတို့​ ဘာတို့​လုပ်မယ်ဆိုရင် အတား​အဆီး​တွေ ခါတိုင်း​လိုမဟုတ်​တော့​ပဲနဲ့​ ပိုပြီး​တော့​လွယ်ကူမလား​။ ​နောက် ဒီကိစ္စမှာ တပြည်လုံး​မဟုတ်​ပေမယ့်​ တိုင်း​ရင်း​သား​ဒေသများ​မှာ များ​သောအား​ဖြင့်​ ​သေနတ်သံ​တွေ အခုထက်ထိ မစဲ​သေး​ဘူး​။ ဒါ​တွေကို လုပ်ဖို့​က ​တော်​တော်​လေး​ကို အ​ရေး​ကြီး​နေတယ်။ အဲဒါ​ကြောင့်​ ဒီညီလာခံကို ပင်လုံ(သို့​မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံဆိုတာ၊​ တကယ်လို့​ကိုယ်တိုင်မတက်နိုင်ရင်လည်း​ အခုလိုပဲ ကျ​နော်နဲ့​ ခင်ဗျား​နဲ့​စကား​ပြောသလို အယူအဆ​တွေ၊​ လိုချင်တာ​တွေ၊​ ​ဆွေး​နွေး​တိုင်ပင်လို့​ရတဲ့​ အချိန်မျိုး​ဖြစ်သွား​အောင် ကျ​နော်တို့​က ၂၁ ရာစုပင်လုံ ညီလာခံ​တော့​ မလုပ်လို့​မဖြစ်ဘူး​။ အဲဒါမှပဲ အဆုံး​သတ်မှဖြစ်မယ်ဆိုတာကို ကျ​နော်အဲဒီလို ယုံကြည်တဲ့​အတွက် ပိုပြီး​မြန်လာမယ်လို့​ နီး​စပ်တယ်လို့​ပြောတာ။”

ဆိုလိုတာက ဒါဆိုရင် ဒီလပိုင်း​၊​ ဒါမှမဟုတ် နှစ်ပိုင်း​အတွင်း​မှာပဲ ဖြစ်​အောင်ပဲ အန်ကယ်တို့​ဘက်က စီစဉ်ဖို့​ရည်ရွယ်ချက် ရှိတယ်​ပေါ့​။

“အဲဒီလိုလပိုင်း ​လောက်​တော့​ ကျ​နော်တို့​လည်း​ မ​ပြောဘူး​။ ဒါ​ပေမယ့်​လို့​ လုပ်ရမှာက အခု အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ကျ​နော်တို့​ အစိုး​ရတို့​က စကား​ပြော​နေတဲ့​ သမ္မတကြီး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​ဆွေး​နွေး​တိုင်ပင်တယ်ဆို​တော့​ ဒီထဲမှာလည်း​ ဒုတိယပင်လုံညီလာခံ (ဒါမှမဟုတ်) ၂၁ ရာစု ပင်လုံညီလာခံဆိုတာက ကျ​နော်တို့​ မနှစ်က က​လေး​မြို့​မှာစတင်ပြီး​တော့​ အား​လုံး​သ​ဘောတူညီချက်ရပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဆက်လုပ်ဖို့​ ကျ​နော်တို့​ လွှဲအပ်ထား​တယ်။ သူကိုယ်တိုင် သမ္မတကြီး​နဲ့​ ​ဆွေး​နွေး​ပြီး​တော့​ အား​လုံး​တိုင်း​ရေး​ပြည်​ရေး​ကို မြန်မြန်ဆန်ဆန် ​ကောင်း​အောင်လုပ်ရ​အောင်ဆိုတာကို အား​လုံး​မဟုတ်​ပေမယ့်​ သူတို့​သ​ဘောတူညီတယ်ဆိုတာကို ​ကြေညာချက်အရ သိတဲ့​အတွက် အဲဒါကို အမှီပြုပြီး​ပြောတာပါ။”

ကျ ​နော်တို့​နား​လည်တာက မနှစ်တုန်း​က နိုဝင်ဘာလမှာထင်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ပူရှင်ကျင်း​ထန်တို့​ဘက်က တာဝန်​တွေလွှဲ​ပေး​ခဲ့​တာ​ပေါ့​။ အဓိက ဒုတိယပင်လုံညီလာခံကိစ္စ​ပေါ့​။ ​နောက်ဆုံး​ဖြစ်​ပေါ်တိုး​တက်မှု အ​နေအထား​တွေ ​ဆွေး​နွေး​တာ ရှိလား​။ ​ဒေါ်စုဘက်က ဘယ်လိုမျိုး​ ​ပြောတာမျိုး​ရှိခဲ့​သလဲ။

“ကျ​နော်တို့​ ဆွေး​နွေး​တာရှိပါတယ်။ အဖွဲ့​ချုပ်ရုံး​မှာတခါ ကျ​နော်ကစပြီး​တော့​ အစည်း​အ​ဝေး​လုပ်တယ်။ အား​လုံး​အခုချိန်မှာ​တော့​ ပင်လုံညီလာခံလုပ်ဖို့​အတွက် ကျမ်း​ပြု (thesis) တို့​ဘာတို့​ ​ရေး​ဖို့​ ပြည်တွင်း​ကစပြီး​တော့​ နိုင်ငံတကာအပါအဝင် ​ခေါ်ထား​တဲ့​အချိန်ဖြစ်တယ်။ ဒီလို​ခေါ်ထား​တာ ၂လ၊​ ၃လရှိပြီဆို​တော့​ တကယ်လို့​များ​ အခုလိုဖြစ်သွား​တယ်။ နည်း​နည်း​ပါး​ပါး​ ပြည်သူလူထုရဲ့​ဆန္ဒကို သူတို့​တတ်နိုင်သ​ရွေ့​ လိုက်​လျောတယ်ဆိုတာလည်း​ ကျ​နော်တို့​မြင်တဲ့​အတွက်​ကြောင့်​ ဒါ​တွေက လက်ခံဖို့​ နည်း​နည်း​လေး​ အချိန်က ပိုနီး​စပ်မယ်လို့​ အဲ့​လို​ပြောတာပါ။”

ဒီစာတမ်း​တွေဘာ​တွေ ​တောင်း​ထား​တဲ့​ဟာ​တွေ​ကော အန်ကယ်တို့​ အခု ပြင်ဆင်ထား​တာ​တွေ၊​ အကြမ်း​ဆွေး​နွေး​ထား​တာ​တွေ ရှိပါပြီလား​။

“အဲဒါ​တွေက ကိုယ့်​ဟာကိုယ် ပြင်ဆင်ထား​တာ​တော့​ ရှိကြပါတယ်။”

ဒီဒုတိယ ပင်လုံညီလာခံစပြီး​ပြောတဲ့​အချိန်က ဒီကိစ္စမှာ စစ်တပ်ကပါမှဖြစ်မယ်ဆိုပြီး​ ​ပြောကြတာရှိပါတယ်။ အခုအ​နေအထား​နဲ့​ရော စစ်တပ်ပါမပါ ကိစ္စ​တွေမှာ ဘယ်​လောက်များ​ ​မျှော်လင့်​ချက်ရှိပါသလဲ။

“စစ်တပ်ဆိုတာ အစိုး​ရကို ဆိုလိုတာပါ။ စစ်အစိုး​ရဆို​တော့​ စစ်တပ်ဆိုပြီး​ ​ပြော​နေတာပါ။ အခုက ပြည်သူ့​အစိုး​ရဆို​တော့​ ဒီအစိုး​ရထဲမှာ စစ်တပ်ရဲ့​ အရှိန်အဝါ မကုန်​သေး​ပါဘူး​။ ဒါ​ပေမယ့်​ ပြည်သူ့​အစိုး​ရလို့​ခေါ်လို့​ နည်း​နည်း​လေး​ အား​မရ​သေး​ဘူး​လို့​ဆိုတဲ့​သူ​တွေ ​ပြောတာ​တော့​ ရှိရင်​တော့​ ရှိမယ်။ ဒါ​ပေမယ့်​ အခုဟာက ပြည်သူ့​အစိုး​ရ၊​ ပြည်သူလူထုက ဟုတ်သည်ဖြစ်​စေ၊​ မဟုတ်သည်ဖြစ်​စေ၊​ ​ရွေး​ကောက်ပွဲမှာ ​ရွေး​ကောက်တင်​မြှောက်ပြီး​တော့​ တက်လာတဲ့​သူ​တွေက လုပ်ပြီး​တော့​ သမ္မတ၊​ အဲလိုဖြစ်​နေတဲ့​အချိန်မှာ သမ္မတက လုပ်တယ်ဆိုရင်​တော့​ စစ်တပ်ကလည်း​ သပ်သပ်သူ့​အ​နေနဲ့​သူ လုပ်မှာမဟုတ်ဘူး​လို့​ အဲလိုပဲထင်ထား​တယ်။ ​နောက်ပြီး​ စစ်တပ်ကို ကိုယ်စား​ပြုမယ့်​သူ ဖိတ်မယ်ဆိုရင်လည်း​ ထား​လို့​ရပါတယ်။ ဖိတ်လို့​ရပါတယ်ဆိုတာ တ​ယောက်တည်း​အမြင်နဲ့​ မြင်ပါတယ်။”

ဒီလို ​ဆွေး​နွေး​ပွဲ​တွေမျိုး​မှာ ပြည်ပကအင်အား​စု​တွေ ပါနိုင်လား​။ ဥပမာ အခုစစ်တိုက်​နေတဲ့​ ကချင်​တွေ၊​ ရှမ်း​တွေ၊​ ကရင်​တွေ။ ဒီအင်အား​စု​တွေ အကုန်လုံး​ပါလာ​အောင် ဘယ်လိုနည်း​နဲ့​ဆွေး​နွေး​ရင် သင့်​တော်မယ်လို့​ တွက်လဲ၊​ ဘယ်သူ​တွေပါသင့်​လဲ ဒီ​ဆွေး​နွေး​ပွဲမှာ။

“ကျ​နော့်​တ​ ယောက်တည်း​ အမြင်​ပြောမယ်ဆိုရင် သူတို့​အစိုး​ရ အာဏာပိုင်​တွေက လုပ်မယ်ဆိုရင် အလွယ်​လေး​ပါ။ ဒါ​ပေမယ့်​ ဒီဟာ​တွေကို ခင်ဗျား​ပြောသလို စစ်တပ်တို့​ဘာတို့​ အမျိုး​မျိုး​စွဲကြမယ်ဆိုရင် နည်း​နည်း​ခက်မယ်နဲ့​တူတယ်။ ဒါ​ပေမယ့်​လို့​ တိုင်း​ရေး​ပြည်​ရေး​ ပြည်​ထောင်စုကို တကယ်လို့​ ငြိမ်း​ချမ်း​ဖို့​လိုကြမယ်ဆိုရင် ​သေနတ်သံ​တွေကြား​နေရတာ မငြိမ်း​ချမ်း​သေး​ဘူး​ဆိုတဲ့​ သ​ဘောသက်​ရောက်​နေတဲ့​အတွက် အဲဒီလူ​တွေပါ ကိုယ်တိုင်မလာနိုင်ဘူး​ဆိုရင်​တောင် ကျ​နော်တို့​အန်အယ်ဒီရဲ့​ အင်တာနက်မှာ အစီအစဉ်​တွေလုပ်ထား​တာ ရှိတယ်။ အဲဒီအတိုင်း​ ကြည့်​ပြီး​တော့​ သူတို့​က စာတမ်း​တွေလည်း​ပို့​လို့​ရတယ်။ ထင်မြင်ယူဆချက်​တွေလည်း​ ပို့​လို့​ရတယ်။ အဲဒါ​တွေအား​လုံး​စုံလာပြီ ဟိုဘက်ဒီဘက်က ရပါပြီဆိုတဲ့​အခါကျ​တော့​ အစည်း​အ​ဝေး​ သ​ဘောမျိုး​လုပ်လို့​ ရမယ်လို့​ထင်ပါတယ်။”

မနှစ်ကနဲ့ ​ ပြန်​ပြောမယ်ဆိုရင် လွှတ်​တော်​တွေ ​နေပြည်​တော်မှာ ​ပေါ်လာတာရှိတယ်။ အဲဒီအင်အား​စု​တွေက​ကော တချို့​ကလည်း​ ဒီလွှတ်​တော်နည်း​နဲ့​ သွား​ကြပါလို့​ပြော​နေတယ်။ အပြင်မှာ ညီလာခံလုပ်မယ်ဆိုတဲ့​ဟာမျိုး​က လက်​တွေ့​မကျဘူး​၊​ မဖြစ်နိုင်​တော့​ဘူး​ဆိုတာမျိုး​လည်း​ ​ပြော​နေကြတယ်။ အဲဒါ ဘယ်လို​ပြောချင်ပါသလဲ။

“ဒါ​တော့​ အဓိက ပြည်သူ့​အသဲစွဲ ပြည်သူ့​ပါတီအဖွဲ့​ချုပ်သည် အဲဒါ​တွေက​တော့​ လွှတ်​တော်ထဲမှာမ​ရောက်ဘူး​။ ဒါတင်မကဘူး​။ ကျ​နော်တို့​ ဇိုမီး​အမျိုး​သား​ကွန်ဂရက်ပါတီလည်း​ပဲ လွှတ်​တော်ထဲမှာ မ​ရောက်ပါဘူး​။ ဒါ​ပေမယ့်​လို့​ ဒီအာဏာကို လုတာမဟုတ်ဘဲနဲ့​ အထဲကပဲဖြစ်ဖြစ်၊​ အပြင်ကပဲဖြစ်ဖြစ် ဒီလိုညီလာခံမျိုး​ ​ပေါ်​ပေါက်လာရင် အား​လုံး​က ဆန္ဒကို အတူတကွ​ပေး​နိုင်ကြမယ်ဆိုရင်​တော့​ ဒါလုပ်လို့​ရတယ်လို့​ အဲလိုပဲယူဆတယ်။”

ဒုတိယပင်လုံညီလာခံရဲ့​ ရည်ရွယ်ချက်က အာဏာကိစ္စမဟုတ်ရင် ဘာကိစ္စဖြစ်နိုင်မယ်လို့​ ​ပြောလို့​ရမလဲ။

“အမှန်မှာ ကျ​နော်တို့​တိုင်း​ပြည်ဟာ အခုလိုဖြစ်​နေတာ ဘာ​ကြောင့်​လဲ။ ကျ​နော်တို့​အမြင်မှာ​တော့​ တိုင်း​ရင်း​သား​အ​ရေး​။ ၁၉၄၈ ခုက စပြီး​တော့​ အခုထက်ထိ ပြည်​ထောင်စုမြန်မာနိုင်ငံမှာ အဆင်မ​ပြေ ​တောခိုတာ​တွေ၊​ သူပုန်​တွေ အဆက်မပြတ် ဖြစ်​နေတဲ့​ဟာ​တွေက တိုင်း​ရင်း​သား​အုပ်စု​တွေရဲ့​ ပြဿနာပဲ။ အား​လုံး​ငြိမ်း​ချမ်း​ဖို့​ သူတို့​က ပင်လုံမှာလိုပဲ အား​လုံး​ဗိုလ်ချုပ်​အောင်ဆန်း​ လုပ်တဲ့​ပုံမျိုး​နဲ့​ လုပ်ပြီး​တော့​ အား​လုံး​ဆွေး​နွေး​ပြီး​တော့​မှ ရင်ဖွင့်​သွား​ရင်​ကောင်း​မယ်။ အဲဒီမှာကျ​တော့​ အား​လုံး​သ​ဘောတူပြီး​တဲ့​အခါမှ လက်နက်​တွေလည်း​ ချချင်ချမယ်။ အခု ပြည်​ထောင်စုမြန်မာနိုင်ငံ ဆို​ပေမယ့်​ စစ်အစိုး​ရတုန်း​က အမျိုး​သား​ညီလာခံလုပ်တယ်။ အမျိုး​သား​ညီလာခံမှာ လာကြပါ။ လက်နက်ကိုင်တဲ့​ အုပ်စု​တွေလည်း​ တကယ်လို့​ နိုင်ငံ​ရေး​အရ မ​ကျေနပ်ဘူး​၊​ ဒါမှမဟုတ် တိုင်း​ပြည်ကို ဒီလိုအုပ်ချုပ်မယ်၊​ ပြည်​ထောင်စု မြန်မာနိုင်ငံကို ပြန်လည်တည်​ဆောက်မယ်ဆိုရင် ဘယ်လို လိုချင်လဲဆိုတာ ညီလာခံမှာပဲ​ပြောပါဆိုပြီး​ ​ခေါ်တယ်။ သူတို့​ကလည်း​ ယုံကြည်ပြီး​တော့​ အပစ်အခတ် ရပ်စဲပြီး​တော့​ လာကြတယ်။ ဒါသူတို့​အဆိုအရ လိုအင်ဆန္ဒ​တွေကို ​ပြောဖို့​ဆိုဖို့​တောင်မှ အခွင့်​အလမ်း​မရခဲ့​ဘူး​ဆိုပြီး​ ရှိတယ်။ အဲဒါမျိုး​မဟုတ်ဘဲနဲ့​ အား​လုံး​ ကျ​နော်တို့​လိုချင်တာက ပြည်​ထောင်စုမြန်မာနိုင်ငံဆိုပြီး​တော့​ ဖြစ်တာက ဘယ်လို။ ပြည်​ထောင်စု မြန်မာနိုင်ငံမှာလုပ်​နေတဲ့​ အ​ခြေခံဥပ​ဒေဟာ တကယ့်​ပြည်​ထောင်စုဖြစ်နိုင်​အောင် ဒါမှမဟုတ်ရင် တိုင်း​ရင်း​သား​တွေလိုအပ်​နေတဲ့​ ဖက်ဒရယ်ပြည်​ထောင်စုဖြစ်​အောင် ​ဆွေး​နွေး​ဖို့​ဆိုတာမျိုး​ အခွင့်​အ​ရေး​ရရင် ဒါ​တွေက သူတို့​လက်နက်လည်း​ချလို့​ရမယ်ဆိုတာမျိုး​ ကျ​နော်တို့​ အယူအဆရှိပါတယ်။”

ဆိုလိုတာက ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ပြင်ဆင်ဖို့​ လိုအပ်တာ​တွေဖြည့်​ဖို့​ဆိုတာမျိုး​ဖြစ်လာနိုင်တယ်​ပေါ့​။

“တကယ်လို့​ ဖြစ်လာရင်​တော့​ ဒီလိုပဲဖြစ်လာနိုင်တယ်လို့​ ထင်တယ်။”

တချို့ ​သုံး​သပ်ချက်​တွေရှိတယ်။ လွှတ်​တော်ထဲမှာ ပါလီမန်ကို စစ်တပ်က ၂၅ရာခိုင်နှုန်း​ ယူထား​တယ်။ ဒီကိစ္စဟာ စစ်တပ်က ရုတ်တရက်နဲ့​လက်​လျှော့​မှာ မဟုတ်ဘူး​။ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ပြင်တဲ့​ကိစ္စ​တွေမှာ ဒါမျိုး​တွေကို လက်ခံနိုင်မှာ မဟုတ်ဘူး​ဆိုပြီး​တော့​ ​ပြောတာမျိုး​ရှိပါတယ်။ ဒီလိုကိစ္စမျိုး​တွေ​ပေါ်မှာ ဘယ်လိုမျိုး​ စဉ်း​စား​ချက်​တွေ ရှိကြပါသလဲ။

“အကျိုး​အ​ ကြောင်း​တွေ၊​ ဒီလိုလုပ်မယ်ဆိုရင် ​ကောင်း​တယ်ဆိုပြီး​တော့​ ကျ​နော်တို့​ ရင်ဖွင့်​ပြီး​တော့​မှ ရိုး​ရိုး​သား​သား​ ​ဆွေး​နွေး​နိုင်ရင်​တော့​ အ​ကောင်း​ဆုံး​ပါ။ အ​ကောင်း​ဆုံး​ဖြစ်မယ့်​ဟာကို လက်မခံနိုင်တဲ့​ဟာ​တွေက​တော့​ တမျိုး​ပဲဖြစ်သွား​မှာ​ပေါ့​။ ဒါလည်း​ပဲ ​ဖော်ပြပိုင်ခွင့်​မရှိဘူး​။ ကြိုပြီး​တော့​ ဒီလိုဖြစ်မှာပဲဆိုပြီး​တော့​ ​ပြော​ရေး​ဆိုခွင့်​တောင်မှ ပိတ်ထား​တယ်ဆိုတာက ​ဆွေး​နွေး​တယ်လို့​ မ​ခေါ်နိုင်ဘူး​။ အဲလိုဟာမျိုး​ မဟုတ်ဘဲနဲ့​ ပင်လုံမှာလိုပဲ လွတ်လွတ်လပ်လပ် ​ဆွေး​နွေး​၊​ အဲဒါမျိုး​ကို ဖြစ်မယ်ဆိုရင်​တော့​ ကျ​နော်က သူတို့​ကလည်း​ စိတ်​ပြောင်း​ချင်​ပြောင်း​မယ်လို့​ ကျ​နော်ကယူဆတယ်။”

Advertisements
Categories: Inside, Oppositon, ZNC
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters