Home > Farmer, Interview, Public > ကျ​နော်တို့အဖွဲ့ဟာ အစိုး​ရလက်​အောက်ခံအဖွဲ့​မဟုတ်ပါဘူး

ကျ​နော်တို့အဖွဲ့ဟာ အစိုး​ရလက်​အောက်ခံအဖွဲ့​မဟုတ်ပါဘူး

Published on October 26, 2011 by ​အေး​နိုင်  ·   (DVB)

အလုပ်သမား ​အဖွဲ့​အစည်း​တွေ တရား​ဝင်ဖွဲ့​စည်း​ခွင့်​ကို ခွင့်​ပြုတဲ့​ ဥပ​ဒေသစ်တရပ်ကို သမ္မတ ဦး​သိန်း​စိန် မကြာခင်က လက်မှတ်ထိုး​ အတည်ပြုပြီး​နောက် ​တောင်သူလယ်သမား​များ​ အဖွဲ့​တဖွဲ့​ မ​နေ့​က မှတ်ပုံတင်ခွင့်​ ​လျှောက်ထား​လိုက်ပါတယ်။

လျှောက်လွှာကို အမြန်​ချောပို့​စနစ်နဲ့​ အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနကို ​ပေး​ပို့​လိုက်ပြီလို့​ ဆိုပါတယ်။

မြန်မာနိုင်ငံလုံး ​ဆိုင်ရာ ​တောင်သူလယ်သမား​နဲ့​ စိုက်ပျိုး​ရေး​ အလုပ်သမား​များ​အဖွဲ့​ကို တည်​ထောင်သူ တဦး​ဖြစ်တဲ့​ ဦး​သန်း​ဆွေက သူတို့​ အဖွဲ့​အ​နေနဲ့​ ​တောင်သူ လယ်သမား​တွေရဲ့​ အကျိုး​စီး​ပွား​တွေကို ကာကွယ်​စောင့်​ရှောက်ပြီး​ ​တောင်သူလယ်သမား​တွေရဲ့​ လူ​နေမှုဘဝ တိုး​တက်​အောင် ​ဆောင်ရွက်သွား​မယ်လို့​ ​ပြောပါတယ်။

ဦး​သန်း​ဆွေနှင့်​ ဆက်သွယ်​မေး​မြန်း​ချက်။

ဦး ​သန်း​ဆွေတို့​ရဲ့​ ဒီအဖွဲ့​မှာ လယ်သမား​တွေကြီး​ပဲ ဦး​ဆောင်တာလား​။ ဒါမှမဟုတ် ​ခေတ်ပညာတတ်​တွေ ဦး​ဆောင်တာလား​။ ဘယ်လိုပုဂ္ဂိုလ်​တွေ ပါဝင်ပါသလဲ။

“​လော​လောဆယ် ကျ​နော်က ​စော​စောက စာ​ခြောက်အင်အား​စုကို ​ခေါင်း​ဆောင်တယ်။ ​နောက်ပိုင်း​မှာ လယ်သမား​ကွန်ရက်ကို ထူ​ထောင်တယ်။ အဲဒီအခါကျ​တော့​ တိုင်း​နဲ့​ပြည်နယ် အနှံ့​အပြား​က​နေ ကျ​နော်နဲ့​ ဆက်သွယ်တဲ့​သူ​တွေ များ​လာတယ်။ အဲဒီအထဲမှာ ပညာတတ်​တွေရှိသလို ပညာ​တော့​မတတ်ဘူး​၊​ စိတ်သန်တဲ့​သူ​တွေရှိတယ်။ အဲဒီလိုလူ​တွေထဲမှာ ​လော​လောဆယ်က စနစ်တကျ မလုပ်နိုင်​သေး​တော့​ ဆက်သွယ်​ရေး​အရာရှိချုပ်ကလည်း​ မခန့်​နိုင်​သေး​တဲ့​အခါမှာ အစပျိုး​လေး​ လုပ်ဖို့​အတွက်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့​တိုင်း​တွေမှာ အဲဒါ​လေး​ကို လုပ်နိုင်​ရေး​အတွက် အခုမှတ်ပုံတင် ​လျှောက်ထား​တာကို စလိုက်တာပါ။”

လွန်ခဲ့ ​တဲ့​ ၂၃ နှစ်​ကျော်တုန်း​က ​တောင်သူလယ်သမား​ အစည်း​အရုံး​ဆိုပြီး​တော့​ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီလက်ထက်တုန်း​က ​ဆောင်ရွက်ခဲ့​တာ ကျယ်ကျယ်ပြန့်​ပြန့်​ ​တွေ့​ရတယ်။ အဲဒီ​တောင်သူလယ်သမား​ အစည်း​အရုံး​နဲ့​ ဦး​သန်း​ဆွေတို့​ အဖွဲ့​အစည်း​နဲ့​က ဘယ်လို​နေရာ​တွေမှာ တူပြီး​တော့​ ဘယ်လို​နေရာ​တွေမှာ ကွဲပြား​လဲဆိုတာ နည်း​နည်း​ရှင်း​ပြပါ။

“ကျ​နော်တို့​ အရင်တုန်း​က မဆလ ​ခေတ်က ​တောင်သူလယ်သမား​ အစည်း​အရုံး​က အစိုး​ရလက်​အောက်က၊​ ​နောက်တခါ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီ လက်​အောက်က၊​ အခုကျ​နော်တို့​အဖွဲ့​က အစိုး​ရရဲ့​ လက်​အောက်က မဟုတ်ပါဘူး​။ နိုင်ငံ​တော်အစိုး​ရနဲ့​ ညှိနှိုင်း​ဆောင်ရွက်မယ့်​ အဖွဲ့​ဖြစ်ပါတယ်။ နိုင်ငံ​တော် အစိုး​ရခိုင်း​တာကို လုပ်မယ့်​အဖွဲ့​မဟုတ်ပါဘူး​။ ​နောက် ကျ​နော်တို့​မှာ တခြား​ပါတီရဲ့​ ဩဇာခံလည်း​ မဟုတ်ပါဘူး​။ ကျ​နော်တို့​ လွတ်လပ်တဲ့​အဖွဲ့​အစည်း​ဖြစ်​နေပါတယ်။ အဲဒီလွတ်လပ်တဲ့​ အဖွဲ့​အစည်း​ဖြစ်​နေတဲ့​အတွက် ကျ​နော်တို့​ရဲ့​ လုပ်​ဆောင်ချက်​တွေကလည်း​ အရည်အ​သွေး​ရှိတဲ့​လုပ်​ဆောင်ချက်​တွေ ဖြစ်လာမယ်ဆိုတာ တထစ်ချ တွက်ထား​ပြီး​ဖြစ်ပါတယ်။ ​ပေါ်လည်း​ပေါ်​ပေါက်​နေပါပြီ။”

လယ်သမား ​တွေရဲ့​ အသံကို လွှတ်​တော်ကိုယ်စား​လှယ်မဟုတ်​ပေမယ့်​ လွှတ်​တော်ထဲကို ဆုံး​ဖြတ်ချက်ချတဲ့​လူ​တွေဆီ​ရောက်​အောင် ဘယ်လိုလမ်း​ကြောင်း​ဖောက်မယ်ဆိုတာကိုလည်း​ ​ဖြေ​ပေး​ပါလား​။

“ပြည်သူ့​လွှတ် ​တော်ကို ​ရောက်ဖို့​အတွက်က ကျ​နော်တို့​ရဲ့​ လှုပ်ရှား​မှုနဲ့​ပတ်သက်ပြီး​တော့​ အဲဒီကြား​ထဲမှာ တခုဖြစ်တဲ့​ ​ဖြေရှင်း​မှုတခုဆိုပါစို့​။ ပြဿနာတခု ​ဖြေရှင်း​ဖို့​၊​ အစိုး​ရက ကျ​နော်တို့​နဲ့​ တရား​ဝင်ညှိနှိုင်း​ပူး​ပေါင်း​ဆောင်ရွက်တာ​တွေ ရှိလာပါလိမ့်​မယ်။.အဲဒီကျ​တော့​ အဲဒီလို ပြဿနာ​တွေ ဘာ​ကြောင့်​ဖြစ်တယ်။ အဲဒီလိုပြဿနာ​တွေ အ​ပေါ်မှာ ဘယ်လိုဥပ​ဒေအသစ်မျိုး​တွေ ထပ်ပြဋ္ဌာန်း​ဖို့​လိုအပ်တယ်ဆိုတာကို နိုင်ငံ​တော်သမ္မတကြီး​ သိ​အောင်​သော်လည်း​ကောင်း​။ လွှတ်​တော်ကိုယ်စား​လှယ်​တွေ သိ​အောင်​သော်လည်း​ကောင်း​ ပထမ ရှင်း​ပြမယ်။ ပြီး​တော့​ အဲဒီဟာ​တွေကို သက်ဆိုင်ရာ လွှတ်​တော်ကိုယ်စား​လှယ်​တွေက​နေ လွှတ်​တော်မှာ တင်ပြပြီး​တော့​ ဥပ​ဒေပြဋ္ဌာန်း​တဲ့​ အ​ခြေထိ​အောင် ကျ​နော်တို့​ စည်း​ရုံး​မယ်၊​ ပူး​ပေါင်း​ဆောင်ရွက်မယ်၊​ အဲဒီအလုပ်​တွေလုပ်မယ်ဆိုရင် ဖြစ်လာမှာပါ။”

မြန်မာနိုင်ငံနဲ့ ​ အရင်တုန်း​က အ​ရှေ့​တောင်အာရှ စပါး​ကျီက အခု​တော့​ ​နောက်တမ်း​ရောက်တယ်​ပေါ့​။ အခုထိုင်း​တို့​ ဗီယက်နမ်တို့​မှာ သူတို့​က ကမ္ဘာ့​အဆင့်​ ၂ ​ပေါ့​။ ဆန်စပါး​ထွက်ကုန် ပစ္စည်း​နဲ့​ပတ်သက်လို့​ ထိပ်တန်း​ရောက်​နေတယ်။ အဲ​တော့​ ဦး​သန်း​ဆွေတို့​မှာ နယ်ပယ်အနှံ့​က ​တောင်သူလယ်သမား​တွေနဲ့​ ရင်း​နှီး​တယ်။ စကား​အများ​ကြီး​ ​ပြောခဲ့​တယ်ဆို​တော့​ သူတို့​က တကယ်လို့​လွတ်လပ်ခွင့်​ ရမယ်ဆိုရင် တွန်း​လုပ်မယ့်​ပုံစံမျိုး​ရှိတယ်။ အဲဒီ​တော့​ မြန်မာနိုင်ငံက အဲဒီ​လောက် ချက်ချင်း​မမီနိုင်​တောင် ​ရေရှည် ပြည်ပတင်ပို့​ကုန်နဲ့​ ပတ်သက်လို့​ ဘယ်လိုများ​ စဉ်း​စား​ထား​တာရှိလဲ။

“ဟို​နေ့​က ဗီယက်နမ်မှာ ဆန်ပြိုင်ပွဲမှာ ပထမရတာ မြန်မာဆန်​လေ။ မြန်မာပြည်က ​ရေခံ​မြေခံဟာ ခုန​ပြောတဲ့​ ဗီယက်နမ်တို့​ ထိုင်း​တို့​၊​ က​မ္ဘောဒီး​ယား​တို့​ စတဲ့​အဲဒီနိုင်ငံ​တွေထက် ​ရေခံ​မြေခံဟာ မညံ့​ဘူး​။ သာတယ်ဆိုတာ ​ပေါ်​နေတယ်။ အဲဒီဆန်ပြိုင်ပွဲမှာနိုင်ခဲ့​တယ်။ အဲ​တော့​ ကျ​နော်တို့​ စပါး​အထွက်တိုး​ဖို့​ကိစ္စ၊​ ပဲအထွက်တိုး​ဖို့​ကိစ္စ၊​ စသဖြင့်​ ရာဘာအထွက်တိုး​ဖို့​ကိစ္စ သူက အ​ရေး​ကြီး​တာက တစ်အချက်က နည်း​ပညာ၊​ နှစ်အချက်က အရင်း​အနှီး​၊​ ဒီ ၂ ခုပဲ။ အဲဒီအရင်း​အနှီး​နဲ့​ နည်း​ပညာ​တွေ ဘယ်လိုစီး​ဝင်​အောင် ဘာလုပ်မလဲ။ ဒီပြဿနာကို ကျ​နော်တို့​အဖွဲ့​က အ​ဖြေရှာမှာပါ။ အဲဒီလို အ​ဖြေရှာပြီး​တော့​ နိုင်ငံ​တော်အစိုး​ရကို တင်ပြမယ်။ ကမ္ဘာ့​အရပ်ရပ်က အလုပ်သမား​အဖွဲ့​အစည်း​တွေနဲ့​ ကျ​နော်တို့​ လွတ်လပ်စွာ ပူး​ပေါင်း​ဆောင်ရွက်တဲ့​အခါမှာ အကူအညီ​တွေ ကျ​နော်တို့​ ရလာမှာပါ။ ကျ​နော်တို့​ နည်း​ပညာ​တွေကို သူတို့​လို​ခေတ်မီလာ​အောင် သူတို့​ဘက်က နည်း​ပညာ​တွေ ကျ​နော်တို့​ ရယူပါမယ်။ ​နောက်တခါ အရင်း​အနှီး​ကို ဘယ်လိုကုစား​မလဲဆိုတဲ့​ ကိစ္စမှာ နိုင်ငံ​တော်အစိုး​ရကို တင်ပြမယ်။ အရင်း​အနှီး​ရ​အောင် ဘယ်လိုလုပ်သင့်​တယ်။ ပြည်ပနိုင်ငံ​တွေကလည်း​ ကျ​နော်တို့​ကို ဘယ်လို​တော့​ကူညီပါ။ အရင်း​အနှီး​တွေနဲ့​ ပတ်သက်လို့​ ဖြစ်​အောင် ပြဿနာအ​ပေါ်မှာ တတ်နိုင်သ​လောက် အ​ဖြေရှာပြီး​တော့​လုပ်ဖို့​ ရည်ရွယ်ထား​ပါတယ်။”

Advertisements
Categories: Farmer, Interview, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters