Home > Legislature, Pyidaungsu Hluttaw > နောက်နှစ်အတွက် ဘတ်ဂျက်ကို လွှတ်တော်တတိယ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး သွားမည်

နောက်နှစ်အတွက် ဘတ်ဂျက်ကို လွှတ်တော်တတိယ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး သွားမည်

ရွှေယင်းမာဦး
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ – ၄၊၁၁ ၊ ၂၀၁၁) (MT)

၂၀၁၂ ခုနှစ်၊ ဧပြီတွင် စတင်မည့် ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ရသုံး မှန်းခြေငွေစာရင်း (ဘတ်ဂျက်)ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး တွင် ဆွေးနွေးရမည်ဖြစ်ကြောင်း အောက်တို ဘာလ ၁၈ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်သဘင်ဆောင်၌ ပြုလုပ်သော ‘ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) ရေးဆွဲရေးနှင့် စပ်လျဉ်းသည့် ရှင်းလင်း ဆွေးနွေးပွဲ’၌ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေး အစီအစဉ် တစ်ရပ်အနေဖြင့် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၈ ရက် နေ့မှ ၂၀ ရက်နေ့အထိ နေ့စဉ် မွန်းလွဲပိုင်း၌ လွှတ်တော်သဘင်ဆောင်၌ ကျင်းပရာ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ် တော်နှစ်ရပ်စလုံးမှ လွှတ်တော်ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည် ထောင်စုအစိုးရက ပြည်ထောင်စုလွှတ် တော်ကိုသာ တိုက်ရိုက်တင်သွင်းရမည့် ဥပဒေကြမ်း သုံးမျိုးရှိသည့်အနက် ရသုံး မှန်းခြေငွေစာရင်း ဥပဒေကြမ်းလည်း အပါအ၀င်ဖြစ်သည့်အတွက် ဘတ်ဂျက် ရေးဆွဲပုံအဆင့်ဆင့်ကို နားလည် သဘောပေါက်စေရန် အဆိုပါရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောသည်။

ရသုံးမှန်းခြေငွေစာရင်း ဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးသည့်အခါ ပညာရပ်ဆိုင်ရာရှုထောင့်မှ ဆွေးနွေးနိုင် ကြရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များ အရည်အသွေးတည်ဆောက် ရေးလုပ်ငန်းများတွင် ဘတ်ဂျက်ရေးဆွဲ ခြင်းလုပ်ငန်းစဉ်ကိုပါ ထည့်သွင်းထားရ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်အားလုံး အတွေ့အကြုံရရှိစေဖို့အတွက် ယခုလို လွှတ်တော်ကာလမှာ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်အောင်မြင့်က ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း နိုင်ငံတော် ရသုံးမှန်း ခြေငွေစာရင်းဥပဒေကြမ်းသည် အလွန် အရေးကြီးပြီး လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်လည်း ဥပဒေပြုရေးနှင့် ပတ်သက်ပြီးရှိသင့်သည့် အရည်အချင်း ရှိ ရန်လိုအပ်ကြောင်း ယင်းအခမ်းအနား ၌ ပြောကြားသည်။

အချို့သော လွှတ်တော်ကိုယ်စား လှယ်များသည် ယင်းကဲ့သို့ အရည် အချင်းမျိုး မရှိသေးကြောင်း၊ ထို့ကြောင့် သိပြီးတတ်ပြီး နားလည်ပြီးသည့် ကိုယ် စားလှယ်များက ကျန်ပုဂ္ဂိုလ်များအား နားလည်ပေးရန် ၎င်းက တိုက်တွန်းပြော ကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ရာနှုန်း ပြည့်နီးပါးသည် လွှတ်တော်အတွေ့ အကြုံမရှိကြဘဲ ဗဟုသုတမှာလည်း နည်း ပါးနေကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ် စားလှယ်များ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိခြင်း၊ သင်တန်းပေးခြင်း များလည်း မရှိသေးကြောင်း သူရဦးရွှေမန်းက ပြော ကြားသည်။ “အခုလို အရည်အသွေးမြှင့်တင်ရေး အစီအစဉ်တွေဟာ မလွဲမသွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ် စားလှယ်များအတွက် အင်မတန်မှ တန်ကြေးရှိတဲ့ ရလဒ်များရမှာဖြစ်ပါ တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် ဘတ်ဂျက် ရေးဆွဲခြင်းနှင့်ပတ်သက်၍ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် နှင့် ပါမောက္ခများ၊ အဆင့်မြင့်ပညာဦးစီး ဌာနမှ အငြိမ်းစားအရာရှိများနှင့် စီမံ ကိန်း ရေးဆွဲရေးဌာနမှ ကျွမ်းကျင်သူများက ဆွေးနွေးခဲ့ကြပြီး အမေရိကန်အထက် လွှတ်တော် (ကွန်ဂရက်)က ဘတ်ဂျက် ရေးဆွဲပုံအပါအ၀င် ဘတ်ဂျက်နှင့်သက် ဆိုင်သော အကြောင်းအရာ များကို ရှင်းလင်းဆွေးနွေးကြသည်။

ပြည်သူ့လွှတ်တော်ငွေစာရင်း ကော် မတီဝင်ဖြစ်သူ ဦးစိုင်းသီဟကျော်က ယင်းသို့ ရှင်းလင်းပွဲများပြုလုပ်ပေးခြင်း အားဖြင့် ဘတ်ဂျက်ရေးဆွဲခြင်းကို ၀ိုင်း ၀န်းဆွေးနွေးရာတွင် အကျိုးရှိမည်ဟု ထင်ကြောင်း ပြောကြားသည်။

“ငွေစာရင်းကော်မတီအနေနဲ့က တင် သွင်းလာတဲ့ ဘတ်ဂျက်ကို စိစစ်မယ်။ သဘောတရားတွေကြိုတင်သိရှိပြီး ပိုပြီး တော့ အလုပ်တွေ ကောင်းကောင်းမွန် မွန်လုပ်နိုင်အောင်ဆိုတော့ အကျိုးရှိ မှာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်း ဆိုင်ရာ ဥပဒေကြမ်းအပါအ၀င် အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းများနှင့် အမျိုးသားစီမံကိန်း ဆိုင်ရာ ဥပဒေကြမ်း များကို ပြည်ထောင်စုအစိုးရက ပြည် ထောင်စုလွှတ်တော်သို့သာ တိုက်ရိုက် တင်သွင်းခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ ရသည်။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters