Home > Local NGOs, Public > လူငယ်ပရဟိတအဖွဲ့ စိန်ခနောက်တောင်သို့ တက်ရောက်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်

လူငယ်ပရဟိတအဖွဲ့ စိန်ခနောက်တောင်သို့ တက်ရောက်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်

ဖြိုးဝေကျော်
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ – ၄၊၁၁ ၊ ၂၀၁၁) (MT)

စိန်ခနောက်တောင်ခရီးစဉ်တွင် တောင်ပေါ်ရွာတစ်ရွာ၌ ဆရာဝန်တစ်ဦးက ကျန်းမာရေးစစ်ဆေးပေးနေစဉ်။
ဓာတ်ပုံ – ဖြိုးဝေကျော်

မန္တလေးမြို့မှ ပရဟိတလုပ်ငန်းကို စိတ်ပါဝင်စားသော လူငယ်များ
စုစည်းကာ မြို့အရှေ့ဖျားရှိ ပေ ၃,၀၀၀ ကျော် မြင့်မားသော စိန် ခနောက်တောင်သို့ တက်ရောက်၍ တောင်တက်ခရီးစဉ် တစ်လျှောက် အ၀တ်အထည်၊ ဆေးဝါး စသည့် အသုံးအဆောင်များ လှူဒါန်းခြင်းနှင့် ဆေးဝါးကုသခြင်းများလုပ်ဆောင် ခဲ့ကြောင်း သိရသည်။

“ပရဟိတလုပ်ငန်းကို ၀ါသနာပါတဲ့ လူငယ် အယောက် ၃၀ ကျော် လောက် စုပြီးသွားခဲ့ကြတာပါ။ အဲဒီမှာ အသက် ၅၀ ၀န်းကျင်ရှိတဲ့ ဆရာဝန်ကြီးနှစ်ဦး ကလည်း လူငယ်တွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး အပင်ပန်းခံ လိုက်ပါခဲ့ပါတယ်။ ကျွန်တော်တို့ တတ်နိုင် သလောက် စုစည်းယူလာခဲ့တဲ့ အ၀တ် အစား၊ ဆေးဝါး၊ ကျောင်းသုံး ဗလာ စာအုပ်နဲ့ ခဲတံလေးတွေကို တောင်တက် ခရီးစဉ်တစ်လျှောက် တွေ့ရတဲ့ရွာတွေ မှာ လှူခဲ့ပါတယ်။ ပြီးတော့ဆရာဝန်ကြီးတွေက လိုအပ်တဲ့ ဆေးဝါးကု သမှုတွေ လုပ်ပေးကြတယ်။ လူငယ်တွေ ကိုယ်နိုင်တဲ့ အတိုင်းအတာ လေးနဲ့ စုထည့်ပြီး သွားကြတာဖြစ်လို့ အများကြီး ထိထိရောက်ရောက် မလှူနိုင်ခဲ့ပေမယ့် အားလုံးပျော်ခဲ့ရပါတယ်”ဟု ခရီးစဉ်တွင် လိုက်ပါခဲ့သူ အသက် ၃၀ အရွယ်ရှိ ကိုကျော်သူရက ပြောသည်။

၎င်းအဖွဲ့မှာ ယခုလ ၁၄ ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ်ကာ တောင်တက် ခရီးစဉ်တစ်လျှောက်တွေ့ရသော မဖွံ့ဖြိုး သေးသော ရွာများ၌ နေထိုင်သူများမှာ ငှက်ဖျားရောဂါ အဖြစ်များသဖြင့် ငှက် ဖျားကာကွယ်ဆေးကို အဓိကပေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောသည်။

“တောင်ပေါ်မှာနေတဲ့သူတချို့ဆိုရင် တောင်ပေါ်ကိုရောက်ပြီး တော်တော်နဲ့ တောင်အောက်ကို ပြန်မဆင်းဖြစ်ကြတော့တာကို တွေ့ရပါတယ်။ အသက် ၇၀ ကျော်အဘွားတစ်ယောက်ဆို သူအပျို အရွယ်ကတည်းက ပြန်မဆင်းဖြစ်တော့တာတဲ့။ တချို့လည်း အစားအသောက် အတော်ချို့တဲ့တာကို တွေ့ရပါတယ်။ များသောအားဖြင့် မီးသွေးဖုတ်၊ ၀ါးခုတ်လုပ်ပြီး အသက်မွေးကြတယ်”ဟု ကိုညွန့်မင်းက ဆက်လက် ပြောသည်။

အဆိုပါလူငယ်များမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်လျက် တစ်ပတ်လျှင်တစ်ကြိမ် လူစုကာ အမှိုက် ကောက်ခြင်းနှင့် အလျင်းသင့်သလို ခရီး ထွက် လှူဒါန်းခြင်းများလုပ်ဆောင်ကြကြောင်း၊ ယခုတောင်တက်ခရီးစဉ်ကို မနွယ်နီက စီစဉ်ခဲ့ကာ ထပ်မံ သွားရောက် ရန် စိတ်ကူးရှိကြောင်းလည်း သိရသည်။

Categories: Local NGOs, Public
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters