Home > Economic, Gas and Oil > ဓာတ်ဆီဈေးနှုန်း ပြင်လျှင် ပြည်သူကို အသိပေးမည်

ဓာတ်ဆီဈေးနှုန်း ပြင်လျှင် ပြည်သူကို အသိပေးမည်

ဝေလင်းအောင်
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ – ၄၊၁၁ ၊ ၂၀၁၁) (MT)

ပြည်တွင်းထုတ် ဓာတ်ဆီဈေးကို ဈေးကွက်ပေါက်ဈေးဖြင့် ပြင်ဆင် ရောင်းချနိုင်ရန် သင့်လျော်သောအချိန်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးနှုန်းပြောင်းလဲမှုကို ပြည်သူများထံ ကြိုတင် အသိပေးကြေညာ၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးက ပြောကြားသည်ဟု နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။

ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ်၊၂,၅၀၀ နှုန်းဖြင့် တစ်ပြေးညီ သတ်မှတ် ရောင်းချစေခြင်းကြောင့် ပုဂ္ဂလိက လွှဲသည့်အချိန်မှစပြီး ကျပ် ၂၆ ဒသမ ၆၄ ဘီလျံခန့် အကုန်အကျခံကာ အရှုံးခံခဲ့ရသည်ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။

သို့သော်လည်း ပြည်သူများ အမှန် တကယ် အကျိုးမခံစားရခြင်း၊ လူတစ်စု တစ်ဖွဲ့သာ အကျိုးစီးပွား ဖြစ်ထွန်းခြင်း၊ တန်းစီ၍ မ၀ယ်နိုင်ပါက ပြင်ပမှ အရောအနှောဖြင့် ရောင်းချသည့် ဓာတ်ဆီကို ၀ယ်ယူ သုံးစွဲရခြင်း စသည်တို့ကို တွေ့ရကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေများကို အကျိုးရှိစွာ သုံးစွဲနိုင်ရန်အတွက် ပြည်တွင်းထုတ် ဓာတ်ဆီကို အရှုံးခံ၍ မရောင်းသင့်တော့ဘဲ ဖြစ်သင့်သည့် ဈေးနှုန်းဖြင့် ပြင်ဆင်သတ်မှတ် ရောင်းချသင့်ပြီဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ ထင်မြင်ယူဆကြောင်း ပြောသည်။

Categories: Economic, Gas and Oil
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters