Home > Legislature, State or Region Hluttaws > ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ စတင်တော့မည်

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ စတင်တော့မည်

ကျော်ဆုမွန်
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ – ၄၊၁၁ ၊ ၂၀၁၁) (MT)

ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်များ လာမည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း သိရ သည်။ လာမည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဦးအောင်ဆန်းနှင့် ဦးသက်ထွန်းမောင်တို့ နှစ်ဦး တက် ရောက်မည်ဖြစ်ကြောင်း ပါတီမှ ပြောခွင့် ရ ဦးခင်မောင်ဆွေက ပြောသည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေ စတော့မယ်ဆိုတော့ အခု ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် နဲ့ အမျိုးသား လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေး ပြီးတော့မယ်ဆိုတဲ့ သဘောပါပဲ” ဟု ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်မှာမူ ကျန် ဒေသများထက် အနည်းငယ် နောက်ကျ နိုင်ဖွယ်ရှိပြီး နိုဝင်ဘာလ ၄ ရက်နေ့ခန့်မှ စတင်နိုင်ဖွယ် ရှိသည်ဟု သိရသည်။

“ရန်ကုန်တိုင်းနဲ့ ပတ်သက်တာတွေပဲ အဓိကထားတင်မှာဆိုတော့ လောလော ဆယ်တော့ ဘာတွေတင်ဖြစ်မလဲဆိုတာ ပြောလို့မရ သေးဘူး” ဟု ဦးခင်မောင်ဆွေ က ပြောသည်။

ပြီးခဲ့သည့် ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၏ ရန်ကုန်တိုင်း ဒေသကြီးကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ်များ ဖြစ်ခဲ့ကာ ထိုပါတီမှ နုတ်ထွက်ပြီးနောက် ယခု အမျိုးသား ဒီမိုကရေစီပါတီသစ် ကို ထူထောင် ထားသည့် ပါတီမှ ဦးကျော်နှင့် ဒေါ်စန်း စန်းမြင့်တို့ကလည်း ပါတီသစ်အနေဖြင့် ပါဝင်မည်ဖြစ်ကြောင်း၊ လွှတ်တော် နှစ်ရပ်စလုံးအပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ပါ အကြောင်းကြားစာ ပို့ထားပြီးဖြစ်ကြောင်း ဦးကျော် က မြန်မာ တိုင်း(မ်)ကို ပြောသည်။

“အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက နုတ်ထွက်တာ ငါးဦးပါ။ လော လောဆယ် ဦးသိန်းညွန့်၊ ဦးဖုန်းမြင့်အောင်နဲ့ ဦးကြည်မြင့် တို့က နေပြည်တော် မှာ လွှတ်တော်တက်နေကြတယ်။ အဲဒီ ပါတီက ထွက်ပြီးတော့ တစ်သီးပုဂ္ဂလ အဖြစ် ရပ်တည်တယ်။ အခု ဒီပါတီသစ် တည်ထောင်ပြီးဖြစ်တဲ့အတွက် ဒီပါတီ က ကိုယ်စားလှယ်အနေနဲ့ ပါဝင်မယ် ဆိုတာကို စာပို့ အကြောင်းကြားပြီးပါပြီ” ဟု ဦးကျော်က ပြောသည်။

၎င်းက ပြောရာတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီးများ၏ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးသည် တစ်ပတ်ခန့် ကြာ မြင့်မည်ဟု ယူဆရကြောင်း၊ ယခင် ပထမ အကြိမ်ကထက် ပိုမိုဆွေးနွေး အတည်ပြု ကြလိမ့်မည်ဖြစ်ကြောင်း ပြောသည်။

ဒီမိုကရက်တစ်ပါတီမှဥက္ကဋ္ဌ ဦးသုဝေ ကလည်း ပါတီမှ ဦးမြင့်ကြည်နှင့် ဒေါက်တာညိုညိုသင်းတို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အဆိုများတင် သွင်းရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း ပြောသည်။

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters