Home > China, International > ပိုမိုရင်းနှီးမြှုပ်နှံသွားကြရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်

ပိုမိုရင်းနှီးမြှုပ်နှံသွားကြရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်

ဝင်းညွန့်လွင် (နန်နင်းမှ ပေးပို့သည်)
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ – ၄၊၁၁ ၊ ၂၀၁၁) (MT)

မြန်မာအစိုးရသစ်အနေဖြင့် ယခုအချိန်တွင် မူဝါဒသစ်များ ချမှတ်အကောင်အထည်ဖော် နေသောကာလဖြစ်သည့်အလျောက် ယခု အချိန်အခါသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု များ ပိုမိုဆောင်ရွက်ကြရန် အခွင့်အခါကောင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချ စွာ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်း တရုတ် နိုင်ငံ၊ နန်နင်းမြို့တွင် ယခုလ ၂၁ ရက်မှ ၂၆ ရက်အထိ ကျင်းပ သည့် ရှစ်ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲတွင်း ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် မြန်မာအစိုးရအရာရှိများက နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအား တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စိုက်ပျိုးရေးဆိုင်ရာများတွင် ပူး ပေါင်းဆောင်ရွက်ခြင်း၊ အထွက်နှုန်းမြင့်မားစေရေး အဆင့်မြင့် နည်းပညာများ အသုံးပြုခြင်းနှင့် စိုက်ပျိုးရေး အခြေခံ အဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံရန် တိုက်တွန်းလိုက်ပြီး ထိုသို့ ရင်းနှီး မြှုပ်နှံခြင်းဖြင့် နှစ်နိုင်ငံ အကျိုးစီးပွားကို ပိုမိုဖြစ် ထွန်းစေမည် ဖြစ်ကြောင်း ပြောသည်။

ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့အထိ စာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလျံဖြင့် ရင်းနှီး မြှုပ်နှံမှုတွင် အဓိကနေရာ၌ရှိနေကြောင်း ဦးဝင်းမြင့်က ပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ကုမ္ပဏီများ မှတ်ပုံတင် ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကလည်း မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ သားငါး ထုတ်လုပ်မှု၊ သစ်တော၊ စွမ်းအင်နှင့် ခရီးသွားလာ ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိကြောင်း အောက်တို ဘာလ ၂၂ ရက်နေ့တွင်ပင် ကျင်းပသည့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒများ ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ပြီးခဲ့သည့်မေလအထိ စာရင်းများအရ မြန်မာ နိုင်ငံတွင် ၃၁ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၄၅၀ ကျော်က ဒေါ်လာ ၃၆ ဘီလျံခန့် ရင်းနှီး မြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၄၀ ရာခိုင်နှုန်းမှာ စွမ်းအင်ကဏ္ဍနှင့် ၃၈ ရာခိုင် နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းများတွင်သာဖြစ်သောကြောင့် ကုန်စည် ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြရန် ဖိတ်ခေါ်လိုကြောင်း ၎င်းက ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု၏ ၅၄ ရာခိုင်နှုန်းမှာ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့တွင် ၃၁ ရာခိုင်နှုန်းဖြစ်ရာ အခြားသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်လာကြရန် ဖိတ်ခေါ်ပါကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

တရုတ်လုပ်ငန်းရှင်တစ်ဦးက မြစ်ဆုံစီမံကိန်းအား ကိုးကားကာ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အာမခံချက်များ ပေးနိုင်မှုအပေါ် မေးခွန်းထုတ်ခဲ့ခြင်းကို ၎င်းက တရုတ်နိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံမှု အဆိုပါ ရေအား လျှပ်စစ်စီမံကိန်းကို ပြည်သူ လူထု၏ စိုးရိမ်ပူပန်မှုအရ မြန်မာအစိုးရက ရပ်ဆိုင်းထားခြင်းဖြစ်သော်လည်း တရုတ်လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံတွင် စိတ်ချ ယုံကြည်စွာ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်း ဦးအောင်နိုင်ဦးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

Categories: China, International
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters