Home > Government, Police Force > တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ

တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ

Thursday, 27 October 2011 21:56 သျှမ်းသံတော်ဆင့်
တရုတ်နယ်စပ်ဘက် တင်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများသယ်ဆောင်လာသည့် စိတ် ကြိုက် မော်တော် ယာဉ်လိုင်းပိုင်မှန်လုံယာဉ် တစ်စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အောက်တိုဘာ ၂၄ ရက်နေ့ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

kmyat

kmyatဓါတ်ပုံ (www.hin4ooe.com)

အဆိုပါ မှန်လုံယာဉ်ပေါ်တွင် ကျောက်စိမ်း အလေးချိန်ကီလို ၉၀၀ ခန့် နှင့် သင်းခွေချပ်အပါအဝင်သစ်တော ထွက်ပစ္စည်း တခိျု့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၄င်းယာဉ်အား ထိန်းသိမ်းထားကြောင်း ၁၀၅ မိုင် ၀န်ထမ်းအသိုင်း အဝိုင်းမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။“ကျောက်စိမ်းက ကီလို ၉၀၀ ပေါ့  တစ်တန်လောက်ရှိတယ် သင်းခွေချပ်နဲ့ သစ်တောထွက်ပစ္စည်းတွေပါ တယ်။ လောလောဆယ်နှစ်ဘက်ညှိနေတုန်းပဲ၊ ယာယီထိန်းသိမ်းထားတာပေါ့၊ ကားသိမ်းတဲ့ အဆင့်တော့ မရှိသေးဘူး ” ဟု ၀န်ထမ်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။မူစယ်နှင့် မန္တလေး အကြား လိုင်းပြေးဆွဲနေသည့် စိတ်ကြိုက်မော်တော်ယာဉ်လိုင်းကို ယခင် ရမခတိုင်းမှူးမှ ကစထမှူးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၏ ညီတော်သူ ဗိုလ်မှူးအောင်လင်းထွဋ် ပိုင်ဆိုင်ကြောင်း သိရသည်။

Advertisements
Categories: Government, Police Force
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters