Home > Economic, Gas and Oil > စက်သုံးဆီဆိုင် ၃၁၄ ဆိုင် လိုအပ်ချက်ရှိသဖြင့် ဖွင့်လှစ်ခွင့်မပြုသေး

စက်သုံးဆီဆိုင် ၃၁၄ ဆိုင် လိုအပ်ချက်ရှိသဖြင့် ဖွင့်လှစ်ခွင့်မပြုသေး

တည်တံ့
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ – ၄၊၁၁ ၊ ၂၀၁၁)

အသစ်ဖွင့်လှစ်ရောင်းချရန် အဆိုပြုလွှာ တင်ထားသည့် စက်သုံးဆီဆိုင် ၃၁၄ ဆိုင်မှာ ဆောင်ရွက်ရန် လိုအပ်ချက်များ ရှိနေသဖြင့် အသစ်ဖွင့်လှစ်ခွင့် မပြုသေး ပါကြောင်း ယခုလ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်ဟု နိုင်ငံပိုင်မီဒီယာများ တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စက်သုံးဆီ ဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့ အပြီး အပိုင် ရောင်းချပေးခဲ့ကြောင်း၊ အဆိုပါ ဆိုင်များအပြင် စက်သုံးဆီအရောင်းဆိုင် သိုလှောင်ဖြန့်ဖြူးရေးစခန်းများ အသစ် တည်ဆောက်လုပ်ကိုင်လိုသူများ၊ လက်ရှိ စက်သုံးဆီရောင်းချ လိုသူများ နိုင်ငံပိုင် ပစ္စည်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မ ရှင်သို့ စက်တင်ဘာလကုန်အထိ အဆို ပြုလွှာ တင်ပြလျှောက်ထားသည့် အရောင်းဆိုင် စုစုပေါင်း ၄၄၄ ဆိုင် ရှိပြီး ၎င်းတို့ထဲမှ အသစ်ဖွင့်လှစ်ခွင့်ပြု ရောင်းချသည့် ဆိုင်ပေါင်း ၁၃၀ ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် စက်သုံးဆီ ၃၁၄ ဆိုင် ဖွင့်လှစ်ရန်အတွက် အချက်အချာကျ သည့် နေရာများ၌ စက်သုံးဆီအရောင်း ဆိုင်သစ်များ တည်ဆောက်ဖွင့်လှစ်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များထံ အကြံ ပြုချက်များ တောင်းခံခဲ့ရာ နိုင်ငံတစ်ဝန်း လုံး ဆိုင်သစ်ဖွင့်လှစ်ရန် ၄၈၂ နေရာကို အကြံပြုပြန်ကြားလာခဲ့ကြောင်း၊ စီးပွား ရေးအရ တွက်ခြေကိုက်သည့်နေရာ၊ အမှန်တကယ် လိုအပ်သည့်နေရာများ၌ လုပ်ငန်းလုပ်ကိုင်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် တိုင်းဒေသကြီး ရောင်းဝယ်ရေးအရာရှိရုံးများသို့ ညွှန် ကြားခဲ့ကြောင်း သိရသည်။

Categories: Economic, Gas and Oil
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters