Home > Diplomatic, Government > မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ် ထူထောင်သည့် နိုင်ငံ ၁၀၂ နိုင်ငံရှိ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံ ၃၃ နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထား

မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ် ထူထောင်သည့် နိုင်ငံ ၁၀၂ နိုင်ငံရှိ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံ ၃၃ နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထား

Wednesday, 22 December 2010 10:28  Eleven Media Group.

မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ် ထူထောင်သည့် နိုင်ငံ ၁၀၂ နိုင်ငံရှိပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ နိုင်ငံ ၃၃ နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နိုင်ငံများမှာ ဗင်နီဇွဲလား၊ ပါပူဝါနယူးဂီနီ၊ ဘရူနိုင်းဒါ ရုဆလမ်၊ ဂါနာ၊ တောင်အာဖရိက၊ ကင်ညာ၊ ကူဝိတ်၊ ယူကရိန်း၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ တာ့ခ်မင်နစ္စတန်၊ ခရိုအေးရှား၊ ဘယ်လာရုစ်၊ ကာဇာကစ္စတန်၊ တာဂျီကစ္စတန်၊ ဂျမေကာ၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ ဥရုဂွေး၊ မက်ဆီဒိုးနီးယား၊ အိုင်ယာလန်၊ ဆူဒန်၊ ဆော်ဒီအာရေး ဗီးယား၊ ကာတာ၊ အရှေ့တီမော၊ မွန်တီနီဂရိုး၊ ဆလိုဗေးနီးယားပြည်ထောင်စု၊ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ အင်ဒိုရာ၊ ဇင်ဘာဘွေ၊ ဘာရိန်း၊ ဖီဂျီ၊ အိုမန်နိုင်ငံ တို့ ဖြစ်ကြောင်း သိရသည်။
ယင်းနိုင်ငံများအနက် နိုင်ငံ ကိုးနိုင်ငံမှာ ၁၉၉၉ ခုနှစ်တွင် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး အစောဆုံး ထူထောင်ခဲ့သည့် နိုင်ငံ ၁၀ နိုင်ငံမှာ ဗြိတိန်၊ ပါကစ္စတန်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ရုရှားပြည်ထောင်စု၊ ပြင်သစ်၊ ထိုင်း၊ နယ်သာလန်၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှား နိုင်ငံတို့ ဖြစ်ကြပြီး သံတမန် ဆက်ဆံရေး အစောဆုံး ထူထောင်ခဲ့သည့် ဗြိတိန်နိုင်ငံနှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာရှနှင့် အာဖရိက နိုင်ငံများ ဖြစ်သည့် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်အာဖရိက၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်၊ ဥရောပ နိုင်ငံများ ဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ ရုရှား၊ ဆားဘီးယား၊ ဗြိတိန်နှင့် ဆွစ်ဇာလန်၊ အမေရိကတွင် ဘရာဇီး၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု တို့တွင် သံရုံးများနှင့် အမြဲ တမ်း ကိုယ်စားလှယ် အဖွဲ့ရုံးများ ဖွင့်လှစ်ထားသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝါဒတွင် အချက် ရှစ်ချက် ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အစောဆုံး သံတမန် အဆက်အသွယ် ထူထောင်သည့် နိုင်ငံ (၁၀) နိုင်ငံ
စဉ် နိုင်ငံ သံတမန်ဆက်ဆံရေး
ထူထောင်သည့်ရက်
၁။ ဗြိတိန် ၇-၇-၁၉၄၇
၂။ ပါကစ္စတန် ၁-၈-၁၉၄၇
၃။ အမေရိကန် ပြည်ထောင်စု ၁၉-၉-၁၉၄၇
၎။ အိန္ဒိယ ၄-၁-၁၉၄၈
၅။ ရုရှားပြည်ထောင်စု ၁၈-၂-၁၉၄၈
၆။ ပြင်သစ် ၂၈-၂-၁၉၄၈
၇။ ထိုင်း ၂၄-၈-၁၉၄၈
၈။ နယ်သာလန် ၁၉၄၈
၉။ သီရိလင်္ကာ ၇-၆-၁၉၄၉
၁၀။ အင်ဒိုနီးရှား ၂၇-၁၂-၁၉၄၉
၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ် ထူထောင်သည့် နိုင်ငံများ
စဉ် နိုင်ငံ သံတမန်ဆက်ဆံရေး
ထူထောင်သည့်ရက်
၁။ ဗင်နီဇွဲလား ၂၀-၁၁-၁၉၉၀
၂။ ပါပူဝါနယူးဂီနီ ၂၄-၇-၁၉၉၁
၃။ ဘရူနိုင်းဒါရုဆလမ် ၂၁-၉-၁၉၉၃
၎။ ဂါနာ ၁၃-၁-၁၉၉၅
၅။ တောင်အာဖရိက ၂၀-၄-၁၉၉၅
၆။ ကင်ညာ ၂၆-၉-၁၉၉၇
၇။ ကူဝိတ် ၁၆-၁၂-၁၉၉၈
၈။ ယူကရိန်း ၁၉-၁-၁၉၉၉
၉။ အဇာဘိုင်ဂျန် ၃-၈-၁၉၉၉
၁၀။ ဂျော်ဂျီယာ ၁၆-၈-၁၉၉၉
၁၁။ တာ့ခ်မင်နစ္စတန် ၂၆-၈-၁၉၉၉
၁၂။ ခရိုအေးရှား ၃-၉-၁၉၉၉
၁၃။ ဘယ်လာရုစ ၂၂-၉-၁၉၉၉
၁၄။ ကာဇာကစ္စတန် ၂၃-၉-၁၉၉၉
၁၅။ တာဂျီကစ္စတန် ၂၉-၉-၁၉၉၉
၁၆။ ဂျမေကာ ၆-၁၂-၁၉၉၉
၁၇။ ကာဂျစ်စတန် ၉-၁၁-၂၀၀၀
၁၈။ ဥဇဘက်ကစ္စတန် ၈-၂-၂၀၀၁
၁၉။ ဥရုဂွေး ၂၂-၂-၂၀၀၁
၂၀။ မက်ဆီဒိုးနီးရား ၉-၇-၂၀၀၃
၂၁။ အိုင်ယာလန် ၁၀-၂-၂၀၀၄
၂၂။ ဆူဒန် ၂၀-၅-၂၀၀၄
၂၃။ ဆော်ဒီအာရေးဗီးယား ၂၅-၈-၂၀၀၄
၂၄။ ကာတာ ၂၆-၉-၂၀၀၅
၂၅။ အရှေ့တီမော ၂၂-၇-၂၀၀၆
၂၆။ မွန်တီနီဂရိုး ၂၇-၁၁-၂၀၀၆
၂၇။ ဆလိုဗေးနီးယားပြည်ထောင်စု ၁၈-၁၂-၂၀၀၆
၂၈။ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (သံတမန်ဆက်ဆံရေး
ပြန်လည်ထူထောင်ခြင်း ဖြစ်သည်။)
၁၁-၂-၂၀၀၉
၂၉။ အင်ဒိုရာ ၁၁-၂-၂၀၀၉
၃၀။ ဇင်ဘာဘွေ ၂၇-၈-၂၀၀၉
၃၁။ ဘာရိန်း ၁၀-၁၁-၂၀၀၉
၃၂။ ဖီဂျီ ၁၀-၅-၂၀၁၀
၃၃။ အိုမန် ၁၄-၁၂-၂၀၁၀
Categories: Diplomatic, Government
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

– လှုပ်ခတ်နေသောမှတ်စုများ (DVB) –

Categories

free counters